မဲခေါင်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စက်သုံးဆီတစ်လီတာကို တစ်သောင်းနီးပါးရှိပြီး စက်သုံးဆီဆိုင်တွေကလည်း ကားတွေကိုပဲ ရောင်းချပေးကာ ဆိုင်ကယ်တွေကိုတော့ ကန့်သတ်နဲ့ရောင်းချပေးပြီး တစ်ချို့ဆိုင်တွေမှာ ဆိုင်ကယ်အတွက် မရောင်းချပေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ တရုတ်တွေက ကုန်တင်သွင်းဖို့ တရုတ်နဲ့ မြန်မာနယ်စပ်ဂိတ်တွေကို တင်သွင်းခွင့်ပိတ်ဆို့ထားတာကြောင့် ရှမ်းမြောက် မူဆယ်နဲ့ နမ့်ခမ်းတွေမှာ စက်သုံးဆီပြတ်တောက်မှု ကြုံနေရတယ်လို့ မူဆယ်ဒေသခံတစ်ဦးကပြောပါတယ်။
“ မနေ့ကဆို စက်သုံးဆီတွေကို လူတွေက အလုယက်နဲ့ဝယ်နေကြတယ်။ ကန့်သတ်နဲ့ ရောင်းချပေးတယ် တစ်ဦးကို ၅ သောင်းနဲ့ရောင်းချတယ်။ ပရဟိကားတွေကိုတော့ လိုသလောက်တော့ ရောင်းချပေးတယ်။ ကျနော်ဒီနေ့ ဆီလိုက်ဖြည့်တာ ဆိုင်ကယ်သမားတွေကတော့ သူတို့မရောင်းပေးဘူး။ ကားသမားတွေကိုပဲ ဦးစားပေးတယ် ” လို့ပြောပါတယ်။
အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့မှာလည်း စက်သုံးဆီပြတ်တောက်မှုရှိပြီး တစ်ချို့ဆိုင်တွေမှာတော့ အကန့်သတ်နဲ့ရောင်းချပြီး ဆိုင်အများစုတွေက ပိတ်ဆို့ထားနေတယ်လို့ သူဆက်ပြောပါတယ်။
ကုန်တင်သွင်းမှု မပိတ်ခင်မှာ စက်သုံးဆီတစ်လီတာ ၄၆၀၀ ကျပ်နဲ့ ရောင်းချပြီး တရုတ်ဘက်က ကုန်တင်သွင်းမှုပိတ်ပြီး ၅ရက်အတွင်း စက်သုံးဆီတစ်လီတာကို ၉၅၀၀ နဲ့ တစ်သောင်းကျော်ထိ ဈေးတက်သွားတယ်လို့ ဆိုပါတယ်။
MK -011








