ဒေသတွင်းသတင်း

လားရှိုးမှာ စစ်ကောင်စီသတင်းပေးလို့ ယူဆရသူတွေကို MNDAA ဖမ်းဆီးစစ်ဆေး

မဲခေါင် 12 Nov - 2024
လားရှိုးမှာ စစ်ကောင်စီသတင်းပေးလို့ ယူဆရသူတွေကို MNDAA ဖမ်းဆီးစစ်ဆေး မဲခေါင်၊ နိုဝင်ဘာ ၁၂ ရှမ်းမြောက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီ သတင်းပေးသူတွေကို ဖမ်းဆီးစစ်ဆေးရုံမျှသာ ဖြစ်တယ်လို့ တာဝန်ရှိသူက FB လူမှုကွန်ရက်မှာ ရှင်းလင်းချက်ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်း စစ်ကောင်စီထံ သတင်းပေးသူတွေကို MNDAAကဖမ်းဆီးကာ သေဒဏ်ပေးတဲ့အထိ အရေးယူကြောင်း FBလူမှုကွန်ရက်မှာရေးသားနေကြတာတွေနဲ့ ပါတ်သက်ပြီး ဒီနေ့မနက်(နိုဝင်ဘာ၁၂)မှာပဲ ရုပ်သံဖိုင်နဲ့တကွ အခုလို ပြန်လည်ရှင်းချက်ထုတ်တာဖြစ်ပါတယ်။ ဖမ်းခဲ့တဲ့ ၂၆ ဦးထဲမှာ လုပ်ငန်းရှင်တချို့လည်းပါဝင်ပြီး အပြစ်မရှိကြောင်းထင်ရှားသူကိုပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ရှင်းလင်းချက်မှာဖေါ်ပြထားပေမယ့် အပြစ်ရှိကြောင်းထင်ရှားသူကို ဘယ်ပုံဘယ်နည်းအရေးယူမယ်ဆိုတာကိုတော့ ဖေါ်ပြထားတာမရှိပါဘူး။ ဖြစ်စဉ်အကြမ်းဖျဉ်းဖေါ်ပြချက်မှာ လားရှိုးမြို့တွင်းမှာ ဖုန်းလိုင်းမမိတာကြောင့် ဖုန်းလိုင်းမိတဲ့မြို့ပြင်ကိုထွက်ပြီး ဖုန်းပြောသူတစ်ဦးကို MNDAA ကအောက်တိုဘာ ၂၆ ရက်မှာဖမ်းဆီးစစ်ဆေးတဲ့အခါ

လားရှိုးမှာ စစ်ကောင်စီသတင်းပေးလို့ ယူဆရသူတွေကို MNDAA ဖမ်းဆီးစစ်ဆေး

မဲခေါင်၊ နိုဝင်ဘာ ၁၂

ရှမ်းမြောက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီ သတင်းပေးသူတွေကို ဖမ်းဆီးစစ်ဆေးရုံမျှသာ ဖြစ်တယ်လို့ တာဝန်ရှိသူက FB လူမှုကွန်ရက်မှာ ရှင်းလင်းချက်ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်း စစ်ကောင်စီထံ သတင်းပေးသူတွေကို MNDAAကဖမ်းဆီးကာ သေဒဏ်ပေးတဲ့အထိ အရေးယူကြောင်း FBလူမှုကွန်ရက်မှာရေးသားနေကြတာတွေနဲ့ ပါတ်သက်ပြီး ဒီနေ့မနက်(နိုဝင်ဘာ၁၂)မှာပဲ ရုပ်သံဖိုင်နဲ့တကွ အခုလို ပြန်လည်ရှင်းချက်ထုတ်တာဖြစ်ပါတယ်။

ဖမ်းခဲ့တဲ့ ၂၆ ဦးထဲမှာ လုပ်ငန်းရှင်တချို့လည်းပါဝင်ပြီး အပြစ်မရှိကြောင်းထင်ရှားသူကိုပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ရှင်းလင်းချက်မှာဖေါ်ပြထားပေမယ့် အပြစ်ရှိကြောင်းထင်ရှားသူကို ဘယ်ပုံဘယ်နည်းအရေးယူမယ်ဆိုတာကိုတော့ ဖေါ်ပြထားတာမရှိပါဘူး။

ဖြစ်စဉ်အကြမ်းဖျဉ်းဖေါ်ပြချက်မှာ လားရှိုးမြို့တွင်းမှာ ဖုန်းလိုင်းမမိတာကြောင့် ဖုန်းလိုင်းမိတဲ့မြို့ပြင်ကိုထွက်ပြီး ဖုန်းပြောသူတစ်ဦးကို MNDAA ကအောက်တိုဘာ ၂၆ ရက်မှာဖမ်းဆီးစစ်ဆေးတဲ့အခါ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ ဖုန်းပြောထားတာတွေ၊ စာပို့ထားတာတွေကို တွေ့ရှိခဲ့ပါတယ်၊ ဖုန်းကိုထောင့်ပေါင်းစုံ စစ်ဆေးတဲ့အခါမှာ စစ်ကောင်စီသတင်းပေးသူဖြစ်ကြောင်း MNDAAအတည်ပြုလိုက်ပါတယ်။

ဖမ်းဆီးခံရသူရဲ့ထွက်ဆိုချက်အရ ပြီးခဲ့တဲ့လ အောက်တိုဘာ ၂၇ ရက်မှာ လူ၂၀ ဦးနဲ့ အောက်တိုဘာ ၂၈ ရက်မှာလူ ခြောက်ဦး၊ စုစုပေါင်း ထွက်ဆိုချက်အရဖမ်းဆီးခဲ့ ၂၆ဦးကို ထပ်မံဖမ်းဆီးစစ်ဆေးပါတယ်။ အဲ့ဒီ ၂၆ ဦးထဲမှာ တချို့တွေကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ မှားယွင်းသတင်းပေးခဲ့တာလို့ ကနဦးဖမ်းမိသူကိုယ်တိုင် ဝန်ခံထွက်ဆိုတာလို့ဖေါ်ပြထားပါတယ်။

လက်ရှိ လားရှိုးအဝင်အထွက်အခြေအနေနဲ့ပါတ်သက်ပြီး မန္တလေး- လားရှိုးလိုင်းကားဆရာက” တစ်ဦးကလည်း’ လိုင်းပြေးဆွဲခွင့်နဲ့ နေထိုင်ခွင့်ကပ်တွေ သိန္နီကိုးကန့်ရုံးမှာ ကျပ်နှစ်သောင်းနဲ့လုပ်ရတာပဲရှိတယ်။ အေးအေးဆေးဆေးပါပဲ” လို့ ပြောပါတယ်။

လက်ရှိ လားရှိုးအခြေအနေကို ထောင်ဖောက်ပြေးတဲ့ စစ်သုံ့ပန်းတွေကြောင့် စစ်ဆေးမှု တင်းကြပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒေသခံတွေဆီကတော့ လေယာဥ်ဗုံးလာကြဲမှာ ကြောက်နေရတာကလွဲလို့ ပုံမှန်အတိုင်း ရှိနေတယ်လို့ပြောပါတယ်။

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now