နေ့စဥ်သတင်း

တောင်ကြီးမှာ ဧည့်စာရင်းစစ်ပြီး စစ်မှုထမ်းအတွက် ပေါ်တာဆွဲမယ်

မဲခေါင် 15 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ အခုလ(ဒီဇင်ဘာ) တတိယပါတ်အတွင်း စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး လူငယ်နဲ့ လူလတ်ပိုင်းတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့စီစဉ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေထံကနေ သတင်းပေါက်ကြားလာတာကို ဒေသခံတွေက ပြောပါတယ်။ တောင်ကြီးမြို့နဲ့ အေးသာယာမှာ နေထိုင်တဲ့ အိမ်ငှားတွေကို ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်စစ်ဆေးကာ ဧည့်စာရင်းမတိုင်သူကို ဖမ်းဆီးကာ စစ်မှုထမ်းအတွက်အသုံးပြုမှာဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။ ဧည့်စာရင်းမတိုင်တဲ့ လူငယ်အချို့ကို ယာယီရှောင်ခိုင်းတာမျိုးရှိသလို ဧည့်စာရင်း အမြန်ဆုံးလာတိုင်ဖို့ ရပ်ကျေးအဖွဲ့ဝင်တွေက သူတို့နဲ့နီးစပ်သူတွေကို သတိပေးနေတာဖြစ်ပြီး အိမ်ငှား၊ အဆောင်ငှားကာ တောင်ကြီးမှာ အလုပ်လာလုပ်နေကြသူတွေကို အဓိကထား စစ်ဆေးမှာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။ “ဒီနေ့ပဲ သတိလာပေးသွားတယ်၊ ခဏရှောင်နေဖို့ပေါ့၊ အကုန်လုံးကို လိုက်သတိပေးနေတာမျိုးတော့

မဲခေါင်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ အခုလ(ဒီဇင်ဘာ) တတိယပါတ်အတွင်း စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး လူငယ်နဲ့ လူလတ်ပိုင်းတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့စီစဉ်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေထံကနေ သတင်းပေါက်ကြားလာတာကို ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးမြို့နဲ့ အေးသာယာမှာ နေထိုင်တဲ့ အိမ်ငှားတွေကို ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်စစ်ဆေးကာ ဧည့်စာရင်းမတိုင်သူကို ဖမ်းဆီးကာ စစ်မှုထမ်းအတွက်အသုံးပြုမှာဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဧည့်စာရင်းမတိုင်တဲ့ လူငယ်အချို့ကို ယာယီရှောင်ခိုင်းတာမျိုးရှိသလို ဧည့်စာရင်း အမြန်ဆုံးလာတိုင်ဖို့ ရပ်ကျေးအဖွဲ့ဝင်တွေက သူတို့နဲ့နီးစပ်သူတွေကို သတိပေးနေတာဖြစ်ပြီး အိမ်ငှား၊ အဆောင်ငှားကာ တောင်ကြီးမှာ အလုပ်လာလုပ်နေကြသူတွေကို အဓိကထား စစ်ဆေးမှာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“ဒီနေ့ပဲ သတိလာပေးသွားတယ်၊ ခဏရှောင်နေဖို့ပေါ့၊ အကုန်လုံးကို လိုက်သတိပေးနေတာမျိုးတော့ မဟုတ်ဘူး။ နီးစပ်ရာကို သတိပေးလာတာ၊ တချို့ကလည်း ရှောင်ကုန်ကြပြီ” လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တောင်ကြီးနဲ့ အေးသာယာမှာ အိမ်ငှား၊ အဆောင်ငှားပြီး နေထိုင်သူတွေ အိမ်ရှင်အိမ်ငှားစာချုပ်ရှိပါက ဧည့်စာရင်းတစ်ကြိမ်ကို သက်တမ်း တစ်လ၊ အိမ်ငှားစာချုပ် မရှိသူတွေကို သက်တမ်း ခုနှစ်ရက်သာ ခွင့်ပြုထားတာကြောင့် အပါတ်စဉ် ပုံမှန်ဧည့်စာရင်းမတိုင်ဖြစ်သူ အများအပြားရှိနေတယ်လို့ အိမ်ငှားနေထိုင်သူတွေထံက နေသိရပါတယ်။

“အိမ်က လပေးနဲ့ ငှားနေတာ၊ အလုပ်က ခရီးထွက်ရတော့ အပါတ်တိုင်း ဧည့်စာရင်းတိုင်ဖို့ အဆင်မပြေကြတာ အများကြီးပဲ၊ အုပ်ကြီးက သတိပေးလာတာနဲ့ ကျနော်လည်း ခဏရှောင်လာလိုက်တယ်” လို့ တောင်ကြီးမှာ အိမ်ငှားနေထိုင်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့သတင်းကတော့ မနေ့က( ဒီဇင်ဘာလ ၁၄) ညပိုင်းအချိန်က တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ကို မီးဖြတ်ကာ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား ၄၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။ ဒါကို မဲခေါင်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

တောင်ကြီးမြို့မှာ အရင်က ဧည့်စာရင်းဝင်ရောက်စစ်ဆေးတဲ့အခါ ဧည့်စာရင်းတိုင်မထားသူကို ဒဏ်ကြေးအဖြစ် ငွေတောင်းယူတာမျိုး ရှိခဲ့ပေမယ့် ဧည့်စာရင်းစစ်ပြီးပေါ်တာဆွဲဖမ်းဆီးတာမျိုး မရှိသလို အခုလိုဧည့်စာရင်းစစ်မယ်ဆိုတာကို ကြိုသိတာမျိုးလည်း မရှိသေးပါဘူး။

ဒေသတချို့မှာတော့ ဧည့်စာရင်းဝင်စစ်တဲ့အခါ ဧည့်စာရင်းတိုင်ထားပေမယ့်လည်း လူငယ်ပိုင်းတွေကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေနဲ့ပြန်ရွေးခိုင်းတာမျိုးတွေ ရှိနေပါတယ်။

CJ-003
#MekongNews
#တောင်ကြီး
#ဧည့်စာရင်း
#စစ်မှုထမ်း
#ပေါ်တာ
#စစ်ဆေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now