မဲခေါင်၊ စက်တင်ဘာ ၂၄
ပြီးခဲ့တဲ့ လလယ်ပိုင်းက ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးရေလျံ မြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ စက်တင်ဘာ ၂၄ ရက်နေ့မနက်မှာလည်း မြစ်ရေလျှံလို့ ထပ်မံ ရေကြီးမှုဖြစ်ပွားနေပါတယ်။
ဘန်ချန်းခမ်းဒေသမှာ မြစ်ရေဟာ ၅၀ စင်တီမီတာကျော် လျှံတဲ့အတွက် စတိုးဆိုင်များစွာ၊ လမ်းဘေး စျေးဆိုင် များစွာထဲ ရေဝင်ပြီး မြို့သားတွေဟာ သူတို့ ပစ္စည်းတွေ ဆုံးရှုံးမှုသက်သာစေဖို့ သဲအိတ်တွေခင်းပြီး ရေတားဖို့ ကြိုးစားနေကြပါတယ်။
ချင်းမိုင်မြို့တော်ဝန် နီရတ်ပေါင်ဆစ်သာဝန်က လက်ရှိမှာ အာဏာပိုင်တွေဟာ မြစ်ရေလျံမှုနဲ့ ရေစီးရေလာ ကောင်းစေဖို့ မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ရေစုပ်စက်များစွာ အသင့်ပြင်လို့ ရေလမ်းလွှဲမှုတွေပါ လုပ် ဆောင်နေကြောင်း ထုတ်ပြန်သွားပါတယ်။
Ref: borneobulletin
MKF-001















