နေ့စဥ်သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည် အပါအဝင် ဒေသတချို့မှာ မိုးရွာသွန်းနိုင်၊ ဆောင်းသီးနှံတွေအတွက် ဖျက်မိုး သတိပြုရန်လို

မဲခေါင် 9 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၉ ဒီနေ့ကစပြီး တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း တစ်ခုဖြစ်ပေါ်လာနိုင်တာကြောင့် ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အပါအဝင်ဒေသတချို့မှာ နေရာကွက်ကြားမိုးရွာနိုင်ပြီး ဆောင်းသီးနှံတွေအတွက်ဖျက်မိုးသတိပြုဖို့ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM) က ဒီနေ့(ဒီဇင်ဘာ ၉ ) သတင်းထုတ်ပြန်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းအတွင်း ဒီနေ့ကစပြီး အစပျိုးလာတဲ့ လေဖိအားနည်းရပ်၀န်းတစ်ခုမှာ ဒီဇင်ဘာ ၁၀ ရက်ကစတင်ပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်၀န်းအဆင့်ကို ရောက်ရှိလာနိုင်ခြေရှိကာ ဒီဇင်ဘာ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ တမီးလ်နာဒူးကမ်းခြေကို ဖြတ်ကျော်ကာ အားလျော့သွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်တွေမှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ နောက်ထပ်

မဲခေါင်၊ ဒီဇင်ဘာ ၉

ဒီနေ့ကစပြီး တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း တစ်ခုဖြစ်ပေါ်လာနိုင်တာကြောင့် ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အပါအဝင်ဒေသတချို့မှာ နေရာကွက်ကြားမိုးရွာနိုင်ပြီး ဆောင်းသီးနှံတွေအတွက်ဖျက်မိုးသတိပြုဖို့ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM) က ဒီနေ့(ဒီဇင်ဘာ ၉ ) သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းအတွင်း ဒီနေ့ကစပြီး အစပျိုးလာတဲ့ လေဖိအားနည်းရပ်၀န်းတစ်ခုမှာ ဒီဇင်ဘာ ၁၀ ရက်ကစတင်ပြီး အားကောင်းတဲ့ လေဖိအားနည်းရပ်၀န်းအဆင့်ကို ရောက်ရှိလာနိုင်ခြေရှိကာ ဒီဇင်ဘာ ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ တမီးလ်နာဒူးကမ်းခြေကို ဖြတ်ကျော်ကာ အားလျော့သွားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်တွေမှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ နောက်ထပ် လေပွေလှိုင်းတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်ပြီး အဆိုပါလေပွေလှိုင်းမှာလည်း တမီလ်းနာဒူးကမ်းခြေဘက်သို့သာ ဦးတည်ရွေ့သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီနေ့မှစတင်ကာ ရှမ်းပြည်၊ ကရင်နီပြည်နဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကွက်ကျားမိုးရွာသွန်းနိုင်ပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

ဒီအပြင် ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၅ ရက်အထိ ရခိုင်ပြည်နယ်၊ ဧရာ၀တီ၊ ရန်ကုန်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်တောင်ပိုင်းတွေမှာ မိုးဆက်လက်ရွာနိုင်တယ်လို့ MOHADM က ခန့်မှန်းထားပါတယ်။

၂၀၂၄ ခုနှစ် မုတ်သုန်ရာသီပြီးဆုံးချိန်ကာလမှာ ပြီးခဲ့တဲ့ (၂၀၂၃/၂၄) ရာသီထက် ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်ပြင်နဲ့ ပစ္စိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာ တိုင်းဖွန်းမွန်တိုင်နဲ့ ဆက်စပ်နေတဲ့လေဗွေလှိုင်းတွေ အာရှတိုက်ကုန်းမြေဘက်ကို ၀င်ရောက်လာမှုများပြားနိုင်တာကို သတိပြုရန်နဲ့ ဆောင်းသီးနှံတွေအတွက်လည်း ဖျက်မိုးအဖြစ် ကြုံတွေ့နိုင်တယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

CJ-017
#MekongNews
#ရှမ်းပြည်
#ကရင်နီပြည်
#မိုးရွာနိုင်
#ဆောင်းသီးနှံ
#ဖျက်မိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now