နေ့စဥ်သတင်း

ဒေသတွင်းမှာ ရေကြီးမြေပြိုမှုထပ်ဖြစ်နိုင်

မဲခေါင် 7 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၇ နိုဝင်ဘာ ၆ ရက်ကတည်းက တိုင်းနဲ့ပြည်နယ်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် ရှမ်းတောင်မှာ နောက်ဆက်တွဲ အနေနဲ့ တောင်ပြိုမှု၊ မြေပြိုမှုနဲ့ ရေကြီးမှုတွေပါ ထပ်ဖြစ်နိုင်လို့ သတိထားဖို့လိုတယ်လို့ မိုးလေဝဿပညာရှင် ဦးဝင်းနိုင်ကသတိပေးထားပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်နေပေါ်တဲ့ လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပါတယ်။ ရွာသွန်းမိုးကြောင့် ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်က ရေကြီးရေလျှံကာ လမ်းတချို့ရေတိုက်စား ပျက်စီးခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ အင်းလေး၊ ဘန်းယဉ်၊ ကျိုင်းတောင်း၊ မောက်မယ် စတဲ့ဒေသတွေမှာ မိုးရေချိန် ၃ လက်မ အထက် ရွာသွန်းနိုင်ပြီး ရေကြီး မြေပြိုဖြစ်ခဲ့တဲ့ ဒေသတွေမှာ အခုလ

မဲခေါင်၊ နိုဝင်ဘာ ၇

နိုဝင်ဘာ ၆ ရက်ကတည်းက တိုင်းနဲ့ပြည်နယ်မှာ မိုးဆက်တိုက်ရွာနေတာကြောင့် ရှမ်းတောင်မှာ နောက်ဆက်တွဲ အနေနဲ့ တောင်ပြိုမှု၊ မြေပြိုမှုနဲ့ ရေကြီးမှုတွေပါ ထပ်ဖြစ်နိုင်လို့ သတိထားဖို့လိုတယ်လို့ မိုးလေဝဿပညာရှင် ဦးဝင်းနိုင်ကသတိပေးထားပါတယ်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်နေပေါ်တဲ့ လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပါတယ်။ ရွာသွန်းမိုးကြောင့် ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်က ရေကြီးရေလျှံကာ လမ်းတချို့ရေတိုက်စား ပျက်စီးခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ အင်းလေး၊ ဘန်းယဉ်၊ ကျိုင်းတောင်း၊ မောက်မယ် စတဲ့ဒေသတွေမှာ မိုးရေချိန် ၃ လက်မ အထက် ရွာသွန်းနိုင်ပြီး ရေကြီး မြေပြိုဖြစ်ခဲ့တဲ့ ဒေသတွေမှာ အခုလ နိုဝင်ဘာ ၆ ရက် ကနေ ၈ ရက်အထိ မိုးများနိုင်တာကြောင့် မြေပြို၊ တောင်ပြို၊ တောင်ကျရေရုတ်တရက်ကျဆင်းတဲ့ သဘာဝဘေးတွေ ထပ်မံဖြစ်လာနိုင်မှာကို သတိပြုသင့်တယ်လို့ ဆ်ိုပါတယ်။

ပြီးခဲ့တဲ့လက ရေဘေးဒဏ်သင့်ခဲ့တဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ဝန်းကျင်မှာ မိုးရေချိန် ၃ဒဿမ၇၂ လက်မ နဲ့အထက် ရွာနိုင်တာကြောင့် ဒီ ၃ ရက်မှာ အထူးသတိထားသင့်တယ်လို့ သိရပါတယ်။

အင်းလေးဒေသမှာလည်း မနေ့ကစပြီး ရွာတဲ့မိုးကြောင့် ဒီမနက်မှာ ရေမျက်နှာပြင် သုံးလက်မလောက် ထပ်မံမြင့်တက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းလေးမှာ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းနောက်ဆက်တွဲ မိုးရွာသွန်းမှုကြောင့် စံချိန်တင်ရေတက်ခဲ့ပြီး ၄၄၅ရွာ ရှိတဲ့အနက် ၁၇၁ ရွာ တစ်လခန့်အိမ်ခြေအားလုံးနီးပါး ရေမြုပ်ခဲ့ပါသေးတယ်။

အဲ့ဒီ ရေမြုပ်မှုဖြစ်စဉ်ကြောင့် အိမ်ဟောင်းတချို့ဆွေးမြည့်ခဲ့ရပြီး ဒီ နိုဝင်ဘာလ ၂ ရက်နေ့ညက လေပြင်းတိုက်ခတ်စဉ် ရွာသာကျေးရွာအုပ်စု၊ ကံလှကျေးရွာနဲ့ ကုနုရွာတို့မှာ အိမ်ခြေ ၂၀ ခန့် ရေထဲပြိုကျ၊ အမိုးလန်ပျက်စီးပြီး အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် အဆိုးရွားဆုံး မြေပြိုမှုဖြစ်စဉ်အနေနဲ့ ကလောမြို့နယ်၊ လွန်းထိုးကျေးရွာအုပ်စုမှာ စာသင်ကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၂၀၀ ကျော် ရွာလုံးကျွတ်မြေမြုပ်ခဲ့ပြီး အခုချိန်ထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးပါဘူး။ ဒေသခံ ၁၀၀ ခန့်သေဆုံးခဲ့​ရပါတယ်။

အခုလေဖိအားနည်းဖြစ်စဉ်ကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းက လေဖိအားနည်းရပ်ဝန်း ကြောင့်ဖြစ်ပြီး မိုးကြီးနေတဲ့ ဒေသတွေကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်း စတဲ့ ဒေသကြီး လေးခုဖြစ်ပါတယ်။

အဲ့ဒီထဲကမှ ရှမ်းပြည်တောင်ပိုင်းဟာ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် မြေပြိုမှု၊ တောင်ကျရေကြောင့် မြေပြိုမှုတွေဖြစ်ခဲ့တာကြောင့် ထပ်ဖြစ်မယ့် အန္တရာယ်ကြုံတွေ့လာနိုင်လို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။

ဓါတ်ပုံညွှန်း (၁) – အင်းလေး၊ ရွာသာကျေးရွာအတွင်း နိူဝင်ဘာ ၂ ရက်က လေပြင်းကြောင့် အိမ်များပျက်စီးခဲ့ပုံ။
ဓါတ်ပုံညွှန်း (၂) – တောင်ကျရေကြောင့် မြေပြိုကျပြီး ရွာလုံးကျွတ် မြေမြုပ်ခဲ့တဲ့ ကလောမြို့နယ်၊ လွန်းထိုးကျေးရွာ
ဓါတ်ပုံညွှန်း (၃) – နိုဝင်ဘာ ၇ ရက်နေ့မနက် မောက်မယ်မြို့

CJ001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now