နေ့စဥ်သတင်း

တိုက်ပွဲဖြစ်လို့ ပြည်သူတွေစစ်ရှောင်နေရချိန် ကျန်ခဲ့တဲ့လယ်တွေကို PNO က စက်နဲ့ရိတ်ခြွေယူနေ

မဲခေါင် 4 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၄ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO က အင်အားသုံးစစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲပြင်းထန်လို့ ပင်လောင်း-ဖယ်ခုံနယ်စပ်က ပြည်သူတွေ စစ်ဘေးရှောင်နေရချိန်မှာ ကျန်ခဲ့တဲ့ လယ်တွေထဲက စပါးတွေကို PNO က စက်တွေနဲ့ ရိတ်ခြွေယူနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပင်လောင်းမြို့နယ် ဟိုဝိုးရှမ်းရွာ၊ ဗန်းမောက် ဆောင်လန်ဖက်တစ်ကြောက ပြည်သူတွေစိုက်ထားတဲ့ စပါးခင်းတွေကို ရိတ်ချွေစက်လေးစီးနဲ့ ရိတ်ခြွေယူပြီး ပင်လောင်းလမ်းအတိုင်း ကားတွေနဲ့တင် ဆောင်သယ်ယူသွားတယ်လို့ ဒေသခံလယ်သမားတွေထံက သိရပါတယ်။ “အဲစက်တစ်စီးက တစ်ရက်ကို ၁၀ ဧက အထိ ရိတ်နိုင်တယ်။ ဒီနေ့အထိ ၄ ရက်ရှိပြီ။ လယ်သမားတွေလာရင် သေနတ်နဲ့ပစ်၊ ဗုံးနဲ့ကြဲတော့ ဘယ်သူမှ မရိတ်ရဲဘူး။ ပူချယ်ရွာက လယ်တဲကို

မဲခေါင်၊ နိုဝင်ဘာ ၄

စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO က အင်အားသုံးစစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲပြင်းထန်လို့ ပင်လောင်း-ဖယ်ခုံနယ်စပ်က ပြည်သူတွေ စစ်ဘေးရှောင်နေရချိန်မှာ ကျန်ခဲ့တဲ့ လယ်တွေထဲက စပါးတွေကို PNO က စက်တွေနဲ့ ရိတ်ခြွေယူနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပင်လောင်းမြို့နယ် ဟိုဝိုးရှမ်းရွာ၊ ဗန်းမောက် ဆောင်လန်ဖက်တစ်ကြောက ပြည်သူတွေစိုက်ထားတဲ့ စပါးခင်းတွေကို ရိတ်ချွေစက်လေးစီးနဲ့ ရိတ်ခြွေယူပြီး ပင်လောင်းလမ်းအတိုင်း ကားတွေနဲ့တင် ဆောင်သယ်ယူသွားတယ်လို့ ဒေသခံလယ်သမားတွေထံက သိရပါတယ်။

“အဲစက်တစ်စီးက တစ်ရက်ကို ၁၀ ဧက အထိ ရိတ်နိုင်တယ်။ ဒီနေ့အထိ ၄ ရက်ရှိပြီ။ လယ်သမားတွေလာရင် သေနတ်နဲ့ပစ်၊ ဗုံးနဲ့ကြဲတော့ ဘယ်သူမှ မရိတ်ရဲဘူး။ ပူချယ်ရွာက လယ်တဲကို ဗုံးကြဲလို့ သေရတာတောင်ခုထိ အလောင်းမကောက်နိုင်သေးဘူး” လယ်သမားတစ်ဦးက ပြောပါတယ်။

ရိတ်ခြွေပြီး လယ်ထဲမှာကျန်ခဲ့တဲ့စပါးတွေကို ပြည်သူတွေပြန်လာသယ်ချိန် PNOက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရိတ်ချွေပြီး ဒီအတိုင်းထားခဲ့ရတာလည်း အတော်များတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပင်လောင်းမြို့နယ်တောင်ဘက်က လွယ်ဝွန်၊ ဗန်းမောက်၊ ဟိုဝိုး၊ ဆောင်လန် ၊ ကသဲ၊ လွယ်ပသာ၊ ကုန်းပေါ၊ ကောင်ကြိန်း၊ ကန်တော်၊ နားမွန်း၊ ယာဆပ်ရွာ တစ်ကြောမှာရှိတဲ့ ရွာပေါင်း ၂၀ကျော်က ဒေသခံ ၁၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက စပြီး တိုက်ပွဲတွေဖြစ်လာရင် စစ်ရှောင်လိုက် ရပ်သွားရင် နေရပ်ပြန်လာလိုက် လုပ်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။

အဲဒီဒေသမှာ စပါးစိုက်ဧကထောင်နဲ့ချီရှိပြီး ၃ ပုံ ၁ ပုံလောက်ကိုသာ ပြည်သူတွေအနေနဲ့ ရိတ်သိမ်းနိုင်သေးတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေမှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဒေသခံတွေရဲ့ လယ်တွေ၊ ယာတွေထဲက သီးနှံတွေကို ခူးယူးပြီး ရောင်းစားတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ညောင်ရွှေမြို့နယ်က ပအိုဝ်းလူငယ်တစ်ဦးကလည်း ပြောပါတယ်။

“ညောင်ရွှေ-ဖယ်ခုံ နယ်စပ်က ယာတွေထဲက ပြောင်းတွေကိုလည်း အဲဒီလိုပဲ PNO တွေက ခူးပြီးသယ်သွားတယ်။ ရွာသားတွေက စစ်ရှောင်နေချိန် မရှိတော့ သူတို့စိတ်ကြိုက်ပဲ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှာလည်း ပင်လောင်းမြို့နယ်ထဲက နမ့်ဖာမူအောက်ဖက်ရွာ၊ ဟိုဝိုးရွာ၊ ဆောင်လန်ရွာ၊ ဒေါပေါကလဲရွာတွေကို စစ်ကောင်စီနဲ့ PNO က မီးရှို့လို့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စပါးရိတ်ဖို့လာသူတွေကို သေနတ်နဲ့ပစ်၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေ လုပ်လို့ စပါးမရိတ်နိုင်သေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ရှမ်း-ကရင်နီနယ်စပ်ဖြစ်တဲ့ ပင်လောင်း၊ ဖယ်ခုံ၊ ညောင်ရွှေ၊ ဆီဆိုင် စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလအစပိုင်းက စလို့ အင်အားသုံးထိုးစစ်ဆင်နေတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ တစ်သောင်းကျော်လည်း ဘေးလွတ်ရာကို ရှောင်ရှားနေရတာဖြစ်ပါတယ်။

MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now