အသက်မပြည့်သေးတဲ့ ကျောင်းသားကို ပေါင်းသင်းဖို့ သွေးဆောင်ခြင်းနဲ့ လိင်ပိုင်း စော်ကားခဲ့တဲ့ ထိုင်းကျောင်းဆရာ ထောင် ၁၁၁ နှစ် ချမှတ်ခံရ
မဲခေါင်၊ ဒီဇင်ဘာ ၁၂
ထိုင်းနိုင်ငံမြောက်ပိုင်း ဖိစနူလော့ခရိုင်က ကျောင်းတစ်ကျောင်းမှာ စာသင်ကြားပေးနေတဲ့ ၃၂ နှစ်အရွယ် ကျောင်းဆရာဟာ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်လေးကို ပေါင်းသင်းဖို့ သွေးဆောင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခြင်းကြောင့် ပြစ်မှုထင်ရှားလို့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၁၁၁ နှစ် ချမှတ်လိုက်ပါတယ်။
ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက ပထမဆုံးနာမည် တီး လို့အမည်ရတဲ့ ကျောင်းဆရာဟာ ပသမ်ဌာနီအခြေစိုက် မော်ဒယ်အေဂျင်စီထောင်ထားသူလည်းဖြစ် ကလေးငယ်များစွာကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခဲ့ သူလည်းဖြစ်တဲ့ ၂၉ နှစ်အရွယ် ဒါနူဒတ်ဆန်ကယူ (၂၈ နှစ်) နဲ့ မိတ်ဖွဲ့ ဆက်ဆံပေါင်းသင်းနေသူဖြစ်ကာ သူ့စာသင်ကျောင်းက အသက် ၁၆ နှစ်သာရှိသေးတဲ့ ကျောင်းသားလေးကို ပေါင်းသင်းနေထိုင်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေပြုလုပ်ခဲ့လို့ ဇွန် ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးထားခဲ့တာပါ။
စစ်ဆေးရာမှာ ဝန်ခံခဲ့တဲ့အတွက် ကလေးငယ်ကို သွေးဆောင်ပြီးလိင်တူပေါင်းသင်းခဲ့မှုအတွက် ထောင်ဒဏ် ၁၁၁ နှစ်၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုအတွက် ထောင်ဒဏ် ၁၈ နှစ်အဖြစ် နှစ်မှုစီရင်ချက် ချခဲ့တာဖြစ်ပြီး တစ်ပေါင်းတည်း ကျခံစေဆိုတဲ့ စီရင်ချက်ကြောင့် ထောင်ဒဏ် ၁၁၁ နှစ် ကျခံရတော့မှာဖြစ်ပါတယ်။
သူနဲ့ စိတ်တူကိုယ်တူ မော်ဒယ်အေဂျင်စီထူထောင်သူ ဒါနူဒတ်ဆန်ကယူ ဆိုသူဟာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၀၀၀ ကျော်ကို သွေးဆောင်ပေါင်းသင်းခဲ့သလို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ လုပ်ခဲ့ကြောင်း ရိုက်ယူထားတဲ့ ဓာတ်ပုံမှတ်တမ်း ၅ သိန်းကျော်နဲ့တကွကို ဖမ်းဆီးရမိခဲ့တာဖြစ်လို့ စွဲချက်ပေါင်း ၆၀ နီးပါးနဲ့ ရုံးတင်ခံရသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတည်းက ထောင်ဒဏ် ၁၂၁ နှစ်နဲ့ ၂၂၃ လ၊ နစ်နာသူ ကလေးငယ် ၈ ဦးအတွက် ဘတ် ၂ . ၁ သန်းပေးရမယ်လို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။
ကျောင်းဆရာ တီး ဟာလည်း စာသင်းကျောင်းထဲက နားနေခန်း၊ ရုပ်မြင်သံကြားခန်းတွေထဲမှာကို ကျောင်းသား လူငယ်လေးနဲ့ လိင်ပိုင်းဆိုင်ရာအမှုတွေ ကျူးလွန်ခဲ့ကြောင်း သက်သေတွေရရှိတာကြောင့် ထောင်ဒဏ် ၁၁၁ နှစ် အပြင် နစ်နာသူ ကလေးငယ်အတွက် ဘတ် ၁ . ၅ သန်း၊ နစ်နာသူမိခင် ထိခိုက်ခံစားရမှုအတွက် ဘတ် ၆၅၀၀၀၀ ပါပေးဆောင်ဖို့ အမိန့်ချမှတ် ခံလိုက်ရတာဖြစ်ပါတယ်။
Ref: The Nation Thailand
MKF-001
#MeKongNews








