နေ့စဥ်သတင်း

ဒီးမော့ဆို အနောက်ခြမ်းစစ်ရှောင်စခန်းတွေအတွက် ဆေးဝါး အပါအဝင် အနွေးထည်နဲ့ စောင်တွေ လိုအပ်လာ

မဲခေါင် 16 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ-၁၆ ဆောင်းရာသီဝင်ရောက်ပြီဖြစ်လို့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေ အအေးဒဏ်ရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်ပွါးနေတာကြောင့် ဆေးဝါး အပါအဝင် အနွေးထည်နဲ့ စောင်တွေ အရေးတကြီး လိုအပ်လာပါတယ်။ အေးချမ်းတဲ့ရာသီဥတုမှာ နွေးနွေးထွေးထွေးနေဖို့လိုအပ်သော်လည်း စောင်နှင့် အနွေးထည်မရှိတာကြောင့် အအေးဒဏ်ကြောင့်ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုးနဲ့ ဖျားနာခြင်းကဲ့သို့ ရောဂါများ ဖြစ်ပွါးသူ များပြားလာတယ်လို့ သိရပါတယ်။ “အခုက အရမ်းအေးလာတော့ မခံစားနိုင်ဘူး။ သုံးယောက်ရှိရင် စောင်ကိုထပ်ပြီး သုံးယောက်ကွေးအိပ်ရတယ်။ တအားအေးတော့ အဲ့လိုပဲလုပ်ရတယ်။ ညဖက် မီးဖိုချင်ပေမယ့် လေယာဉ်ကြောင့် မဖိုရဲဘူး” လို့ စိန်ရောင်ခြည်စစ်ရှောင်စခန်းက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကပြောပါတယ်။ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ဝန်းကျင်ရှိတဲ့ စိန်ရောင်ခြည်စစ်ရှောင်စခန်းမှာ

မဲခေါင်၊ နိုဝင်ဘာ-၁၆

ဆောင်းရာသီဝင်ရောက်ပြီဖြစ်လို့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေ အအေးဒဏ်ရဲ့ နောက်ဆက်တွဲရောဂါတွေဖြစ်ပွါးနေတာကြောင့် ဆေးဝါး အပါအဝင် အနွေးထည်နဲ့ စောင်တွေ အရေးတကြီး လိုအပ်လာပါတယ်။

အေးချမ်းတဲ့ရာသီဥတုမှာ နွေးနွေးထွေးထွေးနေဖို့လိုအပ်သော်လည်း စောင်နှင့် အနွေးထည်မရှိတာကြောင့် အအေးဒဏ်ကြောင့်ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုးနဲ့ ဖျားနာခြင်းကဲ့သို့ ရောဂါများ ဖြစ်ပွါးသူ များပြားလာတယ်လို့ သိရပါတယ်။

“အခုက အရမ်းအေးလာတော့ မခံစားနိုင်ဘူး။ သုံးယောက်ရှိရင် စောင်ကိုထပ်ပြီး သုံးယောက်ကွေးအိပ်ရတယ်။ တအားအေးတော့ အဲ့လိုပဲလုပ်ရတယ်။ ညဖက် မီးဖိုချင်ပေမယ့် လေယာဉ်ကြောင့် မဖိုရဲဘူး” လို့ စိန်ရောင်ခြည်စစ်ရှောင်စခန်းက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးကပြောပါတယ်။

အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ဝန်းကျင်ရှိတဲ့ စိန်ရောင်ခြည်စစ်ရှောင်စခန်းမှာ အခုလက်ရှိ ကလေးငယ်တွေ အပါအဝင် ရာသီတုပ်ကွေးဖြစ်ပွါးသူ ၆၀ ဝန်းကျင်အထိရှိနေတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ Karenni Hope မှ ကိုလွှမ်းကပြောပါတယ်။

“အကူညီတောင်းလာတာတွေ ရှိတယ်၊ ကျွန်တော်ရောက်သွားတာက ညနေပိုင်းလည်းဖြစ်တော့ အေးတဲ့အကြောင်းပြောနေရင်း အေးလာတဲ့အတွက် စောင်တွေနဲ့ အနွေးထည်တွေရှိရင် သူတို့ကန့်ကို သတိရပေးပါဦး ဆိုပြီး ပြောလာတယ်ဗျ” လို့ စစ်ရှောင်တွေကို ကူပေးနေတဲ့ Karenni Hope က ကိုလွှမ်းက ပြောပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ စိန်ရောင်ခြည်စခန်း အပါအဝင် စစ်ရှောင်စခန်းပေါင်း ၁၄၀ ကျော်အထိရှိနေပြီး စစ်ရှောင်စခန်းတခုကို လူဦးရေ ၁၃၀ ကျော်၊ ၅၀၀ ကျော်မှ ၁၀၀၀ ကျော်နေထိုင်တဲ့ စစ်ရှောင်စခန်းတွေလည်း ရှိနေပါတယ်။

အလားတူ တခြားစစ်ရှောင်စခန်းတွေမှာလည်း အနွေးထည်လိုအပ်နေကြောင်း အကူညီတောင်းခံတာတွေ ရှိနေပြီး စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေက စစ်ရှောင်ကာလ ၃ နှစ်ကျော်နေပြီး နေရပ်ပြန်နေထိုင်နိုင်သူ အနည်းငယ်ပဲရှိနေကာ စားနပ်ရိက္ခာ၊ အသုံးအဆောင်၊ ဆေးဝါး၊ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

CJ-004
#MekongNews
#စစ်ရှောင်စခန်း
#ဆေးဝါးနဲ့
#စောင်၊အနွေးထည်လိုအပ်
#စိန်ရောင်ခြည်
#ဒီမော့ဆိုးအနောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now