နေ့စဥ်သတင်း

လားရှိူးမြို့လုံခြုံရေး MNDAA တင်းကြပ်၊ မသင်္ကာဖွယ်ရာတွေ့ရင် သတင်းပေးနိုင်

မဲခေါင် 10 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၀ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့တွင်းမှာ မသင်္ကာဖွယ်ရာအခြေအနေတွေ တွေ့ရှိပါကသတင်းပေး သတင်းယူနိုင်ဖို့ အွန်လိုင်းစာမျက်နှာတစ်ခု ဖွင့်ထားတဲ့အပြင် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ လုံခြုံရေးအဖွဲ့နဲ့ မှုခင်းကိစ္စကိုင်တွယ်တာတွေ ပြုလုပ်နေတယ်လို့ MNDAA ပြန်ကြားရေးက ဖော်ပြလာပါတယ်။ လားရှိုးမြို့တွင်းမှာ စစ်ကောင်စီသတင်းပေးတွေ၊ သူခိုးတွေ၊ မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ၊ လုယက်မှုတွေနဲ့ မသင်္ကာဖွယ်ရာအခြေအနေတွေ တွေ့ရှိပါက Lashio Info Page ရဲ့ Messenger သို့မဟုတ် Lashio InfoTelegram မှ တစ်ဆင့် သတင်းပေးပို့ တိုင်ကြားနိုင်တယ်လို့ ဒီနေ့ (ဒီဇင်ဘာ ၁၀)မှာ ဖော်ပြလာတာပါ။ ဒေသတွင်း စစ်ကောင်စီ သတင်းပေးသူတွေ၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်ရန် ကြံစည်မှုတွေကို သိရှိပါက သတင်းပေး

မဲခေါင်၊ ဒီဇင်ဘာ ၁၀

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့တွင်းမှာ မသင်္ကာဖွယ်ရာအခြေအနေတွေ တွေ့ရှိပါကသတင်းပေး သတင်းယူနိုင်ဖို့ အွန်လိုင်းစာမျက်နှာတစ်ခု ဖွင့်ထားတဲ့အပြင် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ လုံခြုံရေးအဖွဲ့နဲ့ မှုခင်းကိစ္စကိုင်တွယ်တာတွေ ပြုလုပ်နေတယ်လို့ MNDAA ပြန်ကြားရေးက ဖော်ပြလာပါတယ်။

လားရှိုးမြို့တွင်းမှာ စစ်ကောင်စီသတင်းပေးတွေ၊ သူခိုးတွေ၊ မှုးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ၊ လုယက်မှုတွေနဲ့ မသင်္ကာဖွယ်ရာအခြေအနေတွေ တွေ့ရှိပါက Lashio Info Page ရဲ့ Messenger သို့မဟုတ် Lashio InfoTelegram မှ တစ်ဆင့် သတင်းပေးပို့ တိုင်ကြားနိုင်တယ်လို့ ဒီနေ့ (ဒီဇင်ဘာ ၁၀)မှာ ဖော်ပြလာတာပါ။

ဒေသတွင်း စစ်ကောင်စီ သတင်းပေးသူတွေ၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်ရန် ကြံစည်မှုတွေကို သိရှိပါက သတင်းပေး တိုင်ကြားပေးနိုင်ကြဖို့ နှိုးဆော်အပ်ပါတယ်လို့လည်း MNDAA ရဲ့ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီလိုသတင်းပေးတိုင်ကြားခြင်းအားဖြင့် လားရှိုးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာတွေကို ကြိုတင်တားဆီးနိုင်ပြီး ပြည်သူ့အိုးအိမ် အသက်ကို ကာကွယ်ရာရောက်ပါမယ်လို့ အသိပေးထားပါတယ်။

လားရှိုးစစ်ရေးအုပ်ချုပ်မှုကော်မတီရဲ့ စီမံကွပ်ကဲမှုနဲ့ ဖွဲ့စည်းထားတဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ မြို့ပြန်လည်ထူထောင်ရေးကာလအတွင်းမှာ အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

“ဒေသခံပြည်သူလူထု လုံခြုံရေးအတွက် ရပ်ကွက်အတွင်း ကင်းလှည့်တယ်၊ ဒုစရိုက်မှုပပျောက်ရေးအတွက် သတင်းပေးစနစ်ကျင့်သုံးပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတယ်၊ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ပြီး အချိန်နဲ့တပြေးညီ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်” လို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေကို တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ အမျိုးသမီးတွေ အပါအဝင် ရပ်ကွက်ကျေးရွာအလိုက် ဖွဲ့စည်းထားပြီး မှုခင်းအသေးတွေနဲ့ လက်နက်မပါသူတွေကို ဖြေရှင်းနေပြီး လက်နက်ပါသူတွေနဲ့ ရာဇဝတ်မှုတွေကိုတော့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖြေရှင်းနေတယ်လို့ ရပ်ကွက်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့အင်အားက အခုလက်ရှိ လားရှိုးမြို့ကို လွှမ်းခြုံနိုင်တဲ့အနေအထားတော့ ရှိပါတယ်” လို့ လုံခြုံရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

MNDAA ဟာ လားရှိုးကို အုပ်ချုပ်ရေးခိုင်မာအောင် လုပ်ဆောင်နေပြီး မြို့ပေါ်မှာလည်း စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေကို ရပ်ကွက်လိုက် စာရင်းကောက်ယူနေသလို ပြီးခဲ့တဲ့လအတွင်းမှာ စစ်ကောင်စီသတင်းပေးတွေကို ဖော်ထုတ်ရရှိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ကြေညာထားပါတယ်။

MK-012
#MekongNews
#လားရှိုး
#MNDAA
#လုံခြုံရေး
#တင်းကြပ်
#ထုတ်ပြန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now