ဆောင်းပါး

တရုတ်ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ ပြင်ဆင်မှုတွေကို အရှိန်အဟုန်မြှင့်မှဖြစ်တော့မယ့် ဩစတြေးလျ

မဲခေါင် 27 Sep - 2024
အင်ဒိုပစ္စိဖိတ်ဒေသမှာ တရုတ်နဲ့ အမေရိကန်တို့ အာဏာအားပြိုင်မှု အပြင်းထန်ဆုံးဖြစ်လာနေခြင်းကြောင့် ဒီဒေသရဲ့ ပင်မတိုက်ကြီးဖြစ်တဲ့ ဩစတြေးလျဟာလည်း အနာဂတ်မှာဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် အခုကတည်း က မဟာဗျူဟာချမှတ်ပြီး ပြင်ဆင်မှုတွေကို အရှိန်အဟုန်မြင့်တင်လုပ်ဆောင်နေရပါပြီ။

လင်းမောင်

အင်ဒိုပစ္စိဖိတ်ဒေသမှာ တရုတ်နဲ့ အမေရိကန်တို့ အာဏာအားပြိုင်မှု အပြင်းထန်ဆုံးဖြစ်လာနေခြင်းကြောင့် ဒီဒေသရဲ့ ပင်မတိုက်ကြီးဖြစ်တဲ့ ဩစတြေးလျဟာလည်း အနာဂတ်မှာဖြစ်လာနိုင်တဲ့ စစ်ပွဲအတွက် အခုကတည်း က မဟာဗျူဟာချမှတ်ပြီး ပြင်ဆင်မှုတွေကို အရှိန်အဟုန်မြင့်တင်လုပ်ဆောင်နေရပါပြီ။ နယ်မြေအာဏာ ပါဝါ အားပြိုင်နေမှုကြောင့် ဩစတြေးလျအနေနဲ့ ရှောင်လွှဲမရနိုင်တဲ့ စစ်ပွဲတစ်ခု ဖြစ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်ကျော် ဖြတ်မလဲဆိုတာကို အခုကတည်းက ဘယ်ကဏ္ဍတွေဟာ အားချင်းပြင်ဆင်လုပ်ဆောင်ရမယ်၊ ဘယ်ကဏ္ဍတွေက ဘယ်အချိန်အကန့်အသတ်အတွင်း အပြီးပြင်ဆင်ရမယ်ဆိုတဲ့ မဟာဗျူဟာကို ခုကတည်းက အကောင်းဆုံး ချမှတ်လုပ်ဆောင်နေရတာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေကို ထပ်ပြီးအရှိန်အဟုန်မြှင့်တင်ဖို့၊ အဟန့် အတားတွေကို ကြိုပြင်ထားဖို့ လိုအပ်တဲ့ ခြေလှမ်းအဆင့်တိုင်းကို တိုင်းတာတွက်ချက် လုပ်ဆောင်လာရတာ ဖြစ်တယ်။

