မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ စစ်ကောင်စီရဲ့လေယာဥ်၊ အမြောက်နဲ့ သံချပ်ကာယာဥ်တွေ ပြင်ဆင်လှုပ်ရှားနေတယ်လို့ ဒေသခံတွေထဲက သိရပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းမှာ ကျိုင်းတုံပြီးရင် အဓိကကျတဲ့ စကခ ဌာနချုပ် ၂ ခုထဲက မိုင်းဆတ် စကခ ၁၄ ရှိတဲ့ မိုင်းဆတ်မှာ ဒီရက်ပိုင်းအတွင်း ညအချိန် စစ်လေယာဥ် ပျံသန်းမှုတွေ၊ အမြောက်ပစ်သံတွေနဲ့ သံချပ်ကာယာဥ်တွေလှုပ်ရှားနေတာလို့ မိုင်းဆက်ဒေသခံတစ်ဦးက ပြောပါတယ်။
“ည ၉ နာရီမှာလည်း လေယာဥ်သံကြားတယ်။ အမြောက်သံကတော့ ကျောက်မိုင်းခွဲသံနဲ့ ရောနေတယ်၊ သံချက်ကာ ကားတွေကတော့မောင်းနေတာ တွေ့ရတယ်”လို့ သူက ပြောပါတယ်။
မိုင်းဆတ်မှာ အရပ်ဘက်၊ စစ်ဘက်သုံးလေယာဥ်ကွင်းရှိနေပြီး အမတ ၃၈၃ နဲ့ သတရ ၇၀၀၃ ရှိနေတာလို့ သိရပါတယ်။
မိုင်းတုံဘက်မှာလည်း အမတ ၃၈၆နဲ့ တကရ ၆၀၀၃ တပ်တွေရှိနေပြီး အချို့တင့်ကားတွေ ကျိုင်းတုံမှာ စုဖွဲ့မှု ရှိထားတယ်လို့ CDM အရာရှိ တစ်ဦးက ပြောပါတယ်။
မိုင်းဆတ်မှာ စကခ ၁၄ နဲ့ အမြောက်၊ သံချပ်ကာတပ်တွေအပါ ၁၁ တပ်ရှိပြီး မိုင်းတုံမှာတော့ စစ်ဗျူဟာ၁ခုနဲ့ အမြောက်၊ တင့်ကားနဲ့ နယ်ခြားတပ်အပါ ၉ တပ်ရှိနေတယ်လို့သိရပြီး တပ်အများစုဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းစစ်မျက်နှာတွေမှာ ရှိနေကြပြီးလက်ရှိမှာတော့ ရှမ်းအရှေ့ကိုစစ်ရေးကူးစက်လာမှု မရှိသေးပါဘူး။
UWSA ‘ဝ’ တောင်ပိုင်းမှာတော့ စစ်ဒေသ ၁၇၁ ဌာနချုပ်လက်အောက်မှာ တပ်မဟာ ၂၁၈၊ ၅၁၈၊ ၇၇၂၊ ၇၇၅၊ ၇၇၈တို့ ရှိနေပြီးအင်အား ၁သောင်းကျော်ရှိတယ်လို့ စုံစမ်းသိရပါတယ်။
MK – 012








