နေ့စဥ်သတင်း

PDF ဖမ်းဆီးထားသူတွေကို စစ်ကောင်စီက သွားရောက်ကယ်တင်လာတဲ့ပုံစံမျိုး ဝါဒဖြန့်ဖို့ စီစဉ်နေ

မဲခေါင် 16 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၆ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၊ အားကစားကွင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဖယ်ခုံပြည်သူ ၂၀၀ ကျော်ကို ဝါဒဖြန့်ဗွီဒီယိုရုက်ကူးရေးမှာအသုံးချကာ စစ်ကောင်စီလက်အောက်ခံ ရုပ်သံမီဒီယာများမှ ထုတ်လွှင့်ဖို့စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။ PDF တွေက ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီက ကယ်ထုတ်လာတဲ့ပုံစံမျိုး၊ PDF တွေလက်ထဲမှာ နေထိုင်ရပုံအခြေအနေတွေကို ဒေသခံတစ်ဦးချင်းက ပြောပြနေတဲ့ပုံစံမျိုး ဗွီဒီယိုရိုက်ကူးဖို့စီစဉ်နေတယ်လို့ ဖမ်းဆီးခံတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သူတို့ကို ကောင်းကောင်းထားတယ်၊ ဆွေမျိုးတွေလည်း လာတွေ့လို့ရတယ်” လို့ သွားရောက်ကြည့်ရှု့ခဲ့သူတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေ နေထိုင်တဲ့ကျေးရွာတွေဟာ တော်လှန်ရေး အင်အားစုတွေကို ထောက်ခံကြပြီး ထောက်ပံ့မှုတွေလည်း ပြုလုပ်ကြတယ်လို့ယူဆကာ စစ်ကောင်စီက ဝါဒဖြန့် စစ်ဆင်ရေးအနေနဲ့

မဲခေါင်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၊ အားကစားကွင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဖယ်ခုံပြည်သူ ၂၀၀ ကျော်ကို ဝါဒဖြန့်ဗွီဒီယိုရုက်ကူးရေးမှာအသုံးချကာ စစ်ကောင်စီလက်အောက်ခံ ရုပ်သံမီဒီယာများမှ ထုတ်လွှင့်ဖို့စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်ကိုပြောပါတယ်။

PDF တွေက ဖမ်းဆီးထားတဲ့ ဒေသခံတွေကို စစ်ကောင်စီက ကယ်ထုတ်လာတဲ့ပုံစံမျိုး၊ PDF တွေလက်ထဲမှာ နေထိုင်ရပုံအခြေအနေတွေကို ဒေသခံတစ်ဦးချင်းက ပြောပြနေတဲ့ပုံစံမျိုး ဗွီဒီယိုရိုက်ကူးဖို့စီစဉ်နေတယ်လို့ ဖမ်းဆီးခံတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ကို ကောင်းကောင်းထားတယ်၊ ဆွေမျိုးတွေလည်း လာတွေ့လို့ရတယ်” လို့ သွားရောက်ကြည့်ရှု့ခဲ့သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေ နေထိုင်တဲ့ကျေးရွာတွေဟာ တော်လှန်ရေး အင်အားစုတွေကို ထောက်ခံကြပြီး ထောက်ပံ့မှုတွေလည်း ပြုလုပ်ကြတယ်လို့ယူဆကာ စစ်ကောင်စီက ဝါဒဖြန့် စစ်ဆင်ရေးအနေနဲ့ တန်ပြန်အသုံးချဖို့ စီစဉ်ထားတာလို့ဆိုပါတယ်။

ဝါဒဖြန့် ဗီဒီယိုတွေ ရိုက်ကူးပြီးရင် နေထိုင်ခွင့် လက်မှတ်ထုတ်ပေးပြီး ခံဝန်ကတိနဲ့ ပြန်လည်နေထိုင်ခွင့် ပြုမယ့်အပြင် လက်ရှိအားကစားရုံမှာ ပြန်လည်နေထိုင်ရင်လည်း စစ်ကောင်စီက လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးမယ်ဆိုပြီး စည်းရုံးထားတယ်လို့ သူကပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ သာမာန်တောင်သူ၊ ၇၀ ကျော်သက်ကြီးရွယ်အို၊ လေဖြတ်နေသူ၊ နာတာရှည်ရောဂါသည်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ကလေးသူငယ်တွေ ပါဝင်ကြပြီး စားရေးသောက်ရေး အခက်အခဲမရှိပေမယ့်နေရာထိုင်ခင်း အဆင်မပြေမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ သူတို့ စားဝတ်နေရေးကို ပင်လောင်းမြို့ခံတွေက တာဝန်ယူစီစဉ်ပေးထားပြီး လာရောက်လှူဒါန်းလိုသူတွေလည်း သွားရောက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

“ကျနော်ရောက်တဲ့အချိန် စစ်ရှောင်တွေသုံးဖို့ ရေကားစီစဉ်ပေးနေတာ၊ တစ်ပတ်လောက်ပဲတဲ့။ လမ်းအခြေအနေကောင်းရင် စစ်တပ်က ပြန်ပို့ပေးမှာတဲ့၊ အခုလုံခြုံအောင်ထားထားတာတဲ့၊ ဓါတ်ပုံရိုက်ခွင့်တော့ မပေးဘူး” လို့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်က ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီ စစ်ကြောင်းထိုးပြီးနောက် ပူချယ်၊ ကုန်းဆုံ၊ လုံကာကျေးရွာတို့ကနေ အရပ်သား ၂၀၀ ကျော်ကိုဖမ်းဆီးခဲ့ပြီး ပင်လောင်းမြို့၊ လေ့ကျင့်ရေးတပ်မှာ ချုပ်နှောင်ခဲ့ပြီးနောက်မှာ ပင်လောင်းအားကစားကွင်းကို ပြောင်းရွှေ့ထိန်းသိမ်းထားတာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း စစ်ကောင်စီက ဖယ်ခုံမြို့နယ် ပူချယ်ရွာသား ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် သေဒဏ်ပေးခဲ့ဖူးပါတယ်။

MK-14
#MeKongNews
#ရှမ်းပြည်တောင်ပိုင်း
#ပင်လောင်းမြို့နယ်
#အားကစားရုံ
#ဖမ်းဆီးထိန်းသိမ်း
#ဖယ်ခုံမြို့နယ်
#ပူချယ်ရွာ
#စစ်ကောင်စီ
#ဝါဒဖြန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now