မဲခေါင်၊ နိုဝင်ဘာ ၁
ရှမ်းတောင်၊ လဲချားမြို့မှာ လားရှိူးကနေ စစ်ရှောင်ပြီးလာငှားနေတဲ့ အိမ်တစ်လုံး မီးလောင်ပြီး ပစ္စည်းတွေ ဆုံးရှူံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၃၁ ရက်နေ့ ၇နာရီ အချိန် လဲချားမြို့ ရပ်ကွက်-၁ က ဒေါနာနူးပိုင်တဲ့အိမ်မှာ လားရှိူး ရပ်ကွက်-၁၁ က စစ်ရှောင်မိသားစုဝင် ၅ ဦး ငှားနေတဲ့အိမ် မီးလောင်သွားလို့ အိမ်ရှင်ရောအိမ်ငှားပါ မည်သည့်ပစ္စည်းတစုံတရာမှ မရကြဘူးလို့သိရပါတယ်။
“ဘာကြောင့်လောင်မှန်းမသိရဘူး၊ မီးသတ်တွေငြိမ်းတာလဲ တစ်အိမ်လုံးကုန်သွားတယ်၊ စစ်ရှောင်တွေရော အိမ်ရှင်ရော စစ်ဘေးအပြင် မီးဘေးသင့်တာလေ ဘာမှမကျန်တော့လို့ ဝိုင်းကူညီကြဖို့ လိုနေတယ်”လို့ လားရှိုး လူမှုကူညီသူတစ်ဦးက ပြောပါတယ်။
လဲချားလူငယ်ပရဟိတအသင်းကလည်း မီးဘေးသင့်မိသားစုတွေအတွက် ငွေစုပြီးကူနေတယ်လို့ သိရပါတယ်။
MK-012









