စစ်ရေးသတင်း

မထောစခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကို KNLA ကြားဖြတ်တိုက်လို့ ၁၀ ဦး သေဆုံး

မဲခေါင် 26 Nov - 2024
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ စစ်ကောင်စီရဲ့ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းက ထွက်ပြေးသွားသူတွေကို ကြားဖြတ်တိုက်ခိုက်လို့ ၁၀ ဦး ထပ်သေဆုံးတယ်လို့ KNU တပ်မဟာ ၅ က မနေ့က သတင်းထုတ်ပြန်ပါတယ်။

မထောစခန်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ကို KNLA ကြားဖြတ်တိုက်လို့ ၁၀ ဦး သေဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ စစ်ကောင်စီရဲ့ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စခန်းက ထွက်ပြေးသွားသူတွေကို ကြားဖြတ်တိုက်ခိုက်လို့ ၁၀ ဦး ထပ်သေဆုံးတယ်လို့ KNU တပ်မဟာ ၅ က မနေ့က သတင်းထုတ်ပြန်ပါတယ်။

KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်လို့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကစယ်သဲဖလယ် (တောင်းသုံးလုံး) နဲ့ ထွီသီးအူ (ခွေးသေ) ဘက်ကို တပ်ဆုတ်ပြေးချိန်မှာ ပူးပေါင်းအဖွဲ့တွေက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့လို့ အသေအဆုံးများခဲ့တာလို့ တပ်မဟာ ၅ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီအင်အား ၂၀ ခန့်ဟာလည်း ကစဥ့်ကလျား ထပ်မံဆုတ်ပြေးခဲ့ရပြန်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဥ်မှာ RPG-7 တလက်နဲ့ ၎င်းကျည်ဖူး (၃၈)လုံး၊ ၈၁မမတစ်လက်နဲ့ ၎င်းကျည်သီး (၆) လုံး၊ MA-1(၉) လက်၊ MA-2 (၄) လက်၊ MA-3 (၄) လက်၊ MA-4 (၂) လက်၊ ငါးမြီးစက်လတ် (၁) လက်၊ ၆၀ မမပြောင်းရှည် (၂) လက်၊ ၆၀ မမပြောင်းတို (၂) လက်၊ ရှေ့ထွက်မြေမြှုပ်ဗုံး(၃)လုံး၊ ၆၀မမကျည်(၁၂၃)လုံး၊ G-3ကျည် (၆၀၀၀) တောင့်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းမိခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံမှာ ခြေမြန်တပ်ရင်း ခမရ-၄၀၇၊ ခမရ-၄၀၈ နဲ့ ခမရ-၄၀၄ တပ်တွေ အခြေပြုတပ်စွဲထားတာလို့ မူတြော်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီစခန်းဟာ မဟာဗျူဟာအရ အရေးကြီးတဲ့စခန်းလို့ သိရပါတယ်။

ဖာပွန်မြို့ပတ်လည်မှာ ရှိတဲ့ စစ်ကောင်စီစခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဆက်တိုက်သိမ်းယူနေတာပါ။

မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ ခေါပုတ်စခန်း၊ မြို့နဲ့ ၇ မိုင်ခန့်ဝေးတဲ့ ကူးဆိပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဒီလအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး ယခု မထောစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပါ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now