နေ့စဥ်သတင်း

နိုင်ကျဉ်း ၆၀၀ လွှတ်ပေးတယ်ဆိုတာ စစ်ကောင်စီရဲ့ ပြန်ကြားရေးက ပြည်သူကို လိမ်လည်တာသာဖြစ်

မဲခေါင် 5 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၅ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၆၀၀ ဦး ကို မနေ့ကလွှတ်ပေးတယ်ဆိုတာ စစ်ကောင်စီရဲ့ ပြန်ကြားရေးက သတင်းအမှားပေးကာ ပြည်သူကို လိမ်လည်ခြင်းသာဖြစ်ပြီး စင်စစ်အားဖြင့် နိုင်ကျဉ်း ၂၀၀ ကျော်သာ ပြန်လည်လွတ်မြောက်လာပါတယ်။ ၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ အကျဉ်းသူ၊ အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ယူထားတဲ့ ဇော်မင်းထွန်းက ပြောတာပါ။ မြေပြင်စာရင်းအရ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုဟာ အများကြီးကွဲလွဲနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသိုလ်ထွန်းဦးက

မဲခေါင်၊ ဇန်နဝါရီ ၅

ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ၆၀၀ ဦး ကို မနေ့ကလွှတ်ပေးတယ်ဆိုတာ စစ်ကောင်စီရဲ့ ပြန်ကြားရေးက သတင်းအမှားပေးကာ ပြည်သူကို လိမ်လည်ခြင်းသာဖြစ်ပြီး စင်စစ်အားဖြင့် နိုင်ကျဉ်း ၂၀၀ ကျော်သာ ပြန်လည်လွတ်မြောက်လာပါတယ်။

၇၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ အကျဉ်းသူ၊ အကျဉ်းသား ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ယူထားတဲ့ ဇော်မင်းထွန်းက ပြောတာပါ။

မြေပြင်စာရင်းအရ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုဟာ အများကြီးကွဲလွဲနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသိုလ်ထွန်းဦးက မဲခေါင်ကိုပြောပါတယ်။

လက်ရှိမြေပြင်မှာ ကောက်ယူရရှိတဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင်သာ လွတ်မြောက်ပြီး ၄၀၀ နီးပါး စာရင်းပျောက်နေပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကို ၆၀၀ ခန့်လွှတ်ပေးသယောင်၊ သတင်းမှားလွှင့်ခဲ့တယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ မြေပြင်အချက်အလက်မှာတော့ နိုင်ငံရေးအကျဉ်းသား ၅၀၅ ပုဒ်မ လူဦးရေ ၆၀၀ လွတ်မယ်ဆိုတဲ့စာရင်းဟာ မြေပြင်ဒေတာနဲ့တော့ ကင်းကွာနေတယ်လို့တော့ ကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျာ” လို့ ကိုသိုလ်ထွန်းဦးက ပြောပါတယ်။

ပေါင်းတည်အကျဉ်းထောင်မှ အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး။

ဒိုက်ဦးအကျဉ်း ထောင်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး သုံးဦး။

ပြည်အကျဉ်းထောင်မှ အမျိုးသား ခုနစ် ဦး၊ အမျိုးသမီး ၄ ဦး။

မိတ္ထီလာအကျဉ်းထောင်မှ အမျိုးသား သုံးဦး၊ အမျိုး သမီး နှစ်ဦး။

မအူပင်အကျဉ်းထောင်မှ အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး။

မြင်းခြံအကျဉ်းထောင်မှ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ကိုးဦး။

ရွှေဘိုအကျဉ်းထောင်မှ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁၁ ဦး။

ပခုက္ကူအကျဉ်းထောင်မှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး လေးဦး။

တောင်ငူအကျဉ်းထောင်မှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ခြောက်ဦး။

ကလေးအကျဉ်းထောင်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး။

သာယာဝတီအကျဉ်းထောင်မှ အမျိုးသား လေးဦး၊ အမျိုးသမီး ခုနစ်ဦး။

မကွေးအကျဉ်းထောင်မှ အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး။

မိုးညှင်းအကျဉ်းထောင်မှ အမျိုးသား တစ်ဦး။

ဖျာပုံအကျဉ်းထောင်မှ အမျိုးသား တစ်ဦး။

ဟသ်ာတအကျဉ်းထောင်မှ အမျိုးသားတစ်ဦး။

သရက်အကျဉ်းထောင်မှ အမျိုးသား တစ်ဦး၊ အမျိုးသမီး ငါးဦး။

ကျိုက်မရောအကျဉ်းထောင်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး။

မုံရွာအကျဉ်းထောင်မှ အမျိုးသား ငါးဦး၊ အမျိုးသမီး သုံးဦး။

ပဲခူးအကျဉ်းထောင်မှ အမျိုးသားတစ်ဦး။

ထားဝယ်အကျဉ်းထောင်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး။

မန္တလေးအိုးဘိုအကျဉ်းထောင်မှ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၆ ဦး

မြိတ်အကျဉ်းထောင်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး။

ဘားအံအကျဉ်းထောင်မှ သုံးဦး။

ကသာအကျဉ်းထောင်မှ အမျိုးသား နှစ်ဦး။

လက်ရှိ PPNM ရဲ့နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုစာရင်းကောက်ယူမှုအရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၂၄ ခု မှ လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားစုစုပေါင်းဟာ ၂၁၁ ဦးသာရှိပြီး အများအားဖြင့် လွတ်မြောက်လာသူတွေဟာ ပုဒ်မ ၅၀၅ (က) နဲ့ အကျဉ်းကျနေသူတွေဖြစ်သလို ပုဒ်မ (၅၀) ညနဲ့ အကျဉ်းကျနေသူတွေလည်း ပါဝင်ကာ ထောင်ဒဏ် တစ်နှစ်ဝန်းကျင်သာကျန်တဲ့သူတွေ အများဆုံးလွတ်မြောက်တာဖြစ်ပါတယ်။

လွတ်ငြိမ်းအကျဉ်းသားလွတ်ပေးတဲ့အထဲမှာ လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားလွတ်ပေးမှုဖြစ်စဉ် မတွေ့ရသေး။ ဗန်းမော်အကျဉ်းထောင်(တိုက်ပွဲဖြစ်ပွားနေဆဲ)၊ ဂန့်ဂေါအချုပ်(အမိန့်ကျထားပြီး နိုင်ငံရေးအကျဉ်းသားထားရှိ)၊ ညောင်ဦး အကျဉ်းထောင်၊ ကော့သောင်းအကျဉ်းထောင်၊ ပုသိမ်းအကျဉ်းထောင် အစရှိတဲ့ အကျဉ်းထောင် ခြောက်ခုက အကျဉ်းသားလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်တာ မတွေ့ရှိရသေးဘူးလို့ (PPNM) က ထုတ်ပြန်ထားပါတယ်။

CJ-017
#MeKongNews
#နိုင်ကျဉ်း
#ပုဒ်မ၅၀၅
#၂၀၀ကျော်လွတ်
#၄၀၀နီးပါးစာရင်းပျောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now