မဲခေါင်၊ ဒီဇင်ဘာ ၄
ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကျူးကျော်စစ်မှာ နယ်မြေစုစုပေါင်း ၂၀ ရာခိုင်နှုန်းသာ သိမ်းပိုက် ထိန်းချုပ်ထား နိုင်ပေမယ့် မကြာခင် ဒီမအောင်မြင်တဲ့ စစ်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အောင်ပွဲအခမ်းအနားကျင်းပဖို့ သူ့လက်အောက်ငယ်သား ခရိုနီတွေကို အမိန့်ပေး ပြင်ဆင်ခိုင်းထားကြောင်း သိရှိရပါတယ်။
ရုရှားနေ့စဉ်ထုတ် သတင်းစာ Kommersant နဲ့ The Moscow Times အပါအဝင် ပြည်တွင်း မီဒီယာတွေမှာ ပူတင်ဟာ အလုံးစုံ စစ် နိုင်တာမဟုတ်ပေမယ့် မြို့တော်ဝန်တွေနဲ့ မော်စကိုမြို့အနီးမှာ ၄ ရက်တာ အစည်းအဝေးလုပ်ပြီး ယူကရိန်းစစ်ပွဲ အောင်နိုင်ခြင်းအခမ်းအနားကြီးကျင်းပဖို့ လေ့ကျင့်ပြင်ဆင်ခိုင်းထားပြီဖြစ်တယ် လို့ ဖော်ပြခဲ့ကြပါတယ်။
တစ်ကမ္ဘာလုံးက မကြာမီရက်အတွင်း ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတရာထူး ဆက်ခံပြီးရင် ၂၄ နာရီအတွင်း ရုရှား-ယူကရိန်းစစ်ပွဲရပ်တန့်စေရမယ်လို့ ကြွေးကျော်ထားမှုအပေါ် နားစွင့်နေကြချိန် ထရမ့်တင်သွင်းတဲ့ စစ်ပွဲ ရပ်ရေး အဆိုကို ယူကရိန်းနဲ့ ရုရှားတို့ ကနဦး လက်ခံထားဖွယ်ရှိတယ်လို့လည်း သုံးသပ်နေကြပါတယ်။
ထရမ့်ရဲ့ အဆိုမှာ ယူကရိန်းဆီက ရုရှားအရင်ကတည်းက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသသာမက လက်ရှိ ရက် ၁၀၀၀ ကျော်ကာလအတွင်း ထပ်မံသိမ်းပိုက်ထားတဲ့ ဒေသ ၄ ခုကိုပါ ရုရှားက ဆက်လက် ပိုင်ဆိုင်စေဖို့ ပါရှိပါတယ်။
ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း နယ်မြေစွန့်လွှတ်ပြီး အပစ်အခတ်ရပ်ဖို့ သဘောတူနိုင်ကြောင်း ဖွင့်ပြောလာပေမယ့် ရုရှား ကန့်ကွက်ထားတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ပေးရေးကို အားချင်းလိုလား ပြီး နှစ်နယ်မြေကြား စစ်မဲ့ဇုန်မှာ နေတိုးရဲ့ အစောင့်အရှောက်ခံယူနိုင်ရေး၊ နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံပြီး စွန့်လွှတ်နယ်မြေတွေကို သံတမန်နည်းလမ်းနဲ့ ပြန်လည်ဆောင်းဆိုဖို့ ဆန္ဒရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီအခြေအနေမှာ စစ်သည်ပေါင်း ၇၅၀၀၀၀ သေကြေ၊ သုံးစားမရ ဒဏ်ရာရသူတွေ ရှိခဲ့တဲ့ကြားက အလုံးစုံ စစ်အောင်နိုင်ခြင်းမရှိဘဲ နယ်မြေ ၂၀ ရာခိုင်နှုန်းသာ သိမ်းနိုင်ခဲ့မှုအပေါ် ရုရှားပြည်သူတွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ၊ အရေးပါတဲ့ ခရိုနီတွေက ပူတင်ရဲ့ စစ်အောင်ပွဲအသွင် အခမ်းအနားကျင်းပပြီး ပုံဖျက်တဲ့အရေးကို မကျေနပ်မှုတွေ၊ ကန့်ကွက်မှုတွေလည်း ရှိနေလို့ ပူတင်အတွက် ဒီအင်အားစုရဲ့ ထောက်ခံမှု ရမှသာ စစ်အောင်ပွဲ ကျင်းပနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်နေကြပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#စစ်အောင်ပွဲ
#ပူတင်
#ကျင်းပ
#မအောင်မြင်








