နေ့စဥ်သတင်း

ထိုင်းနဲ့ ‘ဝ’ ကိစ္စ သွားရောက်တဲ့ တြိဂံဒေသစစ်တိုင်းမှူး ပြန်လာပြီ

မဲခေါင် 12 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၂ ထိုင်းနဲ့’ဝ’ကိစ္စသွားရောက်တဲ့ စစ်ကောင်စီရဲ့ ရှမ်းအရှေ့ကျိုင်းတုံအခြေစိုက်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟာ မြန်မာ-ထိုင်းနယ်စပ် မုံးထော်၊ မုံးထကနေ ဒီနေ့( ဒီဇင်ဘာ ၁၂) ညနေ ၄ နာရီခန့်က ပြန်လာတယ်လို့ နားကောင်းမူးနေဒေသခံတစ်ဦးထံက သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက် နေ့လည်ပိုင်းက စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်ဟာ စစ်ယာဉ်တန်းနဲ့ ‘ဝ’တောင်ပိုင်းစစ်ဒေသ ၁၇၁ ရှိရာ ဟွေအောဘက်ကနေ နယ်စပ်အငြင်းပွားနေရာနဲ့ အနီးဆုံးဖြစ်တဲ့ မုံးထော်၊ မုံးထဘက်ကို သွားရောက်ခဲ့ပြီး ၂ ရက်အကြာမှာ ပြန်လာတာဖြစ်ပါတယ်။ တိုင်းမှူးခရီးစဉ်နဲ့စပ်လျဉ်းပြီး “ဝ” ပြောခွင့်ရ တာဝန်ခံ ဦးညီရန်းကတော့ “တိုင်းမှူးလာတာ မှန်ပါတယ်၊ နယ်မြေတပ်တွေ သွားရောက်စစ်ဆေးတာဖြစ်မှာပါ၊ ကျွန်တော်တို့နဲ့ တွေ့ဆုံဖို့ မရှိပါ၊

မဲခေါင်၊ ဒီဇင်ဘာ ၁၂

ထိုင်းနဲ့’ဝ’ကိစ္စသွားရောက်တဲ့ စစ်ကောင်စီရဲ့ ရှမ်းအရှေ့ကျိုင်းတုံအခြေစိုက်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဟာ မြန်မာ-ထိုင်းနယ်စပ် မုံးထော်၊ မုံးထကနေ ဒီနေ့( ဒီဇင်ဘာ ၁၂) ညနေ ၄ နာရီခန့်က ပြန်လာတယ်လို့ နားကောင်းမူးနေဒေသခံတစ်ဦးထံက သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက် နေ့လည်ပိုင်းက စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်ဟာ စစ်ယာဉ်တန်းနဲ့ ‘ဝ’တောင်ပိုင်းစစ်ဒေသ ၁၇၁ ရှိရာ ဟွေအောဘက်ကနေ နယ်စပ်အငြင်းပွားနေရာနဲ့ အနီးဆုံးဖြစ်တဲ့ မုံးထော်၊ မုံးထဘက်ကို သွားရောက်ခဲ့ပြီး ၂ ရက်အကြာမှာ ပြန်လာတာဖြစ်ပါတယ်။

တိုင်းမှူးခရီးစဉ်နဲ့စပ်လျဉ်းပြီး “ဝ” ပြောခွင့်ရ တာဝန်ခံ ဦးညီရန်းကတော့ “တိုင်းမှူးလာတာ မှန်ပါတယ်၊ နယ်မြေတပ်တွေ သွားရောက်စစ်ဆေးတာဖြစ်မှာပါ၊ ကျွန်တော်တို့နဲ့ တွေ့ဆုံဖို့ မရှိပါ၊ ထိုင်းနဲ့လည်း တွေ့ဆုံဖို့ မရှိပါ၊ ထိုင်းနယ်စပ်ကိစ္စရပ် လောလောဆယ် ငြိမ်သွားပါပြီ၊ ကျွန်တော်တို့ဖက်ကတော့ အားလုံးပုံမှန်ပါပဲ” လို့ မီဒီယာတွေကို ပြောထားပါတယ်။

