စစ်ရေးသတင်း

လွယ်မောဒေသမှာ PNA ကတပ်စွဲဖို့ PNLA နဲ့ ညှိနှိုင်းထားတယ်ဆိုတာမဟုတ်ကြောင်း တာဝန်ရှိသူငြင်းဆို

မဲခေါင် 19 Nov - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောဒေသမှာ ပအိုဝ်းပြည်သူ့စစ် (PNA)က ဟိုပုံးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးယူပေးဖို့အတွက် အင်အား ၂၀၀ ခန့်နဲ့ တပ်စွဲထားတယ်လို့ ဒေသတွင်းနေထိုင်သူတွေက ပြောပါတယ်။

လွယ်မောဒေသမှာ PNA ကတပ်စွဲဖို့ PNLA နဲ့ ညှိနှိုင်းထားတယ်ဆိုတာမဟုတ်ကြောင်း တာဝန်ရှိသူငြင်းဆို

မဲခေါင်၊ နိုဝင်ဘာ ၁၉

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောဒေသမှာ ပအိုဝ်းပြည်သူ့စစ် (PNA)က ဟိုပုံးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေးယူပေးဖို့အတွက် အင်အား ၂၀၀ ခန့်နဲ့ တပ်စွဲထားတယ်လို့ ဒေသတွင်းနေထိုင်သူတွေက ပြောပါတယ်။

မနေ့ (နိုဝင်ဘာ ၁၈)ကတည်းက တပ်စွဲထားတာဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာ (Facebook) မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (PNLA)ရဲ့ သဘောတူညီချက်နဲ့တပ်စွဲတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဟိုပုံးတန်ဆောင်တိုင်ပွဲ ၅ ရက်တာအတွင်း တစ်ဖက်နဲ့တစ်ဖက်အပစ်ရပ်ကြဖို့သဘောတူညီချက်ပါရှိပြီး ရဲဘော် ခွန်ဝေဖြိုး ဦးဆောင်တဲ့အဖွဲ့က နယ်မြေလုံခြုံရေးအရ တပ်စွဲတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကို မေးမြန်းရာမှာ “စစ်အာဏာရှင်တွေနဲ့ ကျနော်တို့ကြား ဘာသဘောတူညီမှုမှမရှိပါ ၊အဲ့ဒီသတင်း မဟုတ်ပါ၊ မမှန်ပါလို့ ယတိပြတ်ပြောလိုပါတယ်” လို့ ဒီနေ့ နေ့လည်ပိုင်းက ဖြေကြားလာပါတယ်။

ဟိုပုံးမြို့နဲ့ ဆီဆိုင်မြို့ကြား အကွာအဝေးဟာ ၄၈ မိုင်ခန့်သာ ရှိပြီး ကားနဲ့ တစ်နာရီကျော်အတွင်း လာရောက်နိုင်တာကြောင့် လုံခြုံရေးအရ တပ်စွဲရတာလို့ PNA ဖက်ကဆိုပါတယ်။

PNLA တပ်ခွဲတချို့ရှိတဲ့ လွယ်မောတောင်ဒေသကို ၂၀၂၄ ခုနှစ် အစောပိုင်းကာလကတည်းက PNA တပ်တွေ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး အဲဒီရွာမှာအထိုင်ချကာ တခြားကျေးရွာတွေဘက်ကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်လေ့ရှိပါတယ်။

“အခု PNO တွေအကုန် ရောက်နေတယ်၊ လူလည်း ထပ်စုနေတယ်၊ တန်ဆောင်တိုင်အတွက်လည်း လုံခြုံရေးခေါ်နေတယ်” လို့ လွယ်မောဒေသခံတစ်ဦးက ပြောပါတယ်။

ဟိုပုံးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(PNO)ရဲ့ ဦးဆောင်မှုနဲ့ ဒီနေ့ (နိုဝင်ဘာ ၁၉)ကနေ ၂၃ ရက်နေ့အထိ ငါးရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး မီးပဒေသာလှည့်ပွဲ၊ မီးပုံးပျံနဲ့ မီးရှူးလွှတ်ပွဲတွေ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။

လွယ်မောဒေသမှာ ပြီးခဲ့တဲ့ မေ၊ ဇွန်၊ ဇူလိုင်လတွေအတွင်း စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်နဲ့ PNLA တို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လေကြောင်းကနေလည်း အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရဖူးတယ်။

ဆီဆိုင်မြို့နယ်ကို မေလပိုင်းကတည်းက PNLA တပ်တွေ လက်လွတ်ရပြီးနောက်ပိုင်း ပင်လောင်း – ဖယ်ခုံ လမ်းတစ်လျှောက်မှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ။ PNA စစ်အင်အားပြစဉ်ထုတ်ပြန်တဲ့ ပုံဟောင်း။
MK-14
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now