နေ့စဥ်သတင်း

‘ဝ’ အစိုးရအုပ်ချုပ်တဲ့ ဒေသတွေမှာ ကုန်ပစ္စည်းဈေးတင်ရောင်းရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သတိပေး

မဲခေါင် 28 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၂၈ ‘ဝ’ အစိုးရအုပ်ချုပ်တဲ့ ဒေသတွေဖြစ်တဲ့ ပန်ဆန်း၊ နမ့်တစ်၊ မိုင်းပေါက်၊ ဟိုပန် စတဲ့မြို့နယ်တွေနဲ့ ၁၇၁ စစ်ဒေသတွေမှာ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ‘ဝ’ပြည်နယ်အစိုးရက ထုတ်ပြန်သတိပေးထားပါတယ်။ ‘ဝ’ဒေသ နယ်စပ်ဂိတ်တွေအပါအဝင် မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေမှာ တရုတ်ဘက်က လူသုံးကုန်ပစ္စည်း၊ လောင်စာဆီ၊ အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတင်ပို့မှုတွေ ကန့်သတ်ပြီးနောက် အောက်တိုဘာလ ၂၅ရက်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တရုတ်ဘက်က ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ပိတ်ပင်ပြီးနောက်ပိုင်းမှာ ပြည်သူတချို့က ထိတ်လန့်ပြီး ကုန်ပစ္စည်းတွေအများအပြား ဝယ်ယူလာတာကြောင့် ‘ဝ’ ဒေသတချို့မှာ ကုန်ဈေးနှုန်းမြင့်တက်တာတွေ ဒီရက်ပိုင်း ဖြစ်လာတယ်လို့ ‘ဝ’ပြည်နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ “လူတချို့က လန့်ပြီး ဆန်တွေ၊

မဲခေါင်၊ အောက်တိုဘာ ၂၈

‘ဝ’ အစိုးရအုပ်ချုပ်တဲ့ ဒေသတွေဖြစ်တဲ့ ပန်ဆန်း၊ နမ့်တစ်၊ မိုင်းပေါက်၊ ဟိုပန် စတဲ့မြို့နယ်တွေနဲ့ ၁၇၁ စစ်ဒေသတွေမှာ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ‘ဝ’ပြည်နယ်အစိုးရက ထုတ်ပြန်သတိပေးထားပါတယ်။

‘ဝ’ဒေသ နယ်စပ်ဂိတ်တွေအပါအဝင် မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေမှာ တရုတ်ဘက်က လူသုံးကုန်ပစ္စည်း၊ လောင်စာဆီ၊ အိမ်ဆောက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတင်ပို့မှုတွေ ကန့်သတ်ပြီးနောက် အောက်တိုဘာလ ၂၅ရက်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်ဘက်က ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ပိတ်ပင်ပြီးနောက်ပိုင်းမှာ ပြည်သူတချို့က ထိတ်လန့်ပြီး ကုန်ပစ္စည်းတွေအများအပြား ဝယ်ယူလာတာကြောင့် ‘ဝ’ ဒေသတချို့မှာ ကုန်ဈေးနှုန်းမြင့်တက်တာတွေ ဒီရက်ပိုင်း ဖြစ်လာတယ်လို့ ‘ဝ’ပြည်နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“လူတချို့က လန့်ပြီး ဆန်တွေ၊ ဆီတွေလိုက်ဝယ်တော့ ကုန်ဈေးနှုန်းတက်တာရှိတယ်။ ကိုဗစ်တုန်းကလည်း တစ်ခါဖြစ်ဖူးတယ်” လို့ သူကပြောပါတယ်။

