နေ့စဥ်သတင်း

ရှမ်းပြည်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ မူးယစ်ဆေး ၉ ရက်အတွင်း ၁၆ ကြိမ် ဖမ်းမိ

မဲခေါင် 17 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁၇ ရှည်းပြည်အတွင်းအပါအဝင် ရှမ်းပြည်ကနေ ထိုင်းနိုင်ငံ၊ ရှမ်းပြည်ကနေ ရန်ကုန်ဘက်ကိုပို့ဆောင်မယ့် မူးယစ်ဆေးဝါးမျိုးစုံသယ်ဆောင်သူနဲ့ ရောင်းချသူတွေကို စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က အခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ၉ ရက်အထိ ၁၆ ကြိမ် ဖမ်းမိကြောင်း သူတို့ရဲ့နေ့စဉ်သတင်းတွေအရ သိရပါတယ်။ ဇန်နဝါရီ ၁ ရက်မှာကျပ် ၁ ဒဿမ ၃၆၅ တန်ဖိုး၊ ၃ ရက်မှာသုံးကြိမ်ဖမ်းမိရာ ကျပ်၂၈ သန်းဖိုး၊ ကျပ် ခုနှစ်သိန်းဖိုးနဲ့ကျပ် ၁၆၀၇ တန်ဖိုး၊ ၄ ရက်နဲ့ ၅ ရက်မှာ နှစ်ကြိမ်ဖမ်းမိရာမှာ ကျပ် ၆၅၀၀ တန်ဖိုး၊ ၆ ရက်မှာနှစ်ကြိမ်ဖမ်းမိရာ ကျပ် ၂၅၃

မဲခေါင်၊ ဇန်နဝါရီ ၁၇

ရှည်းပြည်အတွင်းအပါအဝင် ရှမ်းပြည်ကနေ ထိုင်းနိုင်ငံ၊ ရှမ်းပြည်ကနေ ရန်ကုန်ဘက်ကိုပို့ဆောင်မယ့် မူးယစ်ဆေးဝါးမျိုးစုံသယ်ဆောင်သူနဲ့ ရောင်းချသူတွေကို စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က အခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ၉ ရက်အထိ ၁၆ ကြိမ် ဖမ်းမိကြောင်း သူတို့ရဲ့နေ့စဉ်သတင်းတွေအရ သိရပါတယ်။

ဇန်နဝါရီ ၁ ရက်မှာကျပ် ၁ ဒဿမ ၃၆၅ တန်ဖိုး၊ ၃ ရက်မှာသုံးကြိမ်ဖမ်းမိရာ ကျပ်၂၈ သန်းဖိုး၊ ကျပ် ခုနှစ်သိန်းဖိုးနဲ့ကျပ် ၁၆၀၇ တန်ဖိုး၊ ၄ ရက်နဲ့ ၅ ရက်မှာ နှစ်ကြိမ်ဖမ်းမိရာမှာ ကျပ် ၆၅၀၀ တန်ဖိုး၊ ၆ ရက်မှာနှစ်ကြိမ်ဖမ်းမိရာ ကျပ် ၂၅၃ သိန်းတန်ဖိုးနဲ့ ၇၂ သိန်းတန်ဖိုး၊ ၇ ရက်မှာ နှစ်ကြိမ်ဖမ်းမိရာ ကျပ် ၅၆ သိန်းနဲ့ ကျပ်သိန်း ၁၂၀၀ နဲ့ ကျပ်သိန်း ၁၂၀ တန်ဖိုး၊ ၈ ရက်မှာ ကျပ်သိန်း ၁၂၀၀ တန်ဖိုး၊ ၉ ရက်မှာ သုံးကြိမ်ဖမ်းမိခဲ့ရာ ကျပ် ၉ သိန်း၊ ကျပ်သိန်း ၄၀ နဲ့ကျပ် ၂၁၂၆ ဒဿမ ၆၅ သိန်းတန်ဖိုး။

ဇန်နဝါရီ ၁ ရက်၊ ညနေ ၆ နာရီခန့်က ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီး မိုင်းပျဉ်းမှ ကျိုင်းတုံဘက်ကို စိုင်းခမ်းခုံး(ခ)အိုက်ခုံးနဲ့ ကြာဦးတို့မောင်းနှင်လာတဲ့ HINO ၁၂ ဘီးယာဉ်ပေါ်ကကျပ် ၁ ဒသမ ၃၆၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၂၆၀ တုံး၊ အလေးချိန် ၉၁ ကီလို သိမ်းဆည်းရမိခဲ့ရာ အဲ့ဒီမူးယစ်ဆေးတွေကို ရှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်ကနေ တာချီလိတ်မြို့နယ်ကို ပို့ဆောင်မယ်လို့ ဖမ်းမိသူတွေက ထွက်ဆိုပါတယ်။

ဇန်နဝါရီလ ၃ ရက်၊ မနက် ၉ နာရီခန့်က တာချီလိတ်မြို့နယ်၊ ပါကွေ့(အောက်)ကျေးရွာအနီးမှာ လမ်းလျှောက်လာသူ ပေါလို့ ထံက ကျပ် ၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ဖမ်းမိခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်၊ ည ၇ နာရီခန့်က တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ဝင်းကိုကို ထံကကျပ် ၇ သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ဖမ်းဆီးခဲ့ပါတယ်။

