DPLAနဲ့ အထိနာသွားတဲ့စစ်ကောင်စီ စစ်ရေးတင်းမာနေ
ကျောက်ဂူဒေသခံတွေ ဘေးကင်းလုံခြုံရာကို စစ်ရှောင်ကြဖို့ DPLA တိုက်တွန်း
မဲခေါင်၊ ဒီဇင်ဘာ ၁၃
စစ်ရေးအောင်မြင်မှုရရှိထားတဲ့ DPLAနဲ့ အထိနာသွားတဲ့ စစ်ကောင်စီအဖွဲ့တွေအကြား စစ်ရေးတင်းမာလျှက်ရှိနေပြီး DPLA အနေနဲ့ ဆက်လက်တိုက်ပွဲ၀င်သွားမှာဖြစ်လို့ ကျောက်ဂူဒေသခံတွေအနေနဲ့ ဘေးကင်းလုံခြုံရာကို စစ်ရှောင်ကြဖို့ ၊ စစ်ကောင်စီနဲ့ နီးစပ်ရာမှာ မနေကြဖို့ DPLA ကတိုက်တွန်းပါတယ်။
“ ကျွန်တော်တို့တပ်တွေအနေနဲ့ ဆက်လက်တိုက်ပွဲ၀င်သွားမှာဖြစ်လို့ ပြည်သူတွေဘေးကင်းလုံခြုံစွာ စစ်ရှောင်ကြဖို့နဲ့ စကစ နဲ့နီးစပ်တဲ့နေရာမှာ မနေကြဖို့ပြောချင်ပါတယ်”လို့ DPLA ပြန်ကြားရေးတာ၀န်ရှိသူက မဲခေါင်ကို ပြောပါတယ်။
ကျောက်ဂူတိုက်ပွဲမှာ စစ်ကောင်စီအထိနာသွားတာရယ်၊ သွားရောက်မယ့်လမ်းမှာ တိုက်ခိုက်ခံရပြီးကြန့်ကြာနေတာရယ်ကြောင့် လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးချတာတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ DPLA ပြန်ကြားရေးတာ၀န်ရှိသူက မဲခေါင်ကိုပြောပါတယ်။
၁၀ရက်ကြာဖြစ်ပွါးတဲ့ ကျောက်ဂူတိုက်ပွဲမှာ ဓနုလွတ်မြောက်ရေးတပ် DPLA က စစ်ရေးအသာစီးရကာ စစ်ကောင်စီကို ထိထိရောက်ရောက်နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်၊ တောင်ခမ်းရွာအနီးမှာ အခြေစိုက်တဲ့ စခန်းကိုအင်အားဖြည့်ဖို့သွားရောက်တဲ့ စစ်ကောင်စီတပ်ကို DPLAက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ရပ်စောင့်-ကျောက်ဂူလမ်းကြောင်းဟာ လက်ရှိစစ်ကောင်စီနဲ့ တအောင်းတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားနေ ပြီး တောင်ခမ်းကျေးရွာဘက်ကို စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတဲ့လမ်းကြောင်းဖြစ်ပြီး DPLA ကကြားဖြတ်တိုက်ခိုက်တာရယ်၊ နယ်မြေစိုးမိုးရေးလှုပ်ရှားနေတာတွေကြောင့် စစ်ကောင်စီတပ်တွေ တောင်ခမ်းကိုစစ်ကူပို့ အင်အားဖြည့်ဖို့ ခက်ခဲသွားနိုင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၉ ရက်အထိ စစ်ကောင်စီနဲ့ DPLA အကြား ၁၀ ရက်ကြာ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လက်နက်မျိုးစုံ ၂၆လက်နဲ့ဆက်စပ်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ကဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ထားပါတယ်။
CJ-017
#MekongNews








