နေ့စဥ်သတင်း

မူးယစ်ဆေးသုံးတဲ့ စစ်ကောင်စီက ရောင်းသုံးတွေကို သတင်းပေးအဖြစ် မွေးမြူ

မဲခေါင် 20 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၉ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးကို ကိုယ်တိုင်သုံးစွဲရုံမျှမကပဲ ရောင်းဝယ်သူနဲ့သုံးစွဲသူ(ရောင်းသုံး)တွေကိုပါ သတင်းပေးအဖြစ်မွေးမြူကာ ရောင်းသုံးခွင့်ပြုထားခဲ့ပါတယ်။ မန္တလေးတိုင်း၊ မိုးကုတ်ဒေသကို စစ်ကောင်စီထိန်းချုပ်စဉ်က ညီနောင်မဟာမိတ်တွေရဲ့ သတင်းအချက်အလက်တွေ ရယူပေးပို့ဖို့ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူတွေကို မွေးမြူခိုင်းစေကာ ရောင်းသုံးခွင့်လည်းပြုထားပါတယ်။ အဲ့ဒိရောင်းသုံးတွေကို TNLA က ဖမ်းဆီရမိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ပင်ကိုယ်အသိဉာဏ်နဲ့ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ရဲဖို့၊ လူမဆန်စွာသတ်ဖြတ်ရဲဖို့၊ မုဒိန်းကျင့်ရဲဖို့၊ ခိုးဆိုးလုရဲစေဖို့နဲ့ တိုက်ပွဲအတွင်း ရဲရဲတက် ရဲရဲတိုက်ရဲစေဖို့အတွက် စစ်ကြောင်းအကြီးအကဲကိုယ်တိုင်က အောက်လက်ကို မူးယစ်ဆေးသုံးစွဲဖို့ ခွင့်ပြုထားသလို သူကိုယ်တိုင်လည်း သုံးစွဲတယ်လို့ စစ်သုံ့ပန်းတွေက ဝန်ခံထွက်ဆိုထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးသုံးကြောင်းကို စစ်ကောင်စီရဲ့ တပ်မ(၆၆)

မဲခေါင်၊ ဒီဇင်ဘာ ၁၉

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးကို ကိုယ်တိုင်သုံးစွဲရုံမျှမကပဲ ရောင်းဝယ်သူနဲ့သုံးစွဲသူ(ရောင်းသုံး)တွေကိုပါ သတင်းပေးအဖြစ်မွေးမြူကာ ရောင်းသုံးခွင့်ပြုထားခဲ့ပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်ဒေသကို စစ်ကောင်စီထိန်းချုပ်စဉ်က ညီနောင်မဟာမိတ်တွေရဲ့ သတင်းအချက်အလက်တွေ ရယူပေးပို့ဖို့ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူတွေကို မွေးမြူခိုင်းစေကာ ရောင်းသုံးခွင့်လည်းပြုထားပါတယ်။ အဲ့ဒိရောင်းသုံးတွေကို TNLA က ဖမ်းဆီရမိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ပင်ကိုယ်အသိဉာဏ်နဲ့ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ရဲဖို့၊ လူမဆန်စွာသတ်ဖြတ်ရဲဖို့၊ မုဒိန်းကျင့်ရဲဖို့၊ ခိုးဆိုးလုရဲစေဖို့နဲ့ တိုက်ပွဲအတွင်း ရဲရဲတက် ရဲရဲတိုက်ရဲစေဖို့အတွက် စစ်ကြောင်းအကြီးအကဲကိုယ်တိုင်က အောက်လက်ကို မူးယစ်ဆေးသုံးစွဲဖို့ ခွင့်ပြုထားသလို သူကိုယ်တိုင်လည်း သုံးစွဲတယ်လို့ စစ်သုံ့ပန်းတွေက ဝန်ခံထွက်ဆိုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးသုံးကြောင်းကို စစ်ကောင်စီရဲ့ တပ်မ(၆၆) လက်အောက်ခံ ခမရ(၈၀) က တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးတဲ့ လွိုင်ကော်မြို့နယ်၊ လင်ဖုံလေး တိုက်ပွဲမှာ ဖမ်ဆီးရမိတဲ့ စစ်သုံ့ပန်း ငါးဦးက ထွက်ဆိုတာပါ။ နိုဝင်ဘာ ၂၅ နဲ့ ၂၆ မှာ ခမရ(၈၀)နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပြင်းထန်ခဲ့တာပါ။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ TNLA မိုးကုတ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ရောင်းသုံး ၃၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ TNLA က မနေ့က( ဒီဇင်ဘာ ၁၉)မှာ ထုတ်ပြန်ပါတယ်။

TNLA က အခုနှစ် ဇူလိုင်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ မိုးကုတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်စဉ် ဖမ်းဆီးရမိတဲ့ ရောင်းသုံး ၃၀၀ ထဲမှာ သတင်းပေးအဖြစ် မွေးခံထားရတဲ့ ရောင်းသုံးသူ အများအပြားပါဝင်တယ်လို့ TNLA က မနေ့ကထုတ်ပြန်ပါတယ်။ အရည်အတွက်အတိအကျကိုတော့ ထည့်သွင်းဖေါ်ပြမထားပါဘူး။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းမှာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးသွားမှာဖြစ်ပြီး ရောင်းဝယ်သူတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်၊။

ရောင်းသုံးတွေကို PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒိအဖွဲ့ဟာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေး ဆိုတဲ့ လုပ်ငန်းစဉ် ငါးရပ် ဆောင်ရွက်နေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို TNLA က ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

MK-012
#MekongNews
#စစ်ကောင်စီ
#မူးယစ်ဆေး
#ရောင်းသုံး၃၀၀
#TNLA
#ဖမ်းမိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now