မဲခေါင်၊ အောက်တိုဘာ ၂၉
ကယန်းအမျိုးသားတပ်မတော် -Kayan National Army ကို အောက်တိုဘာလ ၂၉ ရက်နေ့မှာ တပ်ရင်း ၈ ရင်းနဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ တိုးတက်သော ကရင်နီ အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
ကယန်းအမျိုးသားတပ်မတော် ကို ကယန်းဒေသရှိ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ်အဖြစ် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
KNA က လွိုင်ကော်ဒေသ၊ ဒီးမောဆိုဒေသ၊ မိုးဗြဲဒေသ၊ ဖယ်ခုံဒေသနဲ့ ကယန်းဒေသမှာရှိပြီး ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို တစုတစည်းတည်း ပြန်လည်ပေါင်းစပ်ပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။
KNA ဟာ အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်ထောင်စု အစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် စနစ် အမြတ်ပြတ်ချေမှုန်းရေးအတွက် တခြား တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေနဲ့အတူ လက်တွဲပြီး တိုက်ပွဲ ဝင်သွားမယ်လို့ သိရပါတယ်။
အမျိုးသားရေးရည်ရွယ်ချက်တွေက ကယန်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ အမျိုးသားတနိးတူ ကိုယ်ပိုင်ဖန်တီးခွင့်ရရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်ရေး၊ မူးယစ်ဆေးဝါး ကာကွယ် တားဆီး တိုက်ဖျက်ရေး၊ ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးရေးနဲ့ ပြည်နယ်/လူမျိုး ကို အခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်တယ်လို့ သိရပါတယ်။
KNA ရဲ့ အခြေခံ မူ တွေကတော့ ကယန်းအမျိုသားတပ်မတော် ဖွဲ့စည်းတည်ဆောက်ရေး၊ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တစုတစည်းတည်း ပေါင်းစည်းရေး၊ အဖိနှိပ်ခံ ပြည်သူတွေကို ကာကွယ်ပေးရေး၊ စစ်အာဏာရှင် နဲ့ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး၊ စစ်ရေးမဟာမိတ်တည်ဆောက်ရေး၊ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ကျဥ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ ဆန့်ကျင်ရေး၊ ဒီမိုကရေစီ စနစ်ထွန်းကားရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးတို့ဖြစ်တယ်လို့ သိရပါတယ်။
ကယန်းအမျိုးသားတပ်မတော်ဖွဲ့စည်းတည်ထောင်တာနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
CJ-004













