မဲခေါင်၊ အောက်တိုဘာ ၁၄
ရှမ်းမြောက်က သီပေါမြို့ရှိ ခလရ-၂၃ ကို မနေ့ ညနေပိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိသွားတယ်လို့ မြေပြင် သတင်းအရင်းအမြစ်အရ သိရပါတယ်။
သီပေါမြို့မှာ နောက်ဆုံးကျန်နေတဲ့ ခလရ-၂၃ ကျသွားတာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“အလံဖြူထောင်တာလား၊ ခုခံနေတဲ့တပ်တွေ ဆုတ်သွားတာလား၊ ကယ်ထုတ်သွားနိုင်တာလား မသိရဘူး၊အခြေအနေ အသေးစိတ်မေးနေတုန်း ၊ ကျတာတော့ ကြိမ်းသေတယ်၊ တပ်တွေ ဝင်ရှင်းနေလောက်ပြီ” လို့ သတင်းအရင်းအမြစ်က မဲခေါင်ကို ပြောပါတယ်။
ခလရ-၂၃ထဲဲမှာ ခမရ ၅၀၃/၅၀၄ က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဗျူဟာမှူး ၁ ဦးကို ရဟတ်ယာဥ်နဲ့ကယ်ထုတ်နိုင်ဖို့နဲ့ မြေပြင်ဆုတ်လမ်းအတွက် မနေ့က တနေကုန်ဗုံးကြဲနေခဲ့တာလို့ ပြောပါတယ်။
အခြား သီပေါဒေသခံတစ်ဦးကလည်း ခလရ၂၃ တပ်ဆုတ်သွားပြီလို့ တနေ့နဲ့မနေ့ တနေကုန်လေယာဥ်တွေ တစ်မြို့လုံးကို ဗုံးကြဲလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
သီပေါကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ အောက်တိုဘာ၁၃ရက်နေ့အထိ ရက်ပေါင်း ၁၁၁ရက်ရှိခဲ့ကာ သီပေါဟာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးက မူဆယ်မပါ စစ်ကောင်စီထိန်းချုပ်မှု နောက်ဆုံးကျန်ရှိတဲ့မြို့ဖြစ်ကြောင်း သိရပါတယ်။
သီပေါမြို့ တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူ ၃၁ ဦးသေဆုံးကာ ဒဏ်ရာရသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့ သီပေါနယ်စည်းမခြား ပရဟိတအသင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
MK-012










