နေ့စဥ်သတင်း

မူးယစ်ဆေးသုံးပြီး ရွာသားတွေကို လူသားဒိုင်းပြုလုပ်လာတဲ့ စစ်ကောင်စီ၊ PNO က ပင်ငို ၊ နောင်ကျော၊ဖြီကျွတ် တိုက်ပွဲမှာ ၁၃၀ သေဆုံး

မဲခေါင် 18 Jan - 2025
မဲခေါင်၊ ဇန်ဝါရီ ၁၈ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အင်အား ၁၃၀ ခန့်သေဆုံးကြောင်း PNLA က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အင်အား ၅၀၀ ခန့်ကို စစ်ကြောင်း လေးကြောင်းခွဲကာ ထိုးစစ်ဆင်လာတာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ စစ်ကောင်စီဟာ လေယာဉ်နဲ့ ပစ်ကူပေးပြီး မြေပြင်မှာ ပအို့ဝ်ရွာသားတွေကို လူသားဒိုင်းပြုလုပ်ကာ မနေ့က (ဇန်နဝါရီလ ၁၇) ဆီဆိုင်မြို့နယ်၊ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ၊ ဖြီကျွတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပင်ငိုကျေးရွာနဲ့ နောင်ကျောကျေးရွာ အနီးမှာ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO ဘက်က

မဲခေါင်၊ ဇန်ဝါရီ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ နဲ့ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အင်အား ၁၃၀ ခန့်သေဆုံးကြောင်း PNLA က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အင်အား ၅၀၀ ခန့်ကို စစ်ကြောင်း လေးကြောင်းခွဲကာ ထိုးစစ်ဆင်လာတာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

စစ်ကောင်စီဟာ လေယာဉ်နဲ့ ပစ်ကူပေးပြီး မြေပြင်မှာ ပအို့ဝ်ရွာသားတွေကို လူသားဒိုင်းပြုလုပ်ကာ မနေ့က (ဇန်နဝါရီလ ၁၇) ဆီဆိုင်မြို့နယ်၊ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ၊ ဖြီကျွတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပင်ငိုကျေးရွာနဲ့ နောင်ကျောကျေးရွာ အနီးမှာ တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO ဘက်က အင်အား ၃၀ ကျော် သေဆုံးကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ဖြီကျွတ်ကျေးရွာအနီးက တောင်နှစ်လုံးကြားမှာ PNLA တပ်ဖွဲ့နဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီနဲ့ PNO ဘက်က ၁၀၀ ကျော် ဖြီကျွတ်ရွာတောင်ယာတဲမှာ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

PNLA ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်အောင်မန်းက “စစ်ကောင်စီနဲ့ PNO က ဆီဆိုင်မြို့နယ် ပြန်လည်စိုးမိုးရေးအတွက် ထိုးစစ်ဆင်နေတဲ့အနေအထား ဖြစ်ပါတယ်” လို့ မဲခေါင်ကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၈၀ ရာခိုင်နှုန်းခန့်ဟာ PNO ပအို့ဝ်ပြည်သူ့စစ်တွေဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ PNLA က နောက်ဆက်တွဲ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေတွင်းမှာ စစ်ကောင်စီနဲ့ PNO ဘက်က စိတ်ကြွဆေးအသုံးပြုကာ တိုက်ခိုက်ကြတယ်လို့ PNLA က ယူဆပါတယ်။

“မြေပြင်ထိုးစစ်မှာ ပအို့ဝ်လူထုကို အလှည့်ကျနဲ့စေခိုင်းတဲ့အတွက် အကျအဆုံးများနေတာလည်း တွေ့နေရပါတယ်၊ အတင်းအကြပ်ခိုင်းစေခံရတဲ့ ပအို့ဝ်ရွာသားတွေကို စိတ်ကြွဆေးကျွေးပြီး တက်ခိုင်းတဲ့ပုံစံ တွေ့နေရတယ်၊ သူတို့ခိုင်းတဲ့အတိုင်း မလုပ်ရင် ပစ်သတ်တာလည်း ကြားနေရပါတယ်” လို့ ဗိုလ်မှူးကြီးခွန်အောင်မန်းက မဲခေါင်ကိုပြောပါတယ်။

ဒီနေ့(ဇန်နဝါရီ ၁၈) မနက်ပိုင်းမှာလည်း စစ်ကောင်စီက ဆီဆိုင်မြို့နယ်၊ လွယ်ချယ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ကာ ဗုံးသီး လေးလုံး ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ဆီဆိုင်မြို့အရှေ့ခြမ်းက ပအို့ဝ်ကျေးရွာတွေကို ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ဆီဆိုင်မြို့ ရွှေတဂူကျေးရွာအနီးက စစ်ကောင်စီတပ်နဲ့ PNO တပ်စွဲထားရာ အခြေစိုက်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်တွေကို ဆက်တိုက်ပြုလုပ်လာတာပါ။

ဇန်နဝါရီလ ၁၃ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ PNLA တပ်တွေ ဆီဆိုင်မြို့နယ် ထီစုံကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PNLA တပ်ဖွဲ့ဝင် ငါးဦးကို PNO က သတ်ပစ်ခဲ့တာနဲ့ ဇန်နဝါရီလ ၁၄ ရက်မှာ ဆီဆိုင်မြို့နယ် နောင်ထောဝ်ရွာဓမ္မာရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလထဲမှာ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ မြေပြင်နဲ့လေကြောင်း ပူးပေါင်းထိုးစစ်ကြောင့် တော်လှန်ရေးဘက်က ပြန်လည်လက်လွှတ်ပေးခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်ကမ်းနေရာတွေမှာ PNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာ သတင်းတစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

MK – 016/MK -017
#MeKongNews
#PNLA
#PNO
#စစ်ကောင်စီ
#၁၃၀သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now