ကာကွယ်ရေးဝန်ကြီးဌာနမှာ အရင် လုပ်ကိုင်ခဲ့ဖူးတဲ့ ပညာရှင်တွေကိုလည်း စစ်အတွင်း အခြေအနေအမျိုးမျိုးမှာ ပံ့ပိုးကူညီဖို့ နိုင်ငံရဲ့ ပုဂ္ဂလိကပိုင် စက်မှုအခြေစိုက်စခန်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကိုပါ စည်းရုံးပြီး လိုအပ်တဲ့ အရာတွေကြိုတင်ပြင်ဆင်ထားဖို့ ခွဲခြမ်းစိတ်ဖြာလုပ်ဆောင်နေပါပြီ။ ဒီကြိုတင်ပြင်ဆင်မှုအတွေ့အကြုံ တွေကနေ တကယ် စစ်ပွဲကာလထဲရောက်လာတဲ့အခါမှာ အစိုးရက ပြည်တွင်းအတွက် အရေးကြီးတဲ့ ကုန်စည်တွေ ထုတ်လုပ်ဖြန့်ဖြူးမှု၊ နိုင်ငံတကာကုန်တင်သင်္ဘောတွေကနေ ဩစတြေးလျအတွက်လိုအပ်တဲ့ ထောက်ပို့ပေးပို့မှုကဏ္ဍတွေမှာပါ မလစ်ဟင်းစေရအောင် စီမံနေကြတာဖြစ်ပါတယ်။ ဘယ်အရာက လွဲမှားနေလဲ။ အကျပ်အတည်းဖြစ်နိုင်တဲ့အခြေအနေတွေက အခက်အခဲတွေက ဘာဖြစ်နိုင်မလဲ။ အားနည်းချက် တွေကို ဖြေရှင်းတဲ့အခါမှာ စစ်မှုလုပ်ငန်းအခြေပြုနဲ့ ပြည်သူ့ကဏ္ဍ ချိန်ညှိနိုင်ရေး ပွင့်ပွင့်လင်းလင်း ဆက်ဆံကြ နိုင်စေးရေးအတွက်ပါ ကြိုတင်တွက်ချက် ပြင်ဆင်ရတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေ ပိုမြင့်တက်လာရာမှာ အသက်ရောက်နိုင်ဆုံး ကုန်စည်က ၃ မျိုးရှိတယ်။ စွမ်းအင်နဲ့ လောင်စာဆီ၊ ဆေးဝါးနဲ့ ကုန်ကြမ်း၊ စမတ်ကိရိရာတွေနဲ့ ဆက်စပ်အစိတ်အပိုင်း ကဏ္ဍ ၃ ရပ်ပါ။ ဒီ ၃ မျိုးက ဩစတြေးလျလူမှုအဖွဲ့အစည်း နေ့စဉ်ဘ၀တွေအတွက် မရှိမဖြစ်တွေလည်းဖြစ်တယ်။ လက်ရှိမှာ ဩစတြေးလျ ဟာ ဒီကုန်ပစ္စည်တွေကို ပြည်တွင်းမှာတင် လုံလောက်အောင် မထုတ်လုပ်နိုင်သေးပါဘူး။ ပဋိပက္ခဖြစ်လာရင် ထောက်ပံ့ရေးဆိုင်ရာလမ်းကြောင်း အနှောင့်အယှက်တွေမှာ ခံနိုင်ရည်ရှိဖို့လည်း လိုအပ်နေပါသေးတယ်။ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ သူတို့နိုင်ငံဟာ ရက်ပေါင်း 90 ကြာ သန့်စင်ပြီး လောင်စာအလုံအလောက် ထိန်းသိမ်းထားဖို့ တာဝန်ရှိပေမယ့် လက်တွေ့မှာ ဒီလိုအပ်ချက်ကို ဘယ်တုန်းကမှ မဖြည့်ဆည်းနိုင်သေးဘူး။

