နေ့စဥ်သတင်း

စစ်ကောင်စီကို စစ်ကြေညာတဲ့ TNLA ကို တော်လှန်ရေးအင်အားစုတွေ သဝဏ်လွှာပေးပို့၊ အာဏာရှင်ကို ဟန်ချက်ညီညီတိုက်ထုတ်သွားမယ်လို့ ကတိပြု

မဲခေါင် 12 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁၂ တော်လှန်ရေးခရီး (၆၂)နှစ်ပြည့် ဒီကနေ့(ဇန်နဝါရီ၁၂)မှာ စစ်ကောင်စီကို စစ်ကြေညာလိုက်တဲ့ TNLA ကို ညီနောင်မဟာမိတ်တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေက ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြရာမှာ အာဏာရှင်စစ်ကောင်စီကို ဟန်ချက်ညီညီတိုက်ထုတ်သွားမယ်လို့ ကတိပြုကြပါတယ်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ပလောင်အမျိုးသားတပ်ဦး-PNF အမည်နာမနဲ့ စတင်ခဲ့တဲ့ တအာင်းပြည်တော်လှန်ရေး ဟာ ဒီကနေ့( ဇန်နဝါရီလ ၁၂)မှာ (၆၂)နှစ်မြောက်ပြီ ဖြစ်ပါတယ်။ တအာင်းအမျိုးသားတော်လှန်ရေး အခမ်းအနားနေ့ကို ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ အာရက္ခတပ်တော်-AA ၊ ကိုးကန့်တပ်မတော် MNDAA ၊ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ-CRPH ၊ ဓနုတပ်တော် DPLF/DPLA ၊ ကျောင်းသားလက်ရုံးတပ်တော်-SAF နဲ့ မန္တလေး

မဲခေါင်၊ ဇန်နဝါရီ ၁၂

တော်လှန်ရေးခရီး (၆၂)နှစ်ပြည့် ဒီကနေ့(ဇန်နဝါရီ၁၂)မှာ စစ်ကောင်စီကို စစ်ကြေညာလိုက်တဲ့ TNLA ကို ညီနောင်မဟာမိတ်တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေက ဂုဏ်ပြုသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြရာမှာ အာဏာရှင်စစ်ကောင်စီကို ဟန်ချက်ညီညီတိုက်ထုတ်သွားမယ်လို့ ကတိပြုကြပါတယ်။

၁၉၆၃ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ပလောင်အမျိုးသားတပ်ဦး-PNF အမည်နာမနဲ့ စတင်ခဲ့တဲ့ တအာင်းပြည်တော်လှန်ရေး ဟာ ဒီကနေ့( ဇန်နဝါရီလ ၁၂)မှာ (၆၂)နှစ်မြောက်ပြီ ဖြစ်ပါတယ်။

တအာင်းအမျိုးသားတော်လှန်ရေး အခမ်းအနားနေ့ကို ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ အာရက္ခတပ်တော်-AA ၊ ကိုးကန့်တပ်မတော် MNDAA ၊ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ-CRPH ၊ ဓနုတပ်တော် DPLF/DPLA ၊ ကျောင်းသားလက်ရုံးတပ်တော်-SAF နဲ့ မန္တလေး PDF အစရှိတဲ့ တော်လှန်ရေးအင်အားစုတွေက TNLA ကို ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြတာပါ။

နှစ်ဘက်စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ကြေညာခဲ့တဲ့ TNLA က ရက်ပေါင်း ၄၉ ရက်အကြာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီလက်တွဲပူပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဒီနေ့ရက်စွဲနဲ့ စစ်ကြေညာလိုက်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီလက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ကြေညာတာဖြစ်ပါတယ်။

