မဲခေါင်၊ အောက်တိုဘာ ၁၄
ရှမ်းမြောက် သိန္နီက နမ့်ပေါင်ရွာကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲလို့ လူ ၁ ဦး ဒဏ်ရာရပြီး စာသင်ကျောင်း ၁ ကျောင်း ပျက်စီးတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ စစ်ကောင်စီက လေယာဥ်နဲ့ သိန္နီမြို့နယ်က နမ့်ပေါင် ကျေးရွာကို ဗုံးကြဲလို့ လူ၁ ဦး ညာဖက်လက်မောင်း ထိခိုက် ဒဏ်ရာရပြီး ကျေးရွာစာသင်ကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဗုံးပေါက်ကွဲမှုကြောင့် အနီးနားရှိ မိသားစုမှ မွေးမြူထားသည့် နွားနှစ်ကောင်ကိုလည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်၊ မနက်အစော ၂နာရီခန့်မှာသိန္နီမြို့နယ်၊ ပန်လော့ကျေးရွာ အုပ်စု၊ မန်ချက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာဒဏ်ရာ ၅ ဦး ရခဲ့ပြီး နေအိမ်အချို့နဲ့ကားတွေ ပျက်စီးခဲ့သေးကြောင်း သိရပါတယ်။
စစ်ကောင်စီဟာ သူစစ်ရှုံးပြီး လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေကို တုန့်ပြန်တဲ့အနေနဲ့ မြေပြင်က တိုက်နိုင်စွမ်းမရှိလို့ လေကြောင်းကပဲ တိုက်ခိုက်နေရတာဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်ကနေ အောက်တို ဘာ၆ရက်နေ့အတွင်းရှမ်းမြောက်ကမြို့ရွာတွေက ဒေသခံ ၅၅ ဦးသေဆုံးခဲ့ရပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံ-ပုံဟောင်း
MK-012