ပြည်တွင်းထုတ် သန့်စင်ပြီးလောင်စာဆီ ထုတ်လုပ်မှုပိုင်းလည်း လျော့ကျနေတယ်။ လုံလောက်တဲ့ အရန်ဆီ သိုလှောင်ထားရှိနိုင်စွမ်းလည်း မရှိသေးဘူး။ မကြာသေးခင်က တရားဝင်မထုတ်ပြန်တဲ့ စွမ်းအင်ကဏ္ဍအစီရင် ခံစာမှာကို ပြည်ပက လောင်စာဆီတင်သွင်းခြင်းမပြုလုပ်နိုင်ရင် နိုင်ငံတွင်းရှိထားတဲ့လောင်စာဆီဟာ ရက်ပိုင်း၊ ရက်သတ္တပတ်အနည်းငယ်ပိုင်းအတွင်း ကုန်ခမ်းပြတ်တောက်သွားမယ်လို့ ဆိုထားတယ်။ ကုန်လမ်းပို့ဆောင်ရေး ပိုင်း အခက်ကြုံတာနဲ့ စူပါမားကတ်တွေမှာ ပြည်သူတွေရဲ့ အခြေခံလူသုံးကုန်၊ စားသုံးကုန်တွေ ပြတ်တောက်လာ မယ်။ လောင်စာ မရှိလို့ လေကြောင်းလိုင်းတွေပြိုလဲရင် မရှိမဖြစ်လိုအပ်တဲ့ လက်လီလုပ်ငန်းတွေနဲ့ ကိုယ်ပိုင်ယာဉ်သွားလာမှု အများစု ရပ်ဆိုင်းသွားဖွယ်ရှိပါတယ်။ ကုန်လမ်းပို့ဆောင်ရေး၊ အရေးပေါ်ဝန်ဆောင်မှု ကအစ စစ်ရေးမှာပါ လောင်စာမရှိလို့ကို မဖြစ်တာပါ။ ဩစတြေးလျမှာ ကုန်းတွင်းပိုင်းလောင်စာဆီ ထုတ်လုပ် သန့်စင်နိုင်စွမ်းနည်းပါးတယ်။ ဒါဆိုရင် အင်ဒို-ပစ္စိဖိတ် ပဋိပက္ခကြီးထွားလို့ ဆက်သွယ် ရေးပိုင်း ပြတ်တောက်မှုခဏမှာတင် ဩစတြေးလျနိုင်ငံဟာ ဒုက္ခဘေး ရောက်နိုင်ပါတယ်။

နောက်တစ်ချက်ဖြစ်တဲ့မရှိမဖြစ် ဆေးဝါးထုတ်လုပ်သုံးစွဲမှု ကဏ္ဍကြည့်တော့ ဩစတြေးလျဟာ ဆေးဝါးထုတ် ကုန် ၉၀ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းနေရတဲ့ နိုင်ငံဖြစ်တယ်။ တရုတ်ဆီကနေ အဓိက တင်သွင်းတယ်။ ပေကျင်းနဲ့ ဝါရှင်တန်အကြား ပဋိပက္ခ ဖြစ်တည်လာခြင်းနောက်ဆက်တွဲအဖြစ် ဆေးဝါးနဲ့ ထုတ်လုပ်မှုရင်းမြစ် တွေ တရုတ်ဆီက မတင်သွင်းနိုင်တော့ရင် ပြည်တွင်း တစ်ပိုင်တစ်နိုင် ဆေးဝါးထုတ်လုပ်မှုနဲ့ ရပ်တည်လို့ မရနိုင် ပြန်ဘူး။ အမြောက်အများထုတ်လုပ်ဖို့ အခြေခံအဆောက်အအုံတွေ၊ နည်းပညရှင်တွေအားလုံး ရှိပေမယ့် အလုံးအရင်းထုတ်ဖို့နဲ့ ကုန်ကြမ်းရဖို့မှာတော့ အချိန်တော်တော်ယူပြင်ဆင်ထားနိုင်ဖို့ လိုနေပါသေးတယ်။ ဆေးဝါး ထောက်ပံ့မှု မလုံလောက်ရင် နိုင်ငံသားတွေရဲ့ သက်သာချောင်ချိမှုအပေါ် ဆိုးရွားစွာသက်ရောက်ပြီး အထိတ်တလန်တွေဖြစ်လာမယ်။ ပြည်ပတင်သွင်းကုန်တွေကို အဓိက အားကိုးနေရာမှာ အထူးသဖြင့် တရုတ်ကို အားကိုးနေရတဲ့ ဩစတြေးလျအနေနဲ့ ဒစ်ဂျစ်တယ်ကိရိယာတွေနဲ့ အစိတ်အပိုင်းတွေ မရနိုင်တော့ဘူးဆိုရင် လည်း နိုင်ငံသားတွေရဲ့ ရှင်သန်နေထိုင်မှု ပုံစံ ပြောင်းလဲသွားမှာဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ စက်မှုလုပ်ငန်းစနစ်အားလုံးနီးပါးမှာ စမတ်ကိရိယာတွေ ထည့်သွင်းလုပ်ဆောင်တယ်။ အစားအစာထုတ်လုပ်မှု၊ စွန့်ပစ်မှုစီမံခန့်ခွဲရေး၊ ရေအသုံးချမှု၊ ကုန်စည်ပို့ဆောင်ရေး၊ ခရီးသွားပို့ဆောင်ရေး၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍအားလုံး စမတ်ကိရိယာတွေနဲ့ စီမံခန့်ခွဲတာဖြစ်တယ်။ ဒါကြောင့် တရုတ်နဲ့ အမေရိကန်ကြား ပါဝါအားပြိုင်မှုကနေ နည်းပညာထောက်ပံ့မှုကွင်းဆက် ကြာရှည်ပြတ်တောက်ခဲ့ရင် နိုင်ငံ စီးပွားရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ ဆိုးရွားစွာ ထိခိုက်စေမှာပါ။ အရေးပါတဲ့ စမတ်ကိရိယာအစိတ်အပိုင်းတွေကို လဲလှယ်နိုင်ခြင်းလည်းမရှိ update လုပ်နိုင်ခြင်းလည်း မစွမ်းသာသေးတာ ကြောင့် ဒီကဏ္ဍကိုလည်း ပြည်ပတင်သွင်းမှုအားမကိုးဘဲ ကိုယ်ထူကိုယ်ထ တီထွင်ထုတ်လုပ်သုံးစွဲနိုင်ဖို့က အကန့်အသတ်ရှိနေတယ်။ တစ်ပိုင်းလျှပ်ကူးကိရိယာ (semiconductors) တွေ၊ ပြန်လည်အသုံးပြုနိုင်တဲ့ လျှပ်စစ်ပစ္စည်းတွေ နိုင်ငံတွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက်လည်း ရေရှည်စီမံကိန်းနဲ့ လုပ်ဆောင် နိုင်ဖို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

