နေ့စဥ်သတင်း

ဗန်းမောက်ဒေသမှာ နေရပ်ပြန်လာသူတွေကို PNO က ဖမ်းဆီးကာ စစ်သင်တန်းပေးပြီး ရှေ့တန်းပို့နေ

မဲခေါင် 28 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ဒေသမှာ နေရပ်ပြန်လာတဲ့ အရပ်သားတွေကို ပအိုဝ်းပြည်သူ့စစ် (PNO) ကဖမ်းဆီးကာ စစ်သင်တန်းပေးပြီး ရှေ့တန်းပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ဒီဇင်ဘာလထဲမှာ ၁၀ ဦးကျော် ရှေ့တန်းပို့ခံရပြီးပြိလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ ပင်လောင်းနဲ့ ဖယ်ခုံအစပ်ရှိ ဗန်းမောက်ကျေးရွာနဲ့ အနီးတဝိုက်မှာ PNO နဲ့ စစ်ကောင်စီတပ်က ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး စစ်ဘေးရှောင်ရာက ပြန်လာတဲ့အရပ်သားတွေကို PNO က ကျေးရွာလုံခြုံရေးအတွက်ဟုဆိုကာ အခြေခံစစ်သင်တန်း ၁၅ ရက် တက်ရောက်ခိုင်းပြီး ကျေးရွာလုံခြုံရေးမယူရပဲ မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ PNO၊ စစ်ကောင်စီ ပူးပေါင်းတပ်နဲ့အတူ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံနေရတာဖြစ်ပြီး အဆက်အသွယ်မရသူတွေလည်း ရှိနေတယ်လို့

မဲခေါင်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဗန်းမောက်ဒေသမှာ နေရပ်ပြန်လာတဲ့ အရပ်သားတွေကို ပအိုဝ်းပြည်သူ့စစ် (PNO) ကဖမ်းဆီးကာ စစ်သင်တန်းပေးပြီး ရှေ့တန်းပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဒီဇင်ဘာလထဲမှာ ၁၀ ဦးကျော် ရှေ့တန်းပို့ခံရပြီးပြိလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ပင်လောင်းနဲ့ ဖယ်ခုံအစပ်ရှိ ဗန်းမောက်ကျေးရွာနဲ့ အနီးတဝိုက်မှာ PNO နဲ့ စစ်ကောင်စီတပ်က ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး စစ်ဘေးရှောင်ရာက ပြန်လာတဲ့အရပ်သားတွေကို PNO က ကျေးရွာလုံခြုံရေးအတွက်ဟုဆိုကာ အခြေခံစစ်သင်တန်း ၁၅ ရက် တက်ရောက်ခိုင်းပြီး ကျေးရွာလုံခြုံရေးမယူရပဲ မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ PNO၊ စစ်ကောင်စီ ပူးပေါင်းတပ်နဲ့အတူ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံနေရတာဖြစ်ပြီး အဆက်အသွယ်မရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“မပြန်လာဖို့ အကြိမ်ကြိမ်သတိပေးတယ်၊ တချို့ကလည်း အရဲစွန့်ပြီး ပြန်လာကြတာ၊ ပြန်ရောက်တာနဲ့ တိုက်နိုင်ခိုက်နိုင်တဲ့သူ၊ ကိုယ်လက်အင်္ဂါကောင်းတဲ့သူဆိုရင် စာရင်းလာကောက်သွားတယ်။ နောက်ရက်ကြတော့ သင်တန်းတက်ဖို့ လာပြောတယ်၊ ပြီးတော့ရှေ့တန်းပို့လိုက်တာပဲ ”လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီကလည်း မိုးဗြဲ၊ ဖက်ခုံနဲ့ ကရင်နီဒေသ တိုက်ပွဲတွေအတွင်း စစ်မှုထမ်းသင်တန်းတက်ရောက်ပြီးနောက် ရှေ့တန်းပို့ခံရတဲ့ PNO တပ်သားသစ်တွေ ဖမ်းဆီးရမိတာရှိသလို တိုက်ပွဲအတွင်း သေဆုံးတာတွေလည်း တွေ့ရတယ်လို့ ဒီဇင်ဘာလအတွင်းမှာ ထုတ်ဖော်ပြောကြားဖူးပါတယ်။

ဗန်းမောက်ဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက PNO နဲ့ စစ်ကောင်စီပူးပေါင်းတပ်က ထိုးစစ်ဆင်လာတာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ၁၀၀၀ ကျော် ဘေးလွတ်ရာကို စစ်ဘေးရှောင်ခဲ့ပါတယ်။ နိုဝင်ဘာလကစလို့ တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်သွားတာကြောင့် နေရပ်ပြန်သူတွေ ရှိနေတာပါ။

CJ-003
#MekongNews
#ဗန်းမောက်ဒေသ
#PNO
#နေရပ်ပြန်
#စစ်သင်တန်း
#၁၀ဦးကျော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now