ကမ္ဘာ့သတင်း

လူ ၃၅ ယောက်သေဆုံးခဲ့တဲ့ ကားနဲ့လိုက်တိုက်သူကို တရုတ်သေဒဏ်ပေး

မဲခေါင် 28 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၈ တရုတ်နိုင်ငံတောင်ပိုင်းဇူးဟိုင်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က လူအုပ်ထဲ ကားနဲ့ အရှိန်ပြင်းစွာ မောင်းနှင်လိုက်တိုက်ခဲ့လို့ အနည်းဆုံး ၃၅ ယောက် သေဆုံးခဲ့ရမှုအတွက် တရားခံအမျိုးသားကို မြို့တော်တရားရုံးက ဒီဇင်ဘာ ၂၇ ရက်နေ့မှာပဲ သေဒဏ် ချမှတ်လိုက်ပါတယ်။ တရားရုံးကြေညာချက်မှာ အများသူငှာ ဘေးကင်းရေးကို အန္တရာယ်ဖြစ်စေအောင် လုပ်ဆောင်ခဲ့မှု တရားခံက အပြစ်ရှိတယ်လို့ ဝန်ခံခဲ့လို့ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ဖော်ပြပါရှိပါတယ်။ တရားခံဟာ ဇနီးသည်နဲ့ အိမ်ထောင်ကွာရှင်းမှုမှာ ဒေါသထွက်ပေါက်ကွဲမှု၊ ပိုင်ဆိုင်မှု ခွဲခြမ်းရေးမှာ မကျေနပ်မှုတွေကြောင့် မြင်မြင်ရာ ကားနဲ့လိုက်တိုက်သတ်ခဲ့တာဖြစ်ပြီး အခင်းစဖြစ်ပြီးနောက် အာဏာပိုင်တွေဟာ ၂၄ နာရီနီးပါးကြာမှ စတင်သိရှိခဲ့လို့ အနည်းဆုံး ၃၅ ယောက်သေဆုံး၊ ၄၃

မဲခေါင်၊ ဒီဇင်ဘာ ၂၈

တရုတ်နိုင်ငံတောင်ပိုင်းဇူးဟိုင်မြို့မှာ နိုဝင်ဘာ ၁၁ ရက်က လူအုပ်ထဲ ကားနဲ့ အရှိန်ပြင်းစွာ မောင်းနှင်လိုက်တိုက်ခဲ့လို့ အနည်းဆုံး ၃၅ ယောက် သေဆုံးခဲ့ရမှုအတွက် တရားခံအမျိုးသားကို မြို့တော်တရားရုံးက ဒီဇင်ဘာ ၂၇ ရက်နေ့မှာပဲ သေဒဏ် ချမှတ်လိုက်ပါတယ်။

တရားရုံးကြေညာချက်မှာ အများသူငှာ ဘေးကင်းရေးကို အန္တရာယ်ဖြစ်စေအောင် လုပ်ဆောင်ခဲ့မှု တရားခံက အပြစ်ရှိတယ်လို့ ဝန်ခံခဲ့လို့ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ဖော်ပြပါရှိပါတယ်။

တရားခံဟာ ဇနီးသည်နဲ့ အိမ်ထောင်ကွာရှင်းမှုမှာ ဒေါသထွက်ပေါက်ကွဲမှု၊ ပိုင်ဆိုင်မှု ခွဲခြမ်းရေးမှာ မကျေနပ်မှုတွေကြောင့် မြင်မြင်ရာ ကားနဲ့လိုက်တိုက်သတ်ခဲ့တာဖြစ်ပြီး အခင်းစဖြစ်ပြီးနောက် အာဏာပိုင်တွေဟာ ၂၄ နာရီနီးပါးကြာမှ စတင်သိရှိခဲ့လို့ အနည်းဆုံး ၃၅ ယောက်သေဆုံး၊ ၄၃ ယောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့မှာ တရုတ်ရဲ့ လူမှုကွန်ရက် Weibo မှာ မျက်မြင်တွေ ဖုန်းမှတ်တမ်းတင်ရိုက်ကူးထားတဲ့ ကားနဲ့လိုက်တိုက်မှု ဗီဒီယိုတွေ ပျံ့နှံ့ခဲ့ပေမယ့်လည်း တရုတ်အစိုးရဟာ ဒီဖြစ်စဉ် တင်တဲ့သူတွေအကောင့်ကနေ မြင်ကွင်းတွေကို ဆင်ဆာဖြတ်တောက် ပိတ်ပင်ခဲ့သလို ကားတိုက်ရာ Zhuhai Sports Centre မှာ လွမ်းသူ့ပန်းခွေ၊ ပန်းစည်းတွေလာချတဲ့ ပြည်သူတွေ ဗီဒီယိုမှတ်တမ်းကိုလည်း ဆင်ဆာပိတ်တဲ့အပြင် ပန်းတွေလာမချဖို့ပါ တားဆီးမောင်းထုတ်ခဲ့ပါသေးတယ်။

တရားခံကတော့ ကားနဲ့ မြင်မြင်ရာလိုက်တိုက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်ခြင်းအဖြစ် ကားကို နံရံဝင်တိုက်ခဲ့ရာမှာ ဖမ်းဆီးစဉ် မသေဆုံးပေမယ့် ခေါင်းဒဏ်ရာကြောင့် သတိမရဘဲ ကိုမာ ဝေဒနာခံစားခဲ့ရတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တရုတ်နိုင်ငံ နေရာအနှံ့အပြားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိခဲ့လို့ တရုတ်အစိုးရဟာ ဒီလိုအကြမ်းဖက်ခဲ့တဲ့ Fan Weiqiu ကို သေဒဏ်ချမှတ်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စံပြစီရင်ခဲ့တာဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့က အသက် ၅၀ အရွယ် တန်ဆိုတဲ့ အမျိုးသား ဓားနဲ့လိုက်ထိုးလို့ ကလေး ၃ ယောက်အပါ အနည်းဆုံး ၅ ယောက်သေ၊ အများအပြား ဒဏ်ရာရမှု ဖြစ်ခဲ့သလို နိုဝင်ဘာ ၁၆ ရက်က တရုတ်အရှေ့ပိုင်း ကျန်းစုက ကောလိပ်ကျောင်းထဲ ဇူ ဆိုတဲ့ ၂၁ နှစ် အရွယ် တရုတ်အမျိုးသား ဓားနဲ့လိုက်ထိုးလို့ ၈ ယောက်သေ၊ ၁၇ ယောက်ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ဟူနန်ပြည်နယ်မှာ ကားသမားတစ်ယောက် မူလတန်း ကျောင်းအပြင် လူထူထပ်ရာနေရာထဲ ဝင်တိုက်လို့ အရေအတွက် အတိအကျမသိရတဲ့ ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ စီမံအုပ်ချုပ်မှု ညံ့ဖျင်းချက်တွေကြောင့် စီးပွားရေးကျဆင်းခြင်း၊ စိတ်ဖိစီးမှုများပြားခြင်းတွေ ဖြစ်ပေါ်စေမှုက ခုလို မကြာခဏဆိုသလို လှိုင်းအလား အကြမ်းဖက်တိုက်ခိုက်မှုတွေကို တရုတ်မှာ ဆက်တိုက်ဖြစ်ပေါ်နေစေခဲ့တာလည်း ဖြစ်ပါတယ်။

Ref: ntd
MKF-001
#MeKongNews
#အိမ်ထောင်ကွဲ
#ကားတိုက်
#ဇူးဟိုင်မြို့
#သေဒဏ်ပေး
#တရုတ်တောင်ပိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now