‘ဝ’ အစိုးရရဲ့ ကြေညာချက်ထဲမှာ ကုန်ဈေးနှုန်းတွေကို ဈေးတင်ရောင်းတာ၊ ဈေးကစားတာ၊ ကုန်ဈေးနှုန်းတက်တဲ့သတင်း ဖြန့်ဝေတာ၊ ကုန်ဈေးနှုန်းနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေတာတွေလုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ဖော်ပြထားပြီး ‘ဝ’ဒေသ ခရိုင်အသီးသီးမှာရှိတဲ့ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဌာနကတစ်ဆင့် ဟင်းသီးဟင်းရွက်၊ ဆန်၊ အသား၊ လူသုံးကုန်ပစ္စည်းတွေရဲ့စျေးနှုန်းတွေကို အချိန်နဲ့တပြေးညီ လေ့လာစောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ‘ဝ’ဒေသ တောင်ပိုင်းဖြစ်တဲ့ ၁၇၁ စစ်ဒေသအပေါ်လည်း သက်ရောက်မှုရှိမှာဖြစ်ပြီး ၁၇၁ စစ်ဒေသမှာတော့ ဒေသထွက်ကုန်နဲ့ လူအများစု လုံလောက်ကြတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

‘ဝ’ အစိုးရထိန်းချုပ်တဲ့ ဒေသတစ်ခုဖြစ်တဲ့ ဟိုပန်မှာ လတ်တလော စက်သုံးဆီဈေးနှုန်းမြင့်တက်တာဖြစ်နေပြီး တစ်လီတာကို ၇ယွမ်ကနေ ၁၀ယွမ်အထိဈေးတက်သွားတယ်လို့ ဟိုပန်ဒေသခံတွေထံက သိရပါတယ်။

UWSA ထိန်းချုပ်ထားတဲ့ နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကို ဆောဖားဂိတ်နဲ့ပန်ဆန်းဂိတ်တွေ စစ်ဆေးမှု တင်းကြပ်လာတာကြောင့် ပြည်သူတွေ စားသောက်ကုန် တင်သွင်းရန် ခက်ခဲနေပြီး ဟိုပန်၊ ပန်လုံ၊ ပန်ဝိုင်နဲ့ နမ့်တစ်ဒေသတို့တွင် ကုန်စည်စီးဆင်းမှု နည်းလာနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်သွားရောက်တဲ့ အောက်တိုဘာလ ၁၅ရက်နောက်ပိုင်း တရုတ်ဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် တိုက်ပွဲရပ်ဖို့ဖိအားပေးလာပြီး တရုတ်-မြန်မာနယ်စပ်က ကုန်သွယ်ရေးဂိတ်တချို့ကို ပိတ်ပစ်တာ၊ ကုန်ပစ္စည်းအမျိုးအစားတချို့ တင်သွင်းခွင့်ကန့်သတ်တာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

လက်ရှိမှာ တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေအနက်ပုံမှန်အတိုင်း ကုန်စည် တင်သွင်းခွင့်ပြုဆဲ ဂိတ် ၆ ဂိတ်၊ ကုန်စည်တင်သွင်းခွင့် လုံးဝပိတ်ပင်တဲ့ဂိတ် ၇ ဂိတ်နဲ့ အကန့်အသတ်နဲ့ ကုန်စည်တင်သွင်းခွင့်ပြုထားတဲ့ဂိတ် ၃ ဂိတ်ရှိတယ်လို့ WaNewsLand ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မြန်မာစစ်တပ်နဲ့ ကချင့်တပ်မတော် – KIA တို့ တိုက်ပွဲပြင်းထန်နေချိန်မှာ KIA နယ်မြေနဲ့ ဆက်စပ်တဲ့ ကုန်သွယ်ရေးဂိတ်တချို့ကို တရုတ်ဘက်က ပိတ်ခဲ့ပါသေးတယ်။

ပုံအညွှန်း – ‘ဝ’အစိုးရအုပ်ချုပ်တဲ့ ဟိုပန်မြို့မှာ စက်သုံးဆီဝယ်ယူရန်တန်းစီနေသူတွေကို အောက်တိုဘာလ ၂၄ရက်က တွေ့ရစဉ်

MK – 004, MK – 012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now