မဲခေါင်၊ အောက်တိုဘာ ၁၅
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တပ်ဖွဲ့က ဖမ်းဆီးထားမိတဲ့ စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင် ၁၉၁ ကို လူသားချင်းစာနာသောအားဖြင် ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ဒီညမှာထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၅၀၃ နဲ့ ၅၀၄ စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နေစဉ်မှာ ဖမ်းဆီးရမိထားသည့် တပ်မိသားစုဝင်တွေကို TNLA မှ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာသီပေါမြို့ရှိ စစ်ကောင်စီရဲ့ ၅၀၃ တပ်စခန်းကို တအာင်းတပ်ကသိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါတပ်မှာ စစ်ကောင်စီမိသားစုဝင် အိမ်ထောင် ၃၈ရှိပြီး ကျား ၁၁ဦး၊ မ ၄၈ဦး၊ ကလေး ၄၃ ဦး စုစုပေါင်း တပ်မိသားစုဝင် ၁၀၂ကိုဖမ်းဆီးထိန်းထားခဲ့ရပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ ၅၀၄ တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတပ်မှာလည်း အိမ်ထောင်စု ၃၄ စုရှိပြီး ကျား၁၆ ဦး၊ မ ၃၉ ဦး၊ ကလေး ၃၄ ဦးစုစုပေါင်း ၈၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။
ဖမ်းဆီးထားခံရတဲ့ တပ်မိသားစုတွေကို TNLA တပ်ဖွဲ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ၎င်းတို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကား ၄ စီးနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်ကောင်စီလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ ၂၃ တပ်စခန်းအား TNLA မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါမြို့ကို တအာင်းတပ်က အလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်။
MK 11