ဒီလို အားနည်းချက်တွေ အချက်ပေးခေါင်းလောင်းသံ ညံနေချိန်မှာ ဩစတြေးလျရဲ့ ပယ်လယ်ရေကြောင်း ခရီးသွားလာနိုင်မှုက အချက်အချာကျလွန်းနေပါတယ်။ ထိုင်ဝမ် ဒါမှမဟုတ် တောင်တရုတ်ပင်လယ်မှာ စစ်ပွဲ များဖြစ်ခဲ့ရင်တော့ ကိုဗစ်ကာလ ဒုက္ခထက်ဆိုးတဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းသွားလာမှုအခက်အခဲကြီးဒဏ် အများဆုံးခံရမှာဖြစ်ပါတယ်။ ကိုဗစ်ကာလတုန်းက ဩစတြေးလျဟာ နိုင်ငံတကာရေကြောင်းလိုင်း၊ လေကြောင်းလိုင်းတွေ အားကိုးနိုင်စွမ်းလျော့ပါးသွားပေမယ့် အရေးကြီးတဲ့ စျေကွက်တွေကို ထိန်းညှိပြီး ဖြေ ရှင်းကျော်ဖြတ်နိုင်စွမ်းရှိခဲ့ပါတယ်။ ဒီထက် ပိုမိုရှုပ်ထွေးတဲ့ တရုတ်နဲ့ အမေရိကန်အရေးမှာ စစ်ပွဲများဖြစ်ခဲ့ရင် ဩစတြေးလျနိုင်ငံ အများသားအဆင့် ကြိုတင်ပြင်ဆင်ထားနိုင်စွမ်းက မေးခွန်းထုတ်စရာ ဖြစ်လာဦးမှာပါ။ ကာလအပိုင်းအကြားကလည်း ဘယ်လောက်ကြာရှည်အောင် သက်ရောက်စေမလဲ မမှန်းဆနိုင်လို့ ကပ်ဘေး ကို ဘယ်လိုရင်ဆိုင်ရမယ်၊ နိုင်ငံတကာ သင်္ဘောတင်ပို့ဆောင်ရေးကဏ္ဍကို ဘယ်လို အကာအကွယ်ယူထားရမယ် ဆိုတာတွေအထူးအာရုံစိုက် ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လိုအပ်နေပါတယ်။

