ဂျပန်ပရဟိတအသင်း နီပွန်ဖောင်ဒေးရှင်း၏ဥက္ကဌ ယိုဟဲအီ ဆာဆာကာဝါ၏ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံတွင် ပြန်လည်ရင်ကြားစေ့ရန် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်အနေဖြင့် သွားရောက်ခြင်းမဟုတ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက အင်္ဂါနေ့တွင်ပြောသည်။
အမေရိကန်သတင်းစာဆရာ ဒန်နီ ဖန်စတာကိုပြန်လွှတ်ပေးရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိင်ကိုတောင်းဆိုသူများတွင် ဆာဆာကာဝါပါဝင်ကြောင်း သတင်းများတွင်ဖော်ပြပြီးနောက် ဝန်ကြီး ဟာယာရှီက ယခုမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ဆာဆာကာဝါနှင့် ဂျပန်အစိုးရ အဆက်အဆံရှိခဲ့ကြောင်း ဟာယာရှီကပြောသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်မပြောခဲ့ချေ။