နေ့စဥ်သတင်း

ဒီးမော့ဆိုစစ်ရှောင်တွေအတွက် လိုတရ ရန်ပုံငွေဈေးဆိုင်တွေ ဖွင့်လှစ်

မဲခေါင် 7 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ-၇ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း ၁၅ ခုမှာ Clean yangon က ဦးစီးပြီး ရန်ပုံငွေဈေးဆိုင်တွေ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုင်ဖွင့်ထားတဲ့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ အောက်တိုဘာ ပထမပတ်ကစပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား Clean yangon က ဦးဆောင်ကာ လိုတရ ရန်ပုံငွေဈေးဆိုင်တွေဖွင့်လှစ်ဖို့အတွက် စစ်ရှောင်စခန်းကတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတဲ့နောက် စစ်ရှောင်စခန်းတစ်ခုကို တစ်ဆိုင်နှုန်း ဖွင့်လှစ်ပေးဖြစ်တယ်လို့ သိရပါတယ်။ “ဆိုင်က စစ်ရှောင်တွေအတွက် အရမ်းအထောက်အကူဖြစ်တယ်၊ ဆန်လိုရင် ဝေးဝေးသွားဝယ်စရာလည်း မလိုတော့ဘူး၊ ဓာတ်ဆီဖိုးသက်သာတယ်၊ နောက် ရံပုံငွေသေချာလည်ပတ်ပြီး ခြောက်လလောက်ဆိုရင် တအားလိုအပ်တဲ့ မိသားစုအတွက် ဆေးရုံဆေးခန်းသွားဖို့လိုရင် ငွေကူဖို့ ရည်ရွယ်ချက်မျိုးရှိတာပေါ့နော်”လို့ ဆန်ဆိုင်ဖွင့်ထားတဲ့ စစ်ရှောင်စခန်းက

မဲခေါင်၊ ဒီဇင်ဘာ-၇

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း ၁၅ ခုမှာ Clean yangon က ဦးစီးပြီး ရန်ပုံငွေဈေးဆိုင်တွေ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုင်ဖွင့်ထားတဲ့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

အောက်တိုဘာ ပထမပတ်ကစပြီး ပြည်တွင်းပြည်ပက အလှူရှင်တွေကိုယ်စား Clean yangon က ဦးဆောင်ကာ လိုတရ ရန်ပုံငွေဈေးဆိုင်တွေဖွင့်လှစ်ဖို့အတွက် စစ်ရှောင်စခန်းကတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးတဲ့နောက် စစ်ရှောင်စခန်းတစ်ခုကို တစ်ဆိုင်နှုန်း ဖွင့်လှစ်ပေးဖြစ်တယ်လို့ သိရပါတယ်။

“ဆိုင်က စစ်ရှောင်တွေအတွက် အရမ်းအထောက်အကူဖြစ်တယ်၊ ဆန်လိုရင် ဝေးဝေးသွားဝယ်စရာလည်း မလိုတော့ဘူး၊ ဓာတ်ဆီဖိုးသက်သာတယ်၊ နောက် ရံပုံငွေသေချာလည်ပတ်ပြီး ခြောက်လလောက်ဆိုရင် တအားလိုအပ်တဲ့ မိသားစုအတွက် ဆေးရုံဆေးခန်းသွားဖို့လိုရင် ငွေကူဖို့ ရည်ရွယ်ချက်မျိုးရှိတာပေါ့နော်”လို့ ဆန်ဆိုင်ဖွင့်ထားတဲ့ စစ်ရှောင်စခန်းက အမျိုးသမီးတဦးက ပြောပါတယ်။

လိုတရ ရန်ပုံငွေဆိုင် စုစုပေါင်း ၁၅ ဆိုင်ရှိပြီး ဓာတ်ဆီဆိုင်၊ ဆန်ဆိုင်၊ ကုန်စုံဆိုင်၊ starlink အင်တာနက်ဆိုင်၊ ဖယောင်းတိုင်ထုတ်လုပ်ရေး၊ငွေစုငွေချေးလုပ်ငန်း စတဲ့ ဆိုင်တွေကို စစ်ရှောင်ပြည်သူတွေရဲ့ သဘောဆန္ဒအလိုက် တစ်ဆိုင်ကို မတည်ငွေ သိန်း ၁၀၀ ကနေသိန်း ၁၃၀ အထိ ထုတ်ပေးပြီးလုပ်ငန်းလည်ပတ်စေတယ်လို့ သိရပါတယ်။

“ရန်ပုံငွေကို အလေအလွင့်မရှိအောင်လို့ ကော်မတီတွေဖွဲ့ပြီး ရန်ပုံငွေတာဝန်ခံကသပ်သပ်၊ စျေးရောင်းတာဝန်ခံက သပ်သပ်ရှိရမယ်၊ စစ်ရှောင်ကကော်မတီဝင် သုံးယောက်လည်း ပါဝင်ပြီးတော့ အချင်းချင်းပြန်ထိန်းကျောင်းတဲ့စနစ်နဲ့ လုပ်ထားပါတယ်” လို့ Clean yangon မှ ကိုဇေယျာထွန်းက ပြောပါတယ်။

ရန်ပုံငွေဆိုင် ၁၅ ဆိုင်မှာ အိမ်ထောင်စု ၁၀၀ဝ ကျော်နဲ့ လူဦးရေ ၄၅၀၀ ကျော်ကပါဝင်လည်ပတ်နေပြီး စစ်ရှောင်စခန်းမှာ သာရေး နာရေးကိစ္စတွေနဲ့ အလှူရှင်လာရောက်လှူဒါန်းမှု နည်းပါးတဲ့အခါ ကိုယ်ထူကိုယ်ထဖြေရှင်းနိုင်စေဖို့အတွက် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။

CJ-004
#MekongNews
#ဒီးမော့ဆို
#လိုတရ
#ရန်ပုံငွေဆိုင်
#မတည်ငွေ
#သိန်း၁၀၀

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now