ဝင်းကိုကိုရဲ့ ထွက်ဆိုချက်အရ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်စမ်းလမ်းရှိ နေအိမ်ခြံဝင်းအတွင်းက ကျပ် ၁,၆၀၇ သိန်း တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၁,၄၀၀ ပြားဖမ်းမိပါတယ်။

ဇန်နဝါရီ၊ ၄ ရက်၊ ညနေ ၅ နာရီခွဲခန့်က တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအနီး တောင်ကြီးမှ TOYOTA MARK II မောင်းနှင်လာတဲ့ ဟန်လင်းကျော် နဲ့ မယွန်းသီရိကျော်ထံက စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိပါတယ်။

သူတို့ရဲ့ထွက်ဆိုချက်အရ ဇန်နဝါရီ ၅ ရက်၊ နံနက် ၁၁ နာရီခန့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးမှာ တောင်ကြီးဘက်ကနေ ဇော်ဇော်အောင်(ခ)ထက်အောင် မောင်းနှင်ပြီး သန်းထွန်း နှင့် ကျော်ဝင်း(ခ)ဘလိ တို့လိုက်ပါလာတဲ့ CRV ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်းဖမ်းမိခဲ့။ ဖြစ်စဉ်နှစ်ခုပေါင်း စိတ်ကြွဆေးပြား ၇ သိန်းကို ကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိတယ်လို့ဖေါ်ပြထားပါတယ်။

ဇန်နဝါရီ ၆ ရက်၊ မနက် ၁၁ နာရီခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြို့ပတ်လမ်းမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အေးဖေ (ခ)အင်းသားထံက ကျပ် ၂၅၃ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂၃၀ ဂရမ်ဖမ်းမိပါတယ်။

အေးဖေရဲ့ထွက်ဆိုချက်အရ ည ၁၁ နာရီခွဲမှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ဟိုတယ်မှာ ထွန်းထွန်းနိုင်(ခ) အားဖူထံကနေ ဒေသကာလပေါက်ဈေးနဲ့ကျပ် ၁၉၁၄ သိန်းတန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁ ဒဿမ ၇၄ ကီလို၊ ကျပ်သိန်း ၁၀၀ တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၁ ကီလို၊ ကျပ် ၇၂ သိန်းတန်ဖိုးရှိ အက်တက်စီဆေးပြား ၁၈၀ ကိုဖမ်းမိပါတယ်။

ဇန်နဝါရီ ၇ ရက် ၊ ညနေ ၃ နာရီခန့်က ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့သစ်ရပ်၊ ချယ်ရီလမ်းသွယ်(၁၁)နေ စိုင်းယီတစ်(ခ)ယီနွဲ့ ရဲ့နေအိမ်ထဲကနေ ကျပ် ၅၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ဖမ်းမိခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက်၊ နေ့လယ် ၁ နာရီခန့်က ရှမ်းပြည်၊တောင်ကြီးမြို့ဘက်ကမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ကို သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးမှာ စစ်ဆေးခဲ့ရာ ခရီးသည် မအေးသိန်း နဲ့ မတင့်တင့်ထွန်း တို့ထံက ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ဖမ်းမိခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်၊ မနက် ၁၁နာရီခွဲခန့်က အချိန် ရှမ်းပြည်၊ ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်၊ နေရဲလင်းရဲ့ နေအိမ်အတွင်းက ကျပ် ၉သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ဖမ်းမိပါတယ်။

နေရဲလင်းထွက်ဆိုချက်အရ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ရပ်စောက်မြို့၊ဇော်ဂျီရပ်ကွက်မှာ ကျော်ကျော်လတ်(ခ)ဖင်လန်ဆီက ကျပ်သိန်း ၄၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ဖမ်းမိပါတယ်။

ဇန်နဝါရီ ၉ ရက်၊ ညနေ ၅ နာရီခွဲခန့်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ရေခြံ(၁)လမ်းနေ စိုင်းထက်ဦးအောင်(ခ)အိုရားမားရဲ့ နေအိမ်အတွင်းက ကျပ် ၂၁၂၆ ဒဿမ ၈၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁ ဒဿမ ၉၃၃၅ ကီလို ဖမ်းမိပါတယ်။

ဇန်နဝါရီ ၇ ရက်၊ ည ၁၁ နာရီ မိနစ် ၅၀ ခန့်မှာ တောင်ကြီးဘက်က မောင်းနှင်လာတဲ့ကားကို သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရွာအနီးမှာစစ်ဆေးရာ ခရီးသည် မမူမျိုးစန္ဒာဝင်း နဲ့ မနန်းရီမူ တို့ထံက ကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ဖမ်းမိပါတယ်။

ဇန်နဝါရီ ၉ ရက်၊ ညနေ ၆ နာရီခန့်က ကလောမြို့နယ်၊ ရေယောင်းမကျေးရွာအနီးမှာဆိုင်ကယ်မောင်းလာတဲ့ သန်းထွေး(ခ)သန်းထိုက်ထံက ကျပ်သိန်း ၁၂၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၄၀၀၀ ကိုဖမ်းမိပါတယ်။

#MeKongNews
#ရှမ်းပြည်အတွင်း
#ရန်ကုန်
#ထိုင်းနိုင်ငံ
#မူးယစဆေးမျိုးစုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now