မဲခေါင်၊ နိုဝင်ဘာ ၈
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ဗျူဟာအမှတ် (၈) မှ ပြုလုပ်တဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂ ရက်က ကရင်နီပြည်ရှိ လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီ မွမ်းမံသင်တန်းကို စစ်ဗျူဟာအမှတ်(၈) လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြတဲ့ တပ်ရင်းအမှတ် ၂၂၊ ၂၃၊ ၂၄၊ ၂၉ နဲ့ ၃၀ စတဲ့ တပ်ရင်းအသီးသီးရှိ သင်တန်းသား/သူ ဦးရေ (၁၀၀)ကျော် တတ်ရောက် အောင်မြင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
KNDF စစ်ဗျူဟာ အမှတ်(၈) ဟာ ဖွဲ့စည်းထားခြင်းမကြာသေးသော်လည်း မွမ်းမံ သင်တန်းကို အပတ်စဥ် (၅) အထိပြုလုပ်နိုင်ခဲ့ပါတယ်။
#MekongNews
















