နေ့စဥ်သတင်း

ရှမ်းပြည်အတွင်းက စစ်ဘေးရှောင် ၂၀၀၀ ကျော်အတွက် စောင်နဲ့ အနွေးထည် အရေးပေါ်လိုအပ်နေ

မဲခေါင် 30 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၃၀ ဆောင်းရာသီရောက်ရှိလာပြီဖြစ်လို့ ရှမ်းပြည်အတွင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်အတွက် စောင်နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ Tai Youth Humanitarian Assistance Committee (TYHAC)ထံက သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ဘေးရှောင် ၁၀၀၀ ကျော် ၊ သီပေါ်မြို့နယ်မှာ စစ်ဘေးရှောင် ၁၀၀ ကျော်၊ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀ ကျော်၊ ကျေးသီးမြို့နယ်မှာ ၃၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ မဟုတ်ပေမယ့် နီးစပ်ရာမှာ ခိုလှုံနေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “စစ်ဘေးရှောင်စခန်း အတိအကျ ဘယ်နှစ်ခုဘာညာတော့ သူတို့လုံခြုံရေးအရ ပြောလို့မရဘူး၊ အဓိကကတော့

မဲခေါင်၊ နိုဝင်ဘာ ၃၀

ဆောင်းရာသီရောက်ရှိလာပြီဖြစ်လို့ ရှမ်းပြည်အတွင်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်အတွက် စောင်နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ Tai Youth Humanitarian Assistance Committee (TYHAC)ထံက သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ဘေးရှောင် ၁၀၀၀ ကျော် ၊ သီပေါ်မြို့နယ်မှာ စစ်ဘေးရှောင် ၁၀၀ ကျော်၊ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀ ကျော်၊ ကျေးသီးမြို့နယ်မှာ ၃၀၀ ကျော်ရှိနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ မဟုတ်ပေမယ့် နီးစပ်ရာမှာ ခိုလှုံနေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင်စခန်း အတိအကျ ဘယ်နှစ်ခုဘာညာတော့ သူတို့လုံခြုံရေးအရ ပြောလို့မရဘူး၊ အဓိကကတော့ ရှမ်းမြောက်ဘက်မှာ ကျန်ခဲ့တဲ့သူတွေအတွက်က စကစ က လမ်းတွေပိတ်ထားလို့ အကုန်လိုတယ်ပေါ့။ လောလောဆယ်က စစ်ရှောင်က ရှမ်းမြောက်တင် မဟုတ်ဘူး၊ ပင်လောင်းဘက်ကစစ်ရှောင်တွေလည်း ရှိတယ်” လို့ TYHACရဲ့ တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေအတွက် TYHAC က အလှူငွေကောက်ခံကာ သွားရောက်လှူဒါန်းပေးဖို့ ပြင်ဆင်နေပြီး စောင်တစ်ထည်ကို ၁၅၀၀၀ ကျပ်၊ အနွေးထည်တစ်ထည်ကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ ပါဝင်လှူဒါန်းနိုင်သလို ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ For international transfer(Paypal : [email protected])၊ နဲ့ KBZ Pay(09261851120) ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးတွေအတွင်း တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရှမ်းမြောက်က ဘေးလွတ်ရာဒေသနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရသလို တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကျေးသီး၊ မိုင်းကိုင်၊ နမ့်စန် စတဲ့ ဒေသမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် တိမ်းရှောင်နေရသူ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-TYHAC
CJ-003
#MekongNews
#ဆောင်းရာသီ
#စစ်ရှောင်
#စောင်အနွေးထည်
#ရှမ်းပြည်အတွင်း
#လှူဒါန်းနိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now