ဒီလိုပြင်ဆင်နိုင်စွမ်းတွေကလည်း လက်ရှိ အချိန်မှာ လုပ်နေပေမယ့် နောက်တောင်ကျနေပြီလို့ နိုင်ငံ ပြည်ထဲရေးညွှန်ကြားရေးမှူးဟောင်း မိုက်ကယ် ပက်ဇယ်လိုက သတိပေးပြောကြားခဲ့ပါတယ်။

ဒီလို မဖြစ်မနေကြုံလာရနိုင်တဲ့ စစ်ရေးနောက်ဆက်တွဲဆိုးကျိုးတွေကို ဖြေရှင်းနိုင်ရေး အစိုးရဟာ ပထမဆုံး စစ်ပွဲကာလ ရက် ၉၀ ပစ်မှတ်ထားတဲ့ အမျိုးသားစည်းရုံးရေး အစီအစဉ်ကို စက်မှုဆိုင်ရာ ပါတနာတွေနဲ့ ပူး ပေါင်း ပြင်ဆင်လုပ်ဆောင်နိုင်ကြဖို့ လုပ်သင့်ပါတယ်။ ဒါမှလည်း စစ် ဒါမမဟုတ် တခြားသော ကပ်ဘေး အန္တရာယ်တွေ ကြုံလာချိန်မှာ ဩစတြေးလျ နိုင်ငံတော် ဆက်လက်ရှင်သန်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အရေး အပါဆုံးသော ကဏ္ဍ ၃ ရပ်(လောင်စာ၊ ဆေးဝါးနဲ့ စမတ် ကိရိယာများ)မှာ လိုအပ်တဲ့ ထုတ်ကုန်တွေကို အစုလိုက်အပုံလိုက် သိုလှောင်ထားရှိနိုင်အောင် အထူးတွန်းအားပေး လုပ်ဆောင်စေနိုင်မှ ဖြစ်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ စစ်ဘေး ဒါမှမဟုတ် တခြား ကပ်ဘေးကြုံတဲ့အခါ နိုင်ငံတကာ အကူအညီကို စောင့်ဆိုင်းမယ်လို့ တွေးဆရင် ပဋိပက္ခကာလဘယ်လောက်ရှည်ပြီးမှ လာမှန်းမသိရတဲ့ အကူအညီကို အသေခံစောင့်သလို ဖြစ်သွား ပါလိမ့်မယ်။ အရှေ့တောင်အာရှရေကြောင်းလိုင်းကနေ ဝေးလံလှတဲ့ တရုတ်နိုင်ငံက ထုတ်ကုန်တွေကိုပဲ အားထား အသုံးပြုနေရတာမျိုးဟာ တကယ် အကျပ်အတည်းကာလရောက်လာရင် ရရှိနိုင်ဖို့ မဖြစ်နိုင်တာကြောင့်‌ ဩစတြေးလျဟာ တရုတ်ထုတ်ကုန်တွေကို အားမကိုးတော့ဘဲ ရပ်တည်နိုင်အောင် တည်ဆောက်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

