နေ့စဥ်သတင်း

အွန်လိုင်းလိမ်လည်မှုနဲ့ ငွေညှစ်မှု ၃ မှု ထိုင်းအာဏာပိုင်တွေ မသိကျိုးကျွံ မျက်ကွယ်ပြုနေ

မဲခေါင် 10 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁၀ ထိုင်းအာဏာပိုင်တွေဟာ ငွေကြေးအလုံးအရင်းနဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့မှု ၃ မှုကို ဖမ်းဆီးခဲ့ပြီးပါလျှက် မသိကျိုးကျွံပြု လွှတ်ပေးခဲ့မှု ၃ မှုကို ပြန်လည်စုံစမ်းဖော်ထုတ်သင့်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ရာဇဝတ်မှုကျူးလွန်ခံရသူများ ကူညီစောင့်ရှောက်ရေးအသင်း ဥက္ကဌက အောက်လွှတ်တော်ထံ တိုက်တွန်းတင်ပြသွားပါတယ်။ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေဆီ အွန်လိုင်းငွေလိမ် ကျားဖြန့် ဒုစရိုက်လုပ်ငန်းကြီးတွေကို ကမ္ဘာချီလိမ်လည်နေတဲ့ တရုတ်ဒုစရိုက်ဂိုဏ်းများစွာ အခြေချလုပ်ကိုင်နေရာမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့အကြီးအကဲမှသည် အောက်ခြေအထိ ပူးပေါင်းကာ အကျင့်ပျက် ခြစားမှုတွေကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်နေခြင်းမှာ ထိုင်းအာဏာပိုင်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နေခဲ့ကြောင်း ထောက်ပြ တိုက်တွန်းသွားပါတယ်။ ပထမတစ်ခုက ၂၀၂၂ ခုနှစ်မှာ ထိုင်းရဲတပ်ဖွဲ့ဟာ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်တဲ့ ငွေကြေးခဝါချမှုအတွက်

မဲခေါင်၊ ဇန်နဝါရီ ၁၀

ထိုင်းအာဏာပိုင်တွေဟာ ငွေကြေးအလုံးအရင်းနဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့မှု ၃ မှုကို ဖမ်းဆီးခဲ့ပြီးပါလျှက် မသိကျိုးကျွံပြု လွှတ်ပေးခဲ့မှု ၃ မှုကို ပြန်လည်စုံစမ်းဖော်ထုတ်သင့်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ရာဇဝတ်မှုကျူးလွန်ခံရသူများ ကူညီစောင့်ရှောက်ရေးအသင်း ဥက္ကဌက အောက်လွှတ်တော်ထံ တိုက်တွန်းတင်ပြသွားပါတယ်။

ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေဆီ အွန်လိုင်းငွေလိမ် ကျားဖြန့် ဒုစရိုက်လုပ်ငန်းကြီးတွေကို ကမ္ဘာချီလိမ်လည်နေတဲ့ တရုတ်ဒုစရိုက်ဂိုဏ်းများစွာ အခြေချလုပ်ကိုင်နေရာမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့အကြီးအကဲမှသည် အောက်ခြေအထိ ပူးပေါင်းကာ အကျင့်ပျက် ခြစားမှုတွေကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်နေခြင်းမှာ ထိုင်းအာဏာပိုင်တွေလည်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နေခဲ့ကြောင်း ထောက်ပြ တိုက်တွန်းသွားပါတယ်။

ပထမတစ်ခုက ၂၀၂၂ ခုနှစ်မှာ ထိုင်းရဲတပ်ဖွဲ့ဟာ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်တဲ့ ငွေကြေးခဝါချမှုအတွက် ၁၅ ယောက်ကို ဖမ်းဆီးခဲ့ပြီး ငွေကြေးနဲ့ပိုင်ဆိုင်မှု ဘတ်သန်း ၇၀၀ ကျော်ကို သိမ်းဆည်းခဲ့မှုဖြစ်ပါတယ်။ ဒီအမှုဟာ ဘန်ကောက်က တရုတ်ဒုစရိုက်ဂိုဏ်းက ဖွင့်လှစ်ထားတယ်လို့ သံသယရှိတဲ့ ကလပ်နဲ့ ပတ်သက်ဆက်နွယ်နေကြောင်း အထောက်အထားတွေ များစွာရှိခဲ့ပါတယ်။

