မဲခေါင်၊ စက်တင်ဘာ ၂၇
ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဟိုပုံးမြို့မှ မိုးရွာလို့ ရေတွေထပ်တက်လာနေသလို ဖောက်ထွင်းမှုတွေ ရှိလာနေတယ်လို့ သိရပါတယ်။
ယနေ့ စက်တင်ဘာ ၂၇ ရက်မှာ မိုးရက်ဆက်ရွာသွန်းလို့ ရေအမြင့် ၂ပေခန့်တက်လာနေနေသလို ဟိုပုံးမြို့မစျေးဆိုင်တွေ ဖောက် ထွင်းခိုးယူတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ရေက စုပ်မနိုင်ဘူး၊ ဒီမနက်၂ပေလောက်ထပ်တက်လာတယ်၊ရေသန့်လဲပြတ်နေကြပြီ၊ လူတွေစားစရာဖြေရှင်းဖို့ စျေးဆိုင်တွေ ဖောက်ခံနေရတယ်၊ မနေ့က ၂ဆိုင်ထပ်ဖောက်ခံရတယ်၊ ဆန်ဆီအရောင်းဆိုင်ချည့်ပဲ” လို့ ဟိုပုံး ဟိုခိုရပ်က ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
တနေ့ စက်တင်ဘာ ၂၅ ရက်ညက ဟိုပုံးစျေးထဲက ဆန်နဲ့ဆီ၊ ဝတ်စုံရောင်းတဲ့ ဆိုင် ၂ ဆိုင် ဖောက်ခံရတာဖြစ်ပြီး ပအိုဝ်းဝတ်စုံအကောင်းစားတွေ ရွေးယူသွားခံရတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။
လက်ရှိ ဟိုပုံးမှာ တန်းစီပြီးဝယ်စားရတဲ့ စားအုံးဆီ ၁ ပိဿာ ၈၀၀၀ ကျပ်ဖြစ်နေသလို ဆန်စျေးတွေ တက်လာနေပြီး ဟင်းသီးဟင်းရွက်တွေလည်း ရှားပါးစျေးကြီးလာနေတယ်လို့ သိရပါတယ်။
MK-001