ဒီ စီမံကိန်းကြီးအတွက်လည်း အမျိုးသား စည်းရုံးရေး အစီအစဉ် နဲ့ စက်မှုဆိုင်ရာကဏ္ဍတွေက အရေးအပါဆုံး ကဏ္ဍတွေဖြစ်နေတယ်။ ဓနသဟာရနိုင်ငံတွေပါဝင်လာမယ့် စစ်ပွဲ မျိုးတွေမှာ ကြားဝင်လာမယ့် ခန့်မှန်းမရနိုင်တဲ့ လုံခြုံရေးအခြေအနေတွေကလည်း ရှိလာဦးမှာသေချာတာ ကြောင့် လက်ရှိ ဩစတြေးလျ စီးပွားရေးလုပ်ငန်းစဉ်တွေဟာ ဒီအရေးကို ကြိုုမတွေးဆ၊ မျက်ကွယ်ပြုထားရင် ဒုက္ခကြုံချိန်မှ အန္တှရာယ်အချက်ပေးခေါင်းလောင်းသံ ထိုးလည်း အစိုးရအနေနဲ့ ဘာမှ တတ်နိုင်တော့မှာ မဟုတ် ပါဘူး။ ယုံကြည်ရတဲ့ ကိုယ့်ကိုယ်ပိုင်စျေးကွက်ဖြစ်အောင် တိုးမြှင့်ထုတ်လုပ်နိုင်စွမ်းတွေ ပြည့်စုံလာမှပဲ ဒီအန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာ ဩစတြေးလျ မူဝါဒချမှတ်သူတွေကြား တရုတ်ကို ဆန့်ကျင်ခဲ့ရင် အရေးအကြီးဆုံး ထောက်ပံ့အကူ အညီယူမှုတွေ မရတော့မှာ၊ တရုတ်ရဲ့ ရက်စက်ကြမ်းတမ်းလာနိုင်မှုတွေကို စိုးရွံ့ထိတ်လန့်ကောင်း ထိတ်လန့် နေကြပါလိမ့်မယ်။ ဆန့်ကျင်ခံရမှာကလည်း သေချာပါတယ်။ တရုတ်ဘက်က သူတို့စီးပွားရေး ပိုမိုတိုးတက်လာ ဖို့ပဲ အမြဲတွေးဆကြံစည်တဲ့ နိုင်ငံဖြစ်လို့ ဩစတြေးလျအတွက် အဓိက ထောက်ပံ့ပစ္စည်းတွေကို ပိတ်ပင် ဖြတ် တောက်လိုက်ရင် ပိုပြီးတောင် ဆိုးရွားသွားပါလိမ့်မယ်။

ဒါကြောင့် ဩစတြေးလျ အစိုးရအနေနဲ့ အကောင်းဆုံး ကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်ဖို့ သမ္မသတိရှိရှိနဲ့ ပြင်ဆင်ပြီး တရုတ်မပါဘဲ ရပ်တည် နိုင်အောင် တရုတ်ထုံးကိုပဲ နှလုံးမှုလို့ ကိုယ့်ပြည်တွင်းထုတ်ကုန်ကိုသာ အားထားနိုင်ရေး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ် မကျေမနပ်ဖြစ်မှာ စိုးရိမ်လည်း စစ်ပွဲကာလ ပထမရက် ၉၀ စီမံကိန်းကို ချမှတ် ပြီး ပြင်ဆင်မှုတွေကို အစွမ်းကုန် မြှင့်တင်ရမှာပါ။ စစ်ရေးမှာ ဩစတြေးလျက အဆိုးရွားဆုံး သက်ရောက်ရာ အရပ်ဖြစ်လို့ ရန်သူ မလိုချင်၊ တစ်နိုင်ငံတည်း ထီးထီးရပ်တည်၊ ကြားနေအဖြစ်ပဲ ရပ်တည်မယ်ဆိုလည်း လွတ် မြောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် တရုတ်ကို အားမကိုးဘဲ ဆန့်ကျင်နိုင်အောင် ကိုယ်တိုင်ပြင်ဆင်ခြင်း၊ စစ်ရေး ကြုံလာရင် မဟာမိတ်နိုင်ငံတွေ အကူအညီရအောင် ပေါက်သင်းထားခြင်းတွေနဲ့ သည်းခံမှုမူဝါဒ နှလုံးမမူတော့ ဘဲ ရဲရင့်စွာ ပြင်ဆင်ထားဖို့သာရှိပါကြောင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now