မဲခေါင်၊ အောက်တိုဘာ ၃
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီနဲ့ TNLA တို့ကြားမှာ တိုက်ပွဲပြန်လည်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်း ခမရ ၅၀၃၊ ၅၀၄ ကို TNLA က နှစ်ပတ်ကြာအောင်တိုက်ယူ သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၂၃ စခန်းတစ်ခုသာ ကျန်ရှိနေပါတယ်လို့ သိရပါတယ်။
ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦးက “တိုက်ပွဲက ပြင်းထန်နေဆဲပါဘဲ။ တိုက်လိုက် နားလိုက် ပစ်လိုက်နဲ့ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့တိုက်ခိုက်နေလို့ပါ “ လို့ပြောပါတယ်။
သီပေါမှာ ဖုန်းလိုင်းတွေပြတ်တောက်ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ဗုံးကြဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်က စစ်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်နေ့ထိ လေကြောင်းနဲ့ဗုံးကြဲတာကြောင့် ကလေးအပါ ၄ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ကဂျက်လေယာဉ်နဲ့ Y-12 လေယာဉ်နဲ့ အသုံးပြုတိုက်ခိုက်တာကြောင့် ပြည်သူနေအိမ်တွေ ပျက်ဆီးမှုတွေရှိခဲ့ပါတယ်။
MK-11










