မဲခေါင်၊ နိုဝင်ဘာ ၁၁
ထိုင်းနိုင်ငံ ပြည်ပခရီးသွား စည်ကားရာ ဆူရတ်ဌာနီခရိုင် ကော့စမွေကျွန်းမှာ ထိုင်းအစိုးရ တင်းကျပ်စွာ တားဆီးထားတဲ့ အလှပြင်လုပ်ငန်းကို တရားမဝင် ခိုးဝင်လုပ်ဆောင်နေမှုနဲ့ မြန်မာနိုင်ငံသား ၅ ယောက်ကို နိုဝင်ဘာ ၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြလာပါတယ်။
ပြည်ပခရီးသွားများအတွက် ရဲတပ်ဖွဲ့ဟာ အလှပြင်ဆိုင်ဖွင့်လှစ်ပြီး အလှပြင်ခြင်းနဲ့ လက်သည်းခြေသည်း အလှ ဆင်လုပ်ငန်းလုပ်ပေးနေသူ မြန်မာ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ တရားမဝင်ခိုးဝင် ရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးအရေးယူမှု စီမံချက် တစ်စိတ် တစ်ပိုင်းအဖြစ် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
ထိုင်းအစိုးရဟာ လုပ်ငန်း ၂၅ မျိုးကို ထိုင်းနိုင်ငံသားတွေသာ သီးသန့် လုပ်ကိုင်ခွင့်ပြုပြီး ရွှေ့ပြောင်းလုပ်သားတွေက ထိုင်းလူမျိုး အလုပ်အကိုင်အခွင့်အလမ်းတွေကို လုယူလုပ်ကိုင်နေမှုအပေါ် ပြင်းပြင်းထန်ထန် တားမြစ် ဖမ်ဆီးနေခဲ့တာဖြစ်ပါတယ်။
အခုဖမ်းဆီးတဲ့ ၅ ယောက်စလုံးဟာလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာ သူတွေဖြစ်ပြီး စာရွက်စာတမ်းအထောက်အထားမရှိသူတွေလို့ ဆိုပါတယ်။
ဒီစီမံချက်အရ ဇွန် ၅ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့အတွင်း ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင် နေကြသူ နိုင်ငံခြားသား ၂၀၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref: bangkokpost
MKF-001
#MeKongNews
#ကော့စမွေ
#အလှပြင်
#လုပ်ငန်း
#တရားမဝင်
#ဖမ်းခံရ








