ဒေသတွင်းသတင်း

စစ်ကောင်စီက လွတ်ငြိမ်းစာရင်းကို လိမ်လည်ထုတ်ပြန်ကာ နိုင်ငံရေးအမြတ်ထုတ်နေ

မဲခေါင် 7 Jan - 2025
စစ်ကောင်စီက လွတ်ငြိမ်းစာရင်းကို လိမ်လည်ထုတ်ပြန်ကာ နိုင်ငံရေးအမြတ်ထုတ်နေ

စစ်ကောင်စီက လွတ်ငြိမ်းစာရင်းကို လိမ်လည်ထုတ်ပြန်ကာ နိုင်ငံရေးအမြတ်ထုတ်နေ

မဲခေါင်၊ ဇန်ဝါရီလ ၇

စစ်ကောင်စီဟာ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းကို လိမ်လည်ထုတ်ပြန်တဲ့ နည်းလမ်းနဲ့ နိုင်ငံရေးအမြတ်ထုတ်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီ ၆ ရက်၊ ညနေပိုင်းမှာ သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။

အခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့(၇၇)ကြိမ်မြောက်လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝှမ်းအကျဉ်းကျခံနေရသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးအဆင့်ရှိသူက မီဒီယာတချို့ကိုပြောကြားခဲ့ပါတဘ်၊ စင်စစ်အားဖြင့် လွတ်မြောက်လာတဲ့ နိုင်ကျဉ်းဦးရေမှာ ၃၀၀ ကျော်သာရှိတာကြောင့် စစ်ကောင်စီဟာ လိမ်လည်ပြီး နိုင်ငံရေးအမြတ်ထုတ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တုန့်ပြန်တာပါ။

သဘောထားထုတ်ပြန်ရာမှပါဝင်တဲ့ နိုင်ကျဉ်းဟောင်း ကိုဗျတ္တက “ နိုင်ကျဉ်းတွေကို လွှတ်ပေးချင်စိတ်၊ ဖြေလျှော့ပေးလိုစိတ် လုံး၀မရှိဘူးဆိုတာထင်ရှားပါတယ်၊ မလွှဲ မရှောင်သာလို့ နိုင်ငံတကာဖိအားလျော့အောင် ဖြေလျှော့ပေးရမယ်ဆိုရင်တောင် ထင်ယောင်ထင်မှားဖြစ်စေတဲ့ ထုတ်ပြန်ချက်တွေ၊ အခုလို အရေအတွက်အချက်အလက်လိမ်လည်တာမျိုးတွေလုပ်ဆောင်တာပါ “လို့မဲခေါင်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ရာ ဇန်နဝါရီ ၄ ရက်မှာ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ အကျဉ်းစခန်း ၄၂ ခုက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် ၃၀၀ ကျော်သာရှိကြောင်း စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလို လိမ်လည် ထုတ်ပြန်ပြီး နိုင်ငံရေးအမြတ်ထုတ်နေတာကို မိမိတို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးခြေနင်းခုံအဖြစ် ချနင်းကာ ပြည်သူလူထုနဲ့ တကမ္ဘာလုံးကို လိမ်လည်ရန် ကြိုးစားတဲ့လုပ်ရပ်မို့ မိမိတို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေနဲ့ မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက် သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

” ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ခြင်းကို စစ်ကောင်စီက အကြိမ်ကြိမ်ပြုလုပ်နေတာဖြစ်တယ်၊ ဒီလို နိုင်ကျဉ်းတွေကို အသုံးချပြီးပြည်သူနဲ့ ကမ္ဘာကို လိမ်လည်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကျွန်တော်တို့ နိုင်ကျဉ်းဟောင်းတွေက အထဲမှာ ရှိတဲ့ နိုင်ကျဉ်းရဲဘော်တွေဘက်က ပြတ်ပြတ်သားသားရပ်တည်ပြီး ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောလိုပါတယ်” လို့ကိုဗျတ္တကဆက်ပြောပါတယ်။

လွတ်ငြိမ်းစာရင်းမှာမပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထက် တော်လှန်ရေးတပ်တွေရဲ့ အောင်ပွဲနဲ့ အကျဉ်းစခန်းတွေကို လာရောက်ချိုးဖျက်ဖွင့်လှစ်ချိန်ကိုသာ စောင့်မျှော်နေကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က မဲခေါင်ကို ပြောပါတယ်။

မြေပြင်စိစစ်ချက်တွေအရ စစ်ကောင်စီအာဏာသိမ်းပြီးစဉ်ကနေ ( ၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိလွတ်ငြိမ်းခွင့် ၁၆ ကြိမ်ပေးခဲ့ရာမှာ အကျဉ်းသား တစ်သိန်း(၁၀၀၀၀၀)ကျော် လွတ်မြောက်ခဲ့ရာမှာ နိုင်ငံရေးအကျဉ်း ၈ ဒသမ ၆ ရာခိုင်နှုန်းကျော်သာ ပါဝင်တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကဇန်နဝါရီ ၆ ရက်မှာထုတ်ပြန်ပါတယ်။

MK-016/MK-017
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now