မဲခေါင်၊ အောက်တိုဘာ ၃
ရှမ်းပြည် (တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ တိုက်ခိုက်ရေးတန်းမြှင့် သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
သင်တန်းဆင်းပွဲမှာ SSLRU ရဲ့ တာဝန်ရှိသူတွေ မဟာမိတ်တပ်ဖွဲ့တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး သင်တန်းကိုတော့ အခြေနေအရ အကျဥ်းချုံးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ရဲဘော်သစ်တွေအတွက် Senior ရဲဘော်တွေက ၃ နှစ်တာကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အမှားတွေနဲ့ ပြင်ဆင်ချက်တွေကို ပြန်လည်ဝေဌပေးတာတွေ၊ စစ်ကောင်စီရဲ့ ထိုးစစ်တွေကလည်း အရင်ကနဲ့မတူဘဲ ပြောင်းလဲလာတဲ့အပေါ် update ပြုလုပ်ဖို့အတွက် သင်တန်းကို ပြုလုပ်ရတာပေါ့နော်”လို့ တပ်ရင်းမှူး ကိုဖိုးခွားက ပြောပါတယ်။
သင်တန်းတလျှောက်မှာ သက်လုံပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဗျူဟာပိုင်းဆိုင်ရာ၊ ချိတ်ဆက်လုပ်ဆောင်မှုဆိုင်ရာ၊ ဆေးပိုင်းဆိုင်ရာတွေနဲ့ တိုက်ခိုက်ရေးပိုင်းဆိုင်ရာ သင်တန်းတွေကို အဆင့်ဆင့်ပို့ချခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာ သင်တန်းသားရဲဘော်တွေရဲ့ သစ္စာအဓိဌာန်ရွတ်ဆိုတာ၊ အလေးပြုတာ၊ တာဝန်ရှိသူတွေနဲ့ မဟာမိတ်တပ်က အကြီးအကဲတွေက အမှာစကားပြောတာ၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်တာတွေ ပါဝင်တယ်လို့သိရပါတယ်။
SSLRU တပ်မှာ လူမျိုးပေါင်းစုံပါဝင်တဲ့ ရှမ်းတောင်ဒေသအခြေစိုက် တပ်ဖွဲ့တခုဖြစ်ပြီး ခုလက်ရှိအချိန်မှာ ကရင်နီက မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့အတူ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
CJ-004
















