မဲခေါင်၊ ဒီဇင်ဘာ ၁၄
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖန်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ညက ရန်ပုံငွေ ဖျော်ဖြေပွဲ ကျင်းပနေတဲ့ စတိတ်စင်ရှေ့ကို ဗုံးနဲ့ ပစ်ခတ်ဖောက်ခွဲသွားလို့ ၃ ယောက်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
တာ့ခ်ခရိုင် လေဆိပ်ဟောင်းနားမှာ ဒီဇင်ဘာ ၈ ရက်ကနေ ၁၄ ရက်အထိ ကျင်းပတဲ့ Doi Loi Fa ပွဲတော်မှာ နိုင်ငံခြားသားတွေ အပါအဝင် ဒေသခံတွေနဲ့ စည်ကားစွာကျင်းပနေခဲ့တာဖြစ်ပြီး အကနဲ့ ဖျော်ဖြေနေချိန် စင်ရှေ့ကိုဗုံးပစ်ပြီးတိုက်ခိုက်သွားခဲ့ရာမှာ ဒဏ်ရာရသူများစွာနဲ့ ငိုကြွေးအကူအညီတောင်းခံမှုတွေနဲ့ ဆူညံပွက်လောရိုက်ခဲ့ရပါတယ်။
အခင်းဖြစ်စဉ်မှာ ၃ ယောက်သေဆုံးသလို ဒဏ်ရာရသူတွေထဲက ၄ ယောက်ဟာလည်း စိုးရိမ်ရတဲ့ အနေအထားမှာရှိပြီး အုန်းဖန်ဆေးရုံကြီးကို ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ပို့ဆောင်ပေးခဲ့ကြသလို အခင်းဖြစ်ရာ နေရာအနီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ပြုစုကုသမှုတွေလည်း ပေးခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဗုံးပစ်ခတ်တိုက်ခိုက်တရားခံတွေကို စုံစမ်းရှာဖွေမှာဖြစ်ကြောင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်စားချေမှုဖြစ်နိုင်တယ်လို့ သုံးသပ်ကြောင်း ပြောကြားသွားပါတယ်။
Ref: AEC อาเซียน News
MKF-001
#MeKongNews
#ထိုင်း
#တာ့ခ်ခရိုင်
#ဗုံးပစ်
#စတိတ်ရှိုး
#သေဆုံး








