ဒေသတွင်းသတင်း

စစ်ကောင်စီကို ထောက်ပံ့ပေးနေတာတွေရပ်ဖို့ Airbus ထံ BMC တောင်းဆို

မဲခေါင် 4 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၄ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အဓိကထောက်ပံ့ပေးနေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့လမ်းခွဲပြီး စစ်ရာဇဝတ်မှုမှာ ရင်းနှီးမြှုပ်နှံနေတာကို ရပ်ဖို့ Airbus ကို တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်နေတယ်လို့ BMC (Blood Money Campaign -သွေးစွန်းငွေဖြတ်တောက်ရေး) အဖွဲ့ထံက သိရပါတယ်။ Airbus ဟာ ဥရောပရဲ့ အကြီးဆုံး လေကြောင်း ကုမ္ပဏီဖြစ်ပြီး ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတွေရဲ့ ရှယ်ယာပါဝင်ထားတဲ့ ကုမ္ပဏီကြီးက တရုတ်အစိုးရပိုင် AVIC ( Aviation Industry Corporation of China ) လေကြောင်းနဲ့ ကာကွယ်ရေးပစ္စည်း

မဲခေါင်၊ နိုဝင်ဘာ ၄

ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အဓိကထောက်ပံ့ပေးနေတဲ့ တရုတ်ကုမ္ပဏီ AVIC နဲ့လမ်းခွဲပြီး စစ်ရာဇဝတ်မှုမှာ ရင်းနှီးမြှုပ်နှံနေတာကို ရပ်ဖို့ Airbus ကို တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်နေတယ်လို့ BMC (Blood Money Campaign -သွေးစွန်းငွေဖြတ်တောက်ရေး) အဖွဲ့ထံက သိရပါတယ်။

Airbus ဟာ ဥရောပရဲ့ အကြီးဆုံး လေကြောင်း ကုမ္ပဏီဖြစ်ပြီး ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတွေရဲ့ ရှယ်ယာပါဝင်ထားတဲ့ ကုမ္ပဏီကြီးက တရုတ်အစိုးရပိုင် AVIC ( Aviation Industry Corporation of China ) လေကြောင်းနဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး တိုက်ခိုက်ရေးလေယာဉ်တွေအပါအဝင် လေကြောင်းလက်နက်တွေကိုပါ ထုတ်လုပ်ကာ မြန်မာစစ်တပ်ကို အကူအညီပေးနေတာဖြစ်လို့ ခုလို ကမ်ပိန်းပြုလုပ်ရတာ ဖြစ်တယ်လို့ BMC ပြင်ပဆက်ဆံရေးတာဝန်ခံက မဲခေါင်ကို ပြောပါတယ်။

BMC ရဲ့ မိတ်ဖက်အဖွဲ့ အင်းလေးဒေသတရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ JMC-Innlayက ဒေါ်ယုလှိုင်သင်းက “စစ်တပ်ဟာ စစ်ဘေးရှောင်ပြည်သူတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦးတွေကိုပါ အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်၊ ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုမြောက်ပါတယ်၊ ဒါကြောင့် စစ်ကောင်စီတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကူညီပံ့ပိုးပေးနေတဲ့ ဘယ်အဖွဲ့မဆို ရပ်တန်းကရပ်ပေးပါ’လို့ ပြောပါတယ်။

စစ်အုပ်စုဟာ AVIC ဆီကနေ FTC-2000G Y-12, K-8 စတဲ့ လေယာဉ်တွေ၊ လေကြောင်းလက်နက်တွေနဲ့ နည်းပညာတွေကိုပါ ရရှိနေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးလို့ ပြန်လာတိုင်းလည်း လိုအပ်တဲ့ ပြုပြင်မှုတွေပါ AVICက ပံ့ပိုး လုပ်ဆောင်ပေးနေလို့ ခုလိုတောင်းဆိုတာ ဖြစ်ပါတယ်။

” AVIC အနေနဲ့ စစ်အုပ်စုကို အခုလို ပံ့ပိုးနေတာတွေ ရပ်ဖို့ဆိုရင် သူ့ရဲ့ နည်းပညာအရရော ရင်းနှီးမြုပ်နှံမူပါ မှီခိုနေရတဲ့ အရေးကြီးဆုံး ရှယ်ယာရှင် AIRBUS ကို ဖိအားပေး တောင်းဆိုမှရပါမယ်၊ Airbus အနေနဲ့ကလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး မြန်မာပြည်က စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်အောင် ပြုလုပ်ပေးရပါမယ်၊ ဒါကြောင့် ကျနော်တို့ ပြည်သူတွေအနေနဲ့က Airbus ကို ဦးတည်တဲ့ ဖိအားပေး တောင်းဆိုမှုတွေ ၊ စစ်အုပ်စုဆီ တိုက်ခိုက်ရေး လေယာဉ်တွေ မရဖို့ ၊ မရောင်းချဖို့လှုပ်ရှားမှုတွေကို ပြုလုပ်နေတာပါ” လို့ BMC ပြင်ပဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၃၅၄၆ကြိမ် ပြုလုပ်ခဲ့တယ်ဆိုတဲ့ ညဏ်လင်းသစ် သုတေသနအချက်အလက်တွေအပေါ်မှီငြမ်းပြီး BMC က ၂၀၂၄ ခုနှစ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေကောက်ယူခဲ့ရာမှာ ၁၀၉၀ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပိုမိုများပြား မြင့်မားလာနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေရပ်တန့်ဖို့အတွက် တရုတ်အစိုးရရဲ့ AVIC က ဂရုစိုက်မှာ မဟုတ်လို့ Airbusကို ပစ်မှတ်ထား လှုပ်ရှားမှုပြုလုပ်ရတာလို့သိရပါတယ်။

BMC အဖွဲ့ဟာ IT လူငယ်တွေအများအပြားနဲ့ ၂၀၂၁ ဧပြီလမှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီက ရရှိနေတဲ့ သွေးစွန်းငွေတွေဖြတ်တောက်ရေးတွေပြုလုပ်နေတာမှာ MOGE၊ Bank တွေက စစ်အုပ်စုကိုအထောက်အပံ့မပြုနိုင်ဖို့ တောင်းဆိုမှုတွေပြုလုပ်နေသလို အခု စစ်ကောင်စီရဲ့အသက်သွေး ကြောဖြစ်တဲ့ Airbus ကမ်ပိန်းကို ပြုလုပ်ရတာလို့သိရပါတယ်။

စစ်အုပ်စုရဲ့ အသက်သွေးကြော လေကြောင်းတိုက်ခိုက်မှုကို ရပ်တန့်နိုင်မယ့် Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ မြန်မာနဲ့ကမ္ဘာ့လူထု ပူးပေါင်းပါဝင်ကြဖို့ နှိုးဆော်နေတယ်လို့သိရပါတယ်။

ဓါတ်ပုံ။ ဝောင်းဆိုမှုပြုလုပ်ပုံတချို့
MK – 012

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now