တောင်ကြီးအထက(၃) ဘင်ခရာအသင်းရံပုံငွေအတွက် ဆရာ-ဆရာမတွေထံက တစ်ဦး ၄၀၀၀၀ကျပ် ကောက်ခံနေ
မဲခေါင်၊ နိုဝင်ဘာ ၂၈
တောင်ကြီးမြို့ရှိ အမှတ်( ၃ )အခြေခံပညာအထက်တန်းမှာ ဘင်ခရာအသင်း ပြိုင်ပွဲ၀င်ဖို့ ရံပုံငွေမလုံလောက်လို့ ဆရာ-ဆရာမတွေထံကနေ တစ်ဦးကို ၄၀၀၀၀ကျပ်နှုန်း ကောက်ခံနေလို့ အခက်တွေ့နေရတယ်လို့ ကျောင်းဆရာ-မတွေနဲ့ ရင်းနှီးသူတွေထံကနေ သိရပါတယ်။
အထက(၃)မှာ သင်ကြားရေးဆရာ-ဆရာမ ၄၀ ဦးခန့်ရှိပြီး ကျောင်း ပြင်ပမှာကျူရှင်ဖွင့်လှစ်သင်ကြားနေသူ ၃၅ ဦးထံက ရံပုံငွေကောက်ခံဖို့ အသစ်ပြောင်းရွေ့လာတဲ့ကျောင်းအုပ်ကြီးက နိုဝင်ဘာ၂၂ရက်ကစေခိုင်းထားတာကြောင့် အနည်းစုကထည့်ဝင်ကြပေမယ့် အများစုက စားဝတ်နေရေးမပြေလည်လို့ မထည့်ဝင်နိုင်သေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် တောင်ကြီးမြို့ပေါ်ရှိ စာသင်ကျောင်းတွေမှာ ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲပိုင်းအချို့ကကျောင်းဆရာ-ဆရာမတွေ၊ ကျောင်းသူ-ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေထံကနေ ပုံစံမျိုးစုံနဲ့ ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေတာဟာ တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေတယ်လို့လည်း သိရပါတယ်။
CJ-003
#MekongNews









