မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းမြောက်က သီပေါမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက အပြင်းအထန် ဗုံးကြဲနေတယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်ကျန်တပ် ခလရ ၂၃၊ခမရ ၅၀၃၊ ၅၀၄ တို့ကို TNLA က ထိုးစစ်ဆင်နေလို့ စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲချနေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။
စစ်ကောင်စီဟာ သီပေါကို မနေ့ညပိုင်း ၈း၅၀နဲ့ ၈း၅၈ အချိန်တွေမှာ ဂျက်ဖိုက်တာ Y130နဲ့ Y12 တွေနဲ့ပါ အသုံးပြုပြီး ဗုံးလာကြဲတာရှိပြီး ထိခိုက်မှုရှိ ၊ မရှိကို ဖုန်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေလို့ အသေးစိတ် မသိရသေးပါဘူး။
သီပေါကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ရက်ကလဲ ဗုံးကြဲလို့ ကုန်စုံရွာက ပြည်သူ့အိမ်အချို့ ပျက်စီးခဲ့သေးတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ သီပေါကို လက်မလွှတ်ရရေးအတွက် လေကြောင်းအပြင်းအထန်တိုက်ခိုက်နေပြီး နောင်ချိုနဲ့ လားရှိုးတို့ကိုလည်း ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။
MK-012












