ဒေသတွင်းသတင်း

မိုင်းဆတ်မှာ မူးယစ်ဆေးဝါးမျိုးစုံ စိတ်တိုင်းကျ ရောင်းခွင့်ရနေလို့ လူငယ်တွေသုံးစွဲမှု မြင့်တက်

မဲခေါင် 3 Jan - 2025
မိုင်းဆတ်မှာ မူးယစ်ဆေးဝါးမျိုးစုံ စိတ်တိုင်းကျ ရောင်းခွင့်ရနေလို့ လူငယ်တွေသုံးစွဲမှု မြင့်တက်

မိုင်းဆတ်မှာ မူးယစ်ဆေးဝါးမျိုးစုံ စိတ်တိုင်းကျ ရောင်းခွင့်ရနေလို့ လူငယ်တွေသုံးစွဲမှု မြင့်တက်

မဲခေါင်၊ ဇန်နဝါရီ ၃

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီး မူးယစ်ဆေးဝါးကို စိတ်တိုင်းကျ ရောင်းချခွင့်ရနေလို့ လူငယ်တွေကြား စိတ်ကြွဆေးပြား (ရာမ)၊ ကက်တမင်း၊ ဘိန်းဖြူနဲ့ ဘိန်းမဲသာမက Happy Water လို မူးယစ်ဆေးတွေ သုံးစွဲမှုမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆတ်မြို့၊ ကျဒယ်ကုန်းနဲ့ တာချီလိတ်ဘက်အထွက် မတ်ကျန်းက KTV တွေမှာ မူးယစ်ဆေးဝါးမျိုးစုံ အလွယ်တကူရနေပြီး တာချီလိတ်မြို့မှာဆိုရင် မိုင်းဆက်ဒေသခံနှစ်ဦး မူးယစ်ဆေးသုံးတာ လွန်သွားကာ သေဆုံးတာတွေအထိ ရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ မိုင်းဆတ်ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းဆက်မြို့က Idol KTV မှာ မူးယစ်ဆေးမှန်သမျှ အကုန်ရနေပြီး ရဲနဲ့ဌာနဆိုင်ရာမှန်သမျှကို လာဘ်ငွေပေးထားတာကြောင့် အာဏာပိုင်တွေကလည်း မသိကျိုးကျွံပြုနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“အခု အသုံးများတာက Happy Water နဲ့ ဘိန်းစာရည်ပဲ။ Happy Water က ငြိမ့်ပြီးလှုပ်နေတာ၊ ခေါင်းခါခါ လည်ခါခါပေါ့။ သူက ချွေးထွက်မှ လျော့သွားတာ။ မျက်လုံးကလဲ မကြည့်နိုင်တော့ မျက်မှန်အမဲတပ်ပြီးလှုပ်နေရင် Happy ချထားတာပဲ။ သုံးတာများရင် အိပ်ပျော်သွားရင်သေနိုင်တယ်။ တာချီလိတ်မှာ မကြာသေးဘူး မိုင်းဆတ်က ၂ယောက် အဲဒါချပြီး နှိုးမရလို့ သေပြီးပြီ”လို့ သူက ပြောပါတယ်။

“Idol KTV မှာလည်းမူးယစ်ဆေးဝါးမှန်သမျှ အကုန်ရနေတယ်။ မိန်းကလေးတော်တော်များများလည်း သုံးနေပါတယ်။ ပိုင်ရှင်က လားဟူဆိုတော့ ပိုဆိုးတာပေါ့။ ဌာနဆိုင်ရာမှန်သမျှ ပေးကမ်းပြီးလုပ်နေတာပါ။ ဘယ်သူမှ မပြောရဲကြပါဘူး။ သတင်းဌာနမဟုတ်ရင် အထက်လူကြီးတွေမသိပါဘူး”လို့ သူက ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းမှာ Happy Water ဖျော်ပြီးသား စပရိုက်တစ်ဘူးတစ်ဘူးစာကို ဘတ်၁၅ဝ စျေးရှိကာ တစ်ကီလိုဂရမ်ပါ အထုပ်ကြီးတစ်ထုပ်ကို ကျပ်ငွေ လေးသိန်းခွဲလောက် ပေါက်ဈေးရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Happy Water အထုတ်ကြီး ၂ ထုပ်ကို ရန်ကုန်ကမှာလို့ လေယာဥ်နဲ့ပို့ပေးတဲ့ လူကုန်တားက ရဲအုပ်နဲ့ လေဆိပ်တာဝန်ကျ ရဲမေတစ်ဦးတို့ အဖမ်းခံရပြီး ထောင်၁၀နှစ်ကျော် ကျတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆတ်မှာ ရဲတွေက မူးယစ်ဆေးစွဲသူတွေမဖမ်းလို့ ရပ်ရွာကို ဒုက္ခပေးနေတဲ့မူးယစ်ဆေးဝါးသုံးစွဲသူ ၁၃ ဦးကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် သြဂုတ်လ ၂၆ရက်က ပြည်သူတွေကိုယ်တိုင် ဖမ်းပြီး ရဲစခန်းကို ပို့ခဲ့ရတဲ့ ဖြစ်စဥ်လည်း ရှိသေးတယ်လို့ သိရပါတယ်။

မိုင်းဆတ်သာမက ရှမ်းပြည်အရှေ့ပိုင်းကမြို့တွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးဝါး သုံးစွဲမှု တစ်ဖန်ပြန်ကြီးထွားလာနေသလို မှုခင်းတွေလည်းတိုးလာတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

MK – 012
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now