နေ့စဥ်သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဟိုနမ့်ဒေသမှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့ ၃၁ ဦး သေဆုံး

မဲခေါင် 27 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၇ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့နဲ့ PNO တို့ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီကနေ့(နိုဝင်ဘာလ ၂၇)ထိ နေ့စဉ် တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဘက်က ၃၁ ဦး သေဆုံးခဲ့တယ်လို့ PNLO ရဲ့ စစ်ဖက်ဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံ က မဲခေါင်သတင်းဌာနကို ပြောပါတယ်။ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်းတပ်ဖွဲ့က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို ပစ်ပယ်ပြီး PNLO ရဲ့ ထိန်းချုပ်နယ်မြေ၊ ပအိုဝ်းဒေသကို ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ PNLOက ဒီကနေ့

မဲခေါင်၊ နိုဝင်ဘာ ၂၇

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့နဲ့ PNO တို့ နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီကနေ့(နိုဝင်ဘာလ ၂၇)ထိ နေ့စဉ် တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီဘက်က ၃၁ ဦး သေဆုံးခဲ့တယ်လို့ PNLO ရဲ့ စစ်ဖက်ဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံ က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)ပူးပေါင်းတပ်ဖွဲ့က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို ပစ်ပယ်ပြီး PNLO ရဲ့ ထိန်းချုပ်နယ်မြေ၊ ပအိုဝ်းဒေသကို ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ PNLOက ဒီကနေ့ ထုတ်ပြန်အသိပေးထားပါတယ်။

နိုဝင်ဘာလ ၂၀ ရက်က စတင်ကာ ဟိုနမ့်ဒေသကို စစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ကာ PNLO ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့(နိုဝင်ဘာလ ၂၆)ကလည်း ဟိုနမ့်ဒေသတောင်ဘက်ရှိ PNLA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးတာလည်း ရှိပါတယ်၊ ဒါပေမယ့် အဲဒါကိုတော့ အတည်ပြုနေဆဲပါ။ ၂၀ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲတွေက နေ့စဉ်ဖြစ်ပွားနေပါတယ်။ အဓိကကတော့ ကျနော်တို့နေနေတဲ့ တောထဲအထိကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပွားနေရတာ ဖြစ်ပါတယ်” လို့ ခွန်ရိန်းယံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

PNLO အနေနဲ့ ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို အလေးထားပြီးတော့ တိုက်ပွဲမဖော်ဆောင်ပေမယ့် စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို ပစ်ပယ်ပြီး PNLO တပ်စခန်းရှိရာနဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

PNLO အနေနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေတာဖြစ်ပြီး လူပုဂ္ဂိုလ်ကို ရည်ရွယ်ကာ တိုက်ခိုက်နေတာ မဟုတ်သလို ပအိုဝ်းအချင်းချင်းတိုက်ခိုက်နေတာလည်း မဟုတ်ဘူးလို့ ခွန်ရိန်းယံက ပြောပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က နိုဝင်ဘာလ ၂၀ ရက်၊ မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ PNLO နယ်မြေအတွင်းရှိ အများပြည်သူအသုံးပြုနေတဲ့ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်း တံတားကို လေယာဉ်နဲ့ ဗုံးသုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

CJ-003
#MekongNews
#ဟိုနမ့်ဒေသ
#စစ်ကောင်စီPNO
#၃၁ဦးသေဆုံး
#PNLO
ဓါတ်ပုံ – PNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now