မဲခေါင်၊ အောက်တိုဘာ ၂၃
ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားခရီးသွားအစည်ကားဆုံးဖြစ်တဲ့ ဘန်ကောက်နဲ့ သု၀ဏ္ဏဘူမိ လေဆိပ်တွေနားတစ်ဝိုက် အုပ်စုဖွဲ့ပြီး ခါးပိုက်နှိုက်ကြတဲ့ ဖိလစ်ပိုင် ခါးပိုက်နှိုက်ဂိုဏ်းအဖွဲ့ဝင် ၉ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆: ၄၀ နာရီမှာ ဝပ်သာနာခရိုင် ဆူခမ်ဗစ်ဆွိုင်အရပ်နား တောင်ကိုရီးယားအမျိုးသားတစ်ယောက်နား အုပ်စုဖွဲ့ပြီး ခါးပိုက်နှိုက်မှုဖြစ်ပွားမှုအပေါ် အဆိုပါ တောင်ကိုရီးယားသားက မကျေမနပ် တိုင်ကြားရာက CCTV မှတ်တမ်းတွေကို စေ့စေ့စပ်လေ့လာစစ်ဆေးပြီး ဘန်ကောက် ဖယာထိုင်းအရပ်မှာ ဟိုတယ်ငှားနေတဲ့ ဖိလစ်ပိုင် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ကို သွားရောက် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုဟာ ဒီလူတွေဟာ ဖိလစ်ပိုင်ကနေ လေယာဉ်နဲ့ လာရောက်ကြပြီး ဘန်ကောက်နဲ့ သု၀ဏ္ဏလေဆိပ် တစ်ဝိုက် နိုင်ငံခြားခရီးသွားတွေကို ပစ်မှတ်ထားလို့ ကြိမ်ဖန်များစွာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကြောင်း ဝန်ခံကာ ရရှိ လာတဲ့ငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အချိုးကျ ခွဲယူပြီး များပြားတဲ့ငွေတွေဆိုရင် ပွဲစားတစ်ယောက်ရဲ့ ဘဏ်စာ ရင်းထဲကို ထည့်လွှဲပြီးမှ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံကို အသွားအပြန်နေထိုင်အလုပ်လုပ်ကိုင်ကြတာလို့ ဝန်ခံသွားကြောင်း သိရှိရပါတယ်။
Ref:Bangkokpost
MKF-001