အဲဒီပုဂ္ဂိုလ်သွားရောက်တဲ့သတင်းကို မဲခေါင်မှာ မနေ့(ဒီဇင်ဘာ ၁၁)က သတင်းဖေါ်ပြခဲ့ပါတယ်။

“ဘယ်သူတွေနဲ့တွေ့ပြီး ဘာတွေပြောတယ်လို့တော့ မသိရဘူး၊ အရှေ့ဘက် ဟိုပန်၊ ဟိုရွက်ဘက်က’ ဝ’ တပ်အချို့တော့ မုံးထဘက် တက်တာတွေ့ရတယ်” လို့ နားကောင်းမူးဒေသခံက မဲခေါင်ကိုပြောပါတယ်။

ထိုင်းနဲ့ ‘ဝ’တပ်ကြား စစ်ရေးတင်းမာမှု သတင်းတွေအပေါ် UWSA က ဒီဇင်ဘာ ၈ ရက်က ငြိမ်းချမ်းရေးသည်သာ အဓိကဖြစ်တာကြောင့် စစ်ရေးသတင်းတွေကို ဖန်တီးရေးသားကြတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချတယ်လို့ စာထုတ်ပြန်ခဲ့ပါတယ်။

‘ဝ’တပ်နဲ့ ထိုင်းတပ်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ က ထိုင်း -မြန်မာနယ်စပ်၊ မယ်ဟောင်ဆွန် ခရိုင်အတွင်းရှိတဲ့ နယ်စပ်မျဥ်းက UWSA ရဲ့ စစ်တပ်စခန်း ၇ ခုကို ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး ဖယ်ပေးဖို့ ထိုင်းတော်ဝင်စစ်တပ်က ထုတ်ပြန်ခဲ့ပြီး နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်လို့ မီဒီယာတွေက သတင်းရေးသားဖော်ပြနေကြတာ ဖြစ်ပါတယ်။

နယ်စပ်အငြင်းပွားမှုကြောင့် စစ်ရေးတင်းမာနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းတပ်ဗိုလ်ချုပ် ပါနာကလူးပလော့တက်က ဒေသခံတွေကို စိုးရိမ်စရာအခြေအနေ မရှိကြောင်း နိုဝင်ဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စခန်းကုန်းတွေဟာ မြန်မာနိုင်ငံနယ်စပ်နားမှာ တည်ရှိတဲ့ RCSS ဌာနချုပ် လွိုင်တိုင်းလျန်းနဲ့ ၁၀ ကီလိုမီတာအကွာမှာတည်ရှိတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဒေသ ပန်မဖနယ်ထဲကို မီတာ ၃၀၀ ခန့် ရောက်နေတာလို့ ထိုင်းသတင်းတွေက ပြောနေပြီး ‘ဝ’ဘက်ကတော့ မိုင်းပန်မြို့နယ်၊ ဟိုမိန်းမြို့၊ လွယ်ဝိုးမှာ ရှိနေတာလို့ ဆိုပါတယ်၊ လွယ်ဝိုးဟာ မိုင်းတုံမြို့နယ်၊ မုံးထမြို့နဲ့ နီးကပ်စွာတည်ရှိနေတယ်လို့ သိရပါတယ်။

မိုင်းတုံမြို့နယ်ထဲက ခိုင်းလုံမှာ မုံးထရဲ့အနောက်ဖက်၊ လွိုင်တိုင်းလျန်း( RCSS ဌာနချုပ်) ရဲ့ အရှေ့ဖက်မှာရှိပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိတဲ့ မြို့တည်ထားကာ တပ်မဟာ (၇၇၈) နယ်မြေဖြစ်ကြောင်း သိရပါတယ်။

MK-012
#MekongNews
#တြိဂံဒေသ
#စစ်တိုင်းမှူး
#မိုင်းတုံ
#ထိုင်းနဲ့ဝ
#ဗိုလ်ချုပ်စိုးလှိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now