ဒီအမှုကို ဘန်ကောက်မြို့ပြရဲတပ်ဖွဲ့ထံ လက်လွှဲပေးခဲ့ရာမှာ ထပ်မံစုံစမ်းအရေးယူမှု မလုပ်တဲ့အပြင် သိမ်းဆည်းထားတဲ့အထဲက ဘတ်သန်း ၁၀၀ နဲ့ ဇိမ်ခံကားတွေကိုပါ ပြန်ပေးခဲ့ပြီး ရဲချုပ်သက်တမ်းနှစ်ဆက်မှာ သံသယတရားခံတွေကို စစ်ဆေးအရေးယူမှု လုံး၀မရှိခဲ့ကြောင်း တင်ပြခဲ့ပါတယ်။

ဒုတိယ တစ်မှုကတော့ တရုတ်အမျိုးသမီးတစ်ဦးဆီက ဘန်ကောက်မြို့ပြရဲတပ်ဖွဲ့ဗျူရိုက ဘတ် ၇ သန်း အကျပ်ကိုင်ငွေညှစ်ခဲ့မှုဖြစ်ပြီး သက်သေတွေအရ စီနီယာရဲအရာရှိတွေအထိ ပါဝင်နေတာသိရပေမယ့် စုံစမ်းအရေးယူမှု လုံး၀မရှိဘဲ မျက်ကွယ်ပြုခဲ့မှုဖြစ်တယ်လို့ ဂရတ်နာတာပေါင်က ထပ်မံတင်ပြလာပါတယ်။

တတိယတစ်မှုကတော့ ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပတ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုဖြစ်ပြီး ပွိုင်ပတ်မြို့က ကျားဖြန့်အဆောက်အအုံကြီး ၂ လုံးမှာ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဖို့ ပြတင်းတွေတံခါးတွေအားလုံး သံတိုင်တွေနဲ့ ထောင်သဖွယ် တည်ဆောက်ထားကြောင်း၊ ထိုင်းနိုင်ငံသားလို့ ယုံကြည်ရသူအမျိုးသားတစ်ယောက် ဒီပွိုင်ပတ် ကျားဖြန့်လုပ်ငန်းမှာ အလုပ်လုပ်ဖို့ သွေးဆောင်ခံရလို့ ရောက်ရှိသွားပြီး ၁၈ ထပ်မြင့်တဲ့ အဆောက်အအုံရဲ့ ၁၄ လွှာက ကျပြီး သေဆုံးခဲ့မှုကိုလည်း ထိုင်းအာဏာပိုင်အသီးသီးက စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ နှုတ်ဆိတ်နေခဲ့ကြောင်း အောက်လွှတ်တော်ထံ တင်ပြသွားတာဖြစ်ပါတယ်။

ဒီတင်ပြချက်နဲ့အတူ ထိုင်းမှာ နိုင်ငံအဆင့်အကြီးအကဲတွေ၊ ပြည်သူ့စစ်တွေ၊ ရဲအရာရှိတွေဟာ ဒုစရိုက်ကျားဖြန့်ဂိုဏ်းတွေဆီက သမာအာဇီ၀မဟုတ်ဘဲရတဲ့ အကျိုးအမြတ်တွေမှာ ကော်မရှင် ရယူခံစားနေကြပါတယ်။

တရုတ် ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေဟာ ဒီလို ဝန်ထမ်းဆိုးတွေကို စည်းရုံးပြီး SIM ကဒ်တွေ၊ ဘဏ်အကောင့်တွေ ဖွင့်လှစ်ပေးခြင်းနဲ့ တရားမဝင် လုပ်ငန်းတွေကို အာဏာပိုင်တွေရှေ့မှာပဲ ပြောင်ပြောင်းတင်းတင်း လုပ်ဆောင်နေနိုင်ကြတာပါ။

ဒါတွေကို လွှတ်တော်က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး တည်နေရာ၊ အကျင့်ပျက်ခြစားရာ အာဏာပိုင်တွေကို စုံစမ်းဖော်ထုတ် အရေးယူခြင်းမရှိရင် ကာလရှည်ကြာ အမြစ်တွယ်နေတဲ့ ကျားဖြန့်နဲ့ ဒုစရိုက်လုပ်ငန်းပေါင်စုံဟာ ထိုင်းနိုင်ငံမှသည် အိမ်နီးချင်းနိုင်ငံတွေအထိ ပိုမိုကျယ်ပြန့်လာဖို့ သာရှိကြောင်း လွှတ်တော်ထံ တင်ပြတောင်းဆိုသွားပါတယ်။

Ref: Thai Enquirer
MKF-001
#MeKongNews
#ထိုင်းကျားဖြန့်
#ရဲအကျပ်ကိုင်
#ငွေညှစ်မှု
#အာဏာပိုင်
#မသိယောင်ဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now