TNLA ရဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ MNDAA နဲ့ AA တို့ ဒီကနေ့ပေးပို့တဲ့ သဝဏ်လွှာမှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ အနေနဲ့ ဘုံရန်သူကို မိမိတို့ဒေသအသီးသီးမှာ တော်လှန်တိုက်ထုတ်ကြရာမှာ တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က မဟာမိတ်စိတ်ဓာတ်အပြည့်နဲ့ ကူညီပံ့ပိုးပေးခဲ့ကြသလို တိုက်ပွဲတွေမှာ ဟန်ချက်ညီစွာ ရဲဘော်ရဲဘက်စိတ်ဓာတ်အပြည့်နဲ့ အတူတကွတိုက်ပွဲဝင်နိုင်ခဲ့တာကြောင့် အခုလိုအောင်မြင်မှုအသီးအပွင့်ကို ရရှိခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

(၆၂) နှစ်ပြည့် အခုအချိန်ဟာ တအာင်းအမျိုးသားထုတစ်ရပ်လုံးနဲ့ TNLA အဖွဲ့အစည်းရဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေ အတိုင်းအတာတစ်ခုထိ ထမြောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် အောင်ပွဲနဲ့အတူပါရှိလာတဲ့ အခက်အခဲ၊ အတားအဆီးတွေကိုလည်း ကောင်းတူဆိုးဖက် ညီနောင်မဟာမိတ်စိတ်ဓာတ်အပြည့်ဖြင့် အတူဖြေရှင်းရန် အမြဲတမ်းအသင့်ရှိတယ်လို့ ဆိုပါတယ်။

MDY PDF ကလည်း တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုပြီး MDY PDF ဟာတအာင်းဒေသမှာ မွေးဖွားကြီးပြင်းထမြောက်လာတဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တာကြောင့် TNLA ကို ကျေးဇူးများစွာတင်ရှိပြီး စစ်အာဏာရှင်ကို TNLA နဲ့အတူ လက်တွဲကာဟန်ချက်ညီညီ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ-CRPH က တအာင်းနယ်မြေတွင် စစ်အာဏာရှင်စနစ်ကင်းစင်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နယ်မြေအဖြစ်သို့ရောက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေပြီဖြစ်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပြီး ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ကျဆုံးခဲ့ကြရတဲ့ တအာင်းခေါင်းဆောင်ကြီးတွေနဲ့ အာဇာနည်သူရဲကောင်းအပေါင်းတို့ကို သဝဏ်လွှာကတဆင့် ဦးညွှတ်အလေးပြုထားပါတယ်လို့ သဝဏ်လွှာမှာဖေါ်ပြထားပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်-SAF က လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အောင်မြင်မှုတွေအတွက် ဝမ်းမြောက်ဂုဏ်ယူပြီး အဖိနှိပ်ခံ လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်အတွက် တော်လှန်ရေးတိုက်ပွဲဝင်ရာမှာ TNLA နဲ့အတူ လက်တွဲပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

TNLA နဲ့ တအာင်းလူထုတို့ရဲ့ ကြိုးစားအားထုတ်မှုတို့ကြောင့် နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေ အတိုင်းအတာတစ်ခုထိ ပြီးမြောက်ပြီး တအာင်းပြည်အတွင်း စစ်ကောင်စီယန္တရား ကင်းစင်ခဲ့မှုကို မြင်တွေ့ခဲ့ရသလို တော်လှန်ရေးအတွင်း အသက်ခန္ဓာ လှူဒါန်းသူတွေကိုလည်း လေးစားဦးညွတ် ဂုဏ်ပြုတယ်လို့ ဓနုတပ်တော် DPLF/DPLA က TNLA ကိုပေးပို့တဲ့ သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းအပြီး TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါနဲ့ နောင်ချို စတဲ့မြို့ (၁၂) မြို့ကို စစ်ကောင်စီလက်အတွင်းက တိုက်ခိုက်သိမ်းပိုက်ထားပြီး အဲဒီမြို့တွေမှာ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

CJ-017
#MeKongNews
#TNLA
#တအာင်းပြည်
#AA,MNDAA
#CRPH

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now