မဲခေါင်၊ နိုဝင်ဘာ ၁၅
မီးပုံပျံပျက်ကျမှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှာ ဟိုတယ်တစ်ခု ဒီနေ့နိုဝင်ဘာလ ၁၅ ရက်၊ ညပိုင်းမှာ မီးအကြီးအကျယ် လောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျည်းစင်ရွာက Inle Princess Resort မီးပုံးပျံ ပျက်ကျရာကနေ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဟိုတယ်တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“မီးကတော့ ငြိမ်းသွားပြီ။ ဟိုတယ်တစ်ခုလုံးကတော့ ဘာမှရစရာမကျန်တော့ဘူး။ ကုန်သလောက်ဖြစ်သွားတယ်။ မီးပုံးပျံပြုတ်ကျလာ၊ ချက်ချင်းဝိုင်းငြိမ်းပေမယ့် လူနည်းတော့ မနိုင်ဘူး။ မီးကအရမ်းကြီးတော့ အနားကိုလည်း ဘယ်သူမှမကပ်နိုင်သေးတော့ သေချာမသိရသေးဘူး။ သိရတာနဲ့ ပြန်ပြောပေးပါမယ်”လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာတော့ မီးငြိမ်းသွားပြီဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်အသေးစိတ်နဲ့ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိ မရှိ အခြေအနေ၊ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားမှု အခြေအနေတွေကို မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲဖြစ်ပါတယ်။
CJ – 003
#MeKongNews
#အင်းလေး
#InlePrincessHotel
#မီးပုံးပျံ
#မီးလောင်












