နေ့စဥ်သတင်း

ပင်လောင်းမှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရ

မဲခေါင် 17 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၁၇ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ အစပိုင်းကတည်းကနေ ဒီနေ့ (အောက်တိုဘာ ၁၇)အထိ နောင်ဝိုး၊ ပင်စုံ၊ နန်းဖာကျေးရွာတို့မှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာပေါင်း ၁၃ ရွာက စစ်ဘေးရှောင်နေရပြီလို့ ဆိုပါတယ်။ “တချို့က ရှေ့လတွေကတည်းက ရှောင်ကြတာ။ ဒီလထဲ အရေးပေါ်ဖြစ်မှ ရှောင်ကြတာက ပိုများတာပေါ့။ ဒီချိန်က စိုက်ပျိုးရာသီလေ။ တချို့ဆို သီးနှံပေါ်နေပြီ။ ဘယ်သူမှ မခူးနိုင်တော့ဘူး။ သူများမြို့ရွာက ရေကြောင့် ပျက်စီး၊ ဒီမှာလည်း

မဲခေါင်၊ အောက်တိုဘာ ၁၇

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ အစပိုင်းကတည်းကနေ ဒီနေ့ (အောက်တိုဘာ ၁၇)အထိ နောင်ဝိုး၊ ပင်စုံ၊ နန်းဖာကျေးရွာတို့မှာ တိုက်ပွဲပြင်းထန်နေပြီး ကျေးရွာပေါင်း ၁၃ ရွာက စစ်ဘေးရှောင်နေရပြီလို့ ဆိုပါတယ်။

“တချို့က ရှေ့လတွေကတည်းက ရှောင်ကြတာ။ ဒီလထဲ အရေးပေါ်ဖြစ်မှ ရှောင်ကြတာက ပိုများတာပေါ့။ ဒီချိန်က စိုက်ပျိုးရာသီလေ။ တချို့ဆို သီးနှံပေါ်နေပြီ။ ဘယ်သူမှ မခူးနိုင်တော့ဘူး။ သူများမြို့ရွာက ရေကြောင့် ပျက်စီး၊ ဒီမှာလည်း စစ်ကြောင့် ပျက်စီးတယ်။ တောင်ယာမလုပ်နိုင်တော့ ဘာနဲ့ စားကြမလဲ” လို့ နောင်ဝိုးရွာကနေ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဖက်က ဝါးလီနဲ့ တင်းထက်ရွာကြားမှာ အထိုင်ချပြီး ပင်စုံကျေးရွာဘက်ကို လက်နက်ကြီး ပစ်ခတ်နေတဲ့အပြင် တောင်ဗာရွာမှာလည်း စစ်ကောင်စီက တပ်စွဲထားပြီး စံကားကျေးရွာထဲကို လှမ်းထုနေတယ်လို့ သိရပါတယ်။

“၂ ဖက်လုံး အကျအဆုံးများတယ်။ PNO ဖက်က နေဝင်းထွန်းကိုယ်တိုင် ပါလာတယ်။ အနောက်က ကွပ်ကဲနေတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ဝင်လုံးပြီး တက်လာတယ်” လို့ နီးစပ်တဲ့ မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

တံခါးယဉ်၊ လင်းတနား၊ တတောက်ကျေးရွာတို့မှာလည်း စစ်ကောင်စီ ပူးပေါင်းတပ်တွေ တပ်စွဲထားတာကြောင့် စစ်ဘေးမရှောင်ဘဲ ကျန်နေတဲ့ ဒေသခံတချို့က ထမင်းထုပ် ပို့ပေးနေရတယ်လို့ ဆိုပါတယ်။

ပင်လောင်းဒေသခံတွေဟာ အကြိမ်ကြိမ်စစ်ဘေးရှောင်ခဲ့ရတဲ့ ကာလတွေအတွင်း ငွေကြေးအမြောက်အမြား ကုန်ကျခဲ့တာကြောင့် လက်ရှိ အခြေအနေအရ နီးစပ်ရာ တောတောင်နေရာတွေနဲ့ ပင်လောင်းမြို့ပေါ်ကိုသာ တိမ်းရှောင်ကြတယ်လို့ သိရပါတယ်။

လတ်တလော ပင်လောင်းမြို့နယ်အတွင်းမှာ ဖုန်းနဲ့ အင်တာနက် ပြတ်တောက်နေတာကြောင့် စစ်ဘေးရှောင်တွေအတွက် အကူအညီမဲ့နေပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

“လမ်းတွေက အကုန်ပိတ်ထားပြီ။ ပင်လောင်း -တီကျစ်လမ်းဆို တော်တော်ဆိုးတယ်။ နမ့်ဖာမူဘက်ကစပြီး ပိတ်ချလိုက်တာ။ ဆေးတွေရော ကုန်တွေရော ဘာမှမဝင်တော့ဘူး ကြားတယ်” လို့ တီကျစ်ဒေသခံ တစ်ဦးက ပြောပါတယ်။

ပင်လောင်းလမ်း တစ်လျှောက်မှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့အပြင် တောင်ငူဘက်မှာလည်း တံတားကျိုးနေတာကြောင့် ၂ ဆင့်သယ်ယူနေရပြီး ပင်လောင